6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၂၁၊ ၂၀၁၆
M-Media

fort wane

– အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ရှိ မြန်မာအသိုင်းအ၀ိုင်းအတွက် လိုအပ်နေသော စာကြည့်တိုက်တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့သည်။

အမေရိကန်ရောက် မြန်မာနိုင်ငံသားများအဖွဲ့ (Burmese American Society) စီစဉ်ပေးခဲ့သည့် အဆိုပါစာကြည့်တိုက်ကို ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပြီး ဖို့တ်ဝိန်းရှိ မြန်မာအသိုင်းအ၀ိုင်းအတွက် ပထမဆုံး စာကြည့်တိုက်လည်းဖြစ်သည်။

“ဒီကို မြန်မာတိုင်း လာရောက်နိုင်ပြီး နွေးထွေးလုံခြုံမှုကို ခံစားနိုင်မှာပါ” ဟု BAS ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ Zion Tu Ralhla က ပြောကြားခဲ့ပြီး အမေရိကန်လူ့အဖွဲ့အစည်းအနေဖြင့်လည်း ထိုစာကြည့်တိုက်သို့လာရောက်ကာ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို လော့လာကြည့်ရှုနိုင်မည်ဟု ဆိုသည်။

ဖို့တ်ဝိန်းရှိ မြန်မာနိုင်ငံသားတစ်ချို့က အဆိုပါစာကြည့်တိုက်မှာ မြို့တွင်းရှိ မြန်မာလူ့အဖွဲ့အစည်းအကြား ပို၍ နီးကပ်စေမည်ဟု မျှော်လင့်နေသည်။

“ရိုးရိုးသားသားပြောရရင် ကျွန်က ဖုန်ထဲမှာ မွေးဖွားကြီးပြင်းခဲ့တာရှင့်” ဟု အသက် ၁၁ နှစ်အရွယ်တွင် ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းသို့ ရောက်ရှိပြီးနောက် အမေရိကန်တွင် အခြေချခွင့်ရရှိခဲ့သည့် မရှားအောင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ရသည့် အဓိကအကြောင်းအရင်းများထဲမှ တစ်ခုမှာ ပညာရေးဖြစ်ပြီး အမေရိကန်တွင်မူ ပညာသင်ယူရေးမှာ ပိုမိုလွယ်ကူသည်ဟု သူမက ဆိုသည်။

“(မြန်မာနိုင်ငံမှာဆိုရင်) ကျွန်မတို့ စောစောထရတယ်။ ကျောင်းက တောင်ပေါ်မှာဆိုတော့ ခြေလျင်တက်ရတယ်။ မိုးရွာနေရင်လည်း ဒီအတိုင်းသွားရပါတယ်။ ကျောင်းကားလို အကြိုအပို့ယာဉ်တွေ မရှိပါဘူး”

လက်ရှိတွင် ရှားအောင်မှာ တက္ကသိုလ်တက်နေပြီး အချိန်ပိုင်းအလုပ် ၂ ခုကိုလည်း လုပ်ကိုင်နေလေသည်။

မြန်မာဒုက္ခသည်များမှာ အမေရိကန်သို့ တစ်ဖွဲဖွဲရောက်ရှိလာကြပြီး ရှားအောင်၏ အလုပ်တစ်ခုက မြန်မာလူနာများ များပြားလာသည့် မြို့တွင်းဆေးရုံတစ်ခုတွင် စကားပြန်လုပ်ရခြင်းဖြစ်သည်။

“မြန်မာနိုင်ငံသားတွေက များလာပြီး စကားပြန်က မလောက်ပါဘူး” ဟု သူမက ဆိုသည်။

လက်ရှိ ဖို့တ်ဝိန်းတွင် ပထထမဆုံး ဖွင့်လှစ်ထားသည့် မြန်မာစာကြည့်တိုက်က ရှားအောင်နှင့် မိတ်ဆွေများ၏ ကြိုးစားအားထုတ်မှု ရလဒ်ဖြစ်ပြီး သူမက စာကြည့်တိုက် အတွင်းရေးမှူးအဖြစ် တာဝန်ယူထားလေသည်။

“လူမျိုး၊ ဘာသာ၊ အသားအရောင်၊ ယဉ်ကျေးမှု မခွဲထားဘဲ ဘယ်သူမဆို လာလို့ရပါတယ်။ ကျွန်မတို့ မြန်မာအသိုင်းအ၀ိုင်းကို ပိုပြီးတောင့်တင်းစေဖို့၊ အကျိုးပြုနိုင်စေဖို့ ဆယ်သွယ်ဆောင်ရွက်ရာနေရာလေး ဖြစ်စေချင်ပါတယ်” ဟု ရှားအောင်က ထပ်လောင်းပြောကြားခဲ့သည်။

အဆိုပါ စာကြည့်တိုက်တွင် အင်္ဂလိပ်နှင့် မြန်မာစာအုပ်ပေါင်း ၅၀၀ ခန့်ရှိနေပြီး လက်ရှိတွင် စတေနာ့ဝန်ထမ်း အခက်အခဲကြောင့် စနေ၊ တနင်္ဂနွေနေ့များတွင်သာ ဖွင့်လှစ်သွားမည်ဖြစ်သည်။

Ref : wane.com

Leave a Reply