ဇွန် ၃၀ ၊ ၂၀၁၆
M-Media
သီဟ
.
(၂၉-၆-၂၀၁၆)ရက်နေ့တွင် ဝေါမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာ ကျေးရွာ တည်ငြိမ်မှု ထိန်းသိမ်းရေးပူးပေါင်းအဖွဲ့အား အလွှာပေါင်းစုံမှ ရွာသူရွာသားများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများ ပါဝင်သော (၄၇)ဦးဖြင့် ဖွဲ့စည်းခဲ့ပါတယ်။ အဆိုပါအဖွဲ့တွင် ဒေသခံ အစ္စလာမ်ဘာသာဝင်များ နှင့် ဗုဒ္ဓဘာသာဝင် များပါဝင်ဖွဲ့စည်းခဲ့ခြင်းကြောင်းသိရပါတယ်။
.
ယနေ့ ၃၀-၆-၂၀၁၆ ခုနှစ် မနက် ၁၀ နာရီခွဲတွင် အဆိုပါ ကျေးရွာတည်ငြိမ်မှုထိန်းသိမ်းရေးပူးပေါင်းအဖွဲ့မှ သူရဲသမိန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် အစည်းအဝေးပြုလုပ်ကာ ဝေါမြို့မှာ ပြန်လာမည့် အစ္စလာမ်ဘာသာဝင် ကျောင်းသား/သူ များအား သွားရောက် ကြိုဆိုခေါ်ဆောင်လာရန်နှင့် ပျက်စီးသွားခဲ့သော အစ္စလာမ်ဘာသာရေးအဆောက်အဦအား သန့်ရှင်းပြုလုပ်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြကြောင်း ပဲခူးတိုင်းရဲတပ်ဖွဲ့၏ FB စာမျက်နှာမှ သတင်းထုတ်ပြန်ထားပါတယ်။
.
Info and Photo-Bago Regional Police Force
Comments