ဇွန် ၂၆၊ ၂၀၁၆
M-Media
– ဒုတိအကြိမ်မြောက် ပြန်ပြည့်ဖြိုးမြဲစွမ်းနဲ့ စွမ်းအင်လုံလောက်မှုဆိုင်ရာ စီမံကိန်းအတွက် ဥရောပသမဂ္ဂနဲ့ သဘောတူညီချက်တစ်ခုကို ဂျော်ဒန်နိုင်ငံက မကြာခင် လက်မှတ်ရေးထိုးတော့မှာဖြစ်ပြီး အဲဒီအစဉ်အတွက် ထပ်တိုးဘက်ဂျက် ယူရို သန်း ၉၀ ကိုလည်း ထည့်ဝင်သွားမယ်လို့ ဂျော်ဒန် စွမ်းအင်နဲ့ တွင်းထွက်ရေးရာဝန်ကြီး အီဘရာဟင် ဆအစ်ဖ်က ပြောကြားလိုက်ပါတယ်။
အီးယူက ငွေကြေး မ,တည်ပေးထားတဲ့ ပြန်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ စွမ်းအင်လုံလောက်မှုဆိုင်ရာ အစီအစဉ်အတွက် နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရေး နောက်ဆုံး သုံးသပ်ဆွေးနွေးပွဲဖြစ်တဲ့ ကြာသာပတေးနေ့မှာပြုလုပ်တဲ့ အမ်းအနားမှာ ၀န်ကြီးက ဒီလိုပြောကြားလိုက်တာပါ။
နောက်ပြီး ပြန်ပြည့်ဖြိုးမြဲ စွမ်းအင်စီမံကိန်းဟာ နိုင်ငံစွမ်းအင်ကဏ္ဍရဲ့ မဟာဗျူဟာချမှတ်ထားမှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့လည်း ဆအစ်ဖ်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ဂျော်ဒန်နိုင်ငံရဲ့ ဒေသတွင်းစွမ်းအင်ရင်းမြစ်များ အထူးသဖြင့် စွမ်းအင်ကုန်ကျစရိတ်သက်သာစေမယ့် ပြန်ပြည့်ဖြိုးမြဲစွမ်းအင်ကို တောင့်တင်းခိုင်မာအောင် ပံ့ပိုးပေးတဲ့အတွက် ၀န်ကြီးက ဥရောပသမဂ္ဂကိုလည်း ချီးကျူးခဲ့ပါတယ်။
ဂျော်ဒန်နိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီး အန်ဒရီယာ မတ်တီယို ဖွန်တာနာကလည်း ပြန်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးအတွက် အရေးပါတဲ့ ထောက်ပံ့မှုကိုဖြစ်စေတဲ့ ဒီစီမံကိန်းတွေရဲ့ အရေးပါမှုကို အဓိကထား ပြောကြားခဲ့ပါတယ်။
Ref: IINA
Comments