6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)
လိုင် ၁၊ ၂၀၁၆
လင်းသက်ဆွေ ရေးသည်။
.Lone Khin and Tayae tamane
NLD ကို ကျွန်တော်တို့ ပြည်သူတွေ မဲပေးခဲ့ကြတာ အန်တီစု တစ်ယောက်ထဲ ကို ချစ်လို့ ယုံကြည်လို့ အားကိုးလို့ မဲပေးခဲ့ကြတာပါ။ ဒါ တကယ့်အမှန်တရား ဆိုတာ ဘယ်သူုငြင်းနိုင်မလဲ။
.
ဒါပေမဲ့ NLD ရဲ့ ပြည်သူ့ကိုယ်စားလှယ်လောင်း ၁၁၀၀ ကျော်ထဲမှာ အစ္စလာမ် ဘာသာဝင် တစ်ယောက် တောင်မပါဝင်ခဲ့ သလို အစိုးရအဖွဲ့အစည်း အဆင့်ဆင့်မှာလဲ ပါဝင်ခွင့်မရခဲ့ဘူး ဆိုတာ တွေ့ရတယ်။
.
ဒါတွေ ဟာ တိုက်ဆိုင်တာမဟုတ်ပဲ တမင် ချန်လှပ်ခဲ့တာ ဆိုတာ သိသာတယ်။ ပါတီ ရဲ့ ရွေးချယ်မှု ပေါ်လစီလဲ ဖြစ်ချင်ဖြစ်မယ်။ ဒီအထိက ပြသနာမရှိဘူး။ အစ္စလာမ်ဘာသာ နဲ့ ပတ်သက်လို့ မဘသ ဘက်က အကဲဆတ်နေတဲ့ အချိန်မှာ ကိုယ့်ဘက်က ကာလံဒေသကြည့်ပြီး အားနည်းချက်နည်းအောင် လုပ်တဲ့ သဘော ဆိုတာ နားလည်ပေးလို့ ရတယ်။
.
လူထုရဲ့ မဲဆန္ဒ ကိုပဲ အားကိုး နေရတဲ့ အခါမှာ လူပိန်းကြိုက်တွေ ပြောရတယ် လုပ်ရတယ်ဆိုတာ ခွင့်လွှတ်နိုင်တယ်။ အများရဲ့ ဆန္ဒ ကို မဆန့်ကျင်ဘူးဆိုတဲ့ မူနဲ့ သွားတာ ကို လက်ခံပါတယ်။
.
ရိုဟင်ဂျာ ပြသနာ ပေါ်လာတဲ့ အခါ ရခိုင်ပြည်နေမွတ်စလင် ဆိုပြီး အာပတ်လွတ်အောင် လုပ်ခဲ့တယ်။ ဒီအထိလဲ ပြသနာ မရှိသေးဘူး။ ရခိုင်မျိုးချစ်တွေ ရဲ့ ဆန့်ကျင်မှု ကို တော့ ခံနေရတာ အမှန်ပဲ။ ခိုးဝင်ဘင်္ဂလီတွေ မို့ ရပ်တည်မပေးနိုင်ဘူး ဆိုတာမျိုး နဲ့ လူထုကို ချွေးသိပ် နိုင်တယ်။
.
ဒါပေမဲ့ အခု ပြည်တွင်းနေ နိုင်ငံသား ဘာသာဝင် လူနည်းစုတွေ တိုက်ခိုက် ခံလာရတဲ့ အပေါ် မှာ NLD အနေနဲ့ သိပ်ပြီး နုတ်ဆိတ်မနေသင့်ဘူးလို့ ထင်တယ်။ အထူးသဖြင့် အန်တီစု အနေနဲ့ ပြတ်သားတဲ့ ရပ်တည်ချက် တစ်ခုခု ကို ဖော်ဆောင်ရမဲ့ အချိန်လို့ မြင်တယ်။ လူများစု က မှားတဲ့ အသိ မှားတဲ့ အမြင်ဖြစ်နေရင်လဲ ဦးဆောင်တဲ့ အစိုးရအနေနဲ့ လူထု ကို အသိပေး ဆုံးမဖို့ လိုပါလိမ့်မယ်။ တကယ်တန်း လစ်ဘရယ်ကျကျ ရပ်တည်တဲ့ အခါမှာ လူအများရဲ့ ငြိုငြင်မှု ကို ခံချင်ခံရနိုင်တယ်။ ထောက်ခံမှု နည်းနည်း ကျချင်ကျနိုင်တယ်။ လူကြိုက်များအောင်လုပ်ချင်ရင် ဇာတ်ကမှာပေါ့လို့ တစ်ခါက ပြောဖူးတာ မှတ်မိတယ်။
.
ဒီအကွက်တွေဟာ အာဏာပြုတ်တွေ နဲ့ ဘာသာရေးလူမျိုး အစွန်းရောက်တွေ က ချောက်တွန်းဖန်တီးနေတယ် ဆိုတာ အားလုံးသိတယ်။ ဒါပေမဲ့ လုံးလုံးကြီး အကြောက်တရား နဲ့ နှုတ်ဆိတ်နေရတာဟာ ကိုယ့်အတွက်ရော တိုင်းပြည်အတွက်ပါ မကောင်းဘူးလို့ မြင်ပါတယ်။ လူထုအကြိုက် ကို လိုက်တာ မဟုတ်ပဲ ဖြစ်သင့်ဖြစ်ထိုက်တဲ့ လမ်း ကို လူထု ကို လိုက်လျှောက်နိုင်အောင် လမ်းပြပေးဖို့လိုပါတယ်။
.
နိုင်ငံသားမှန်ရင် လူမျိုး ဘာသာ မခွဲခြားဘဲ တန်းတူ အကာအကွယ် ပေးဖို့ လိုပါ။ ဟုတ်ကဲ့ ပြည်ထဲရေး က ကိုယ့်လက်ထဲ မှာ မဟုတ်လို့ ဆင်ခြေပေးနိုင်တယ်။ ဒါကို လက်ခံတယ်။ ဒါပေမဲ့ ပြည်ထဲရေး ကိုလဲ NLD ကပဲ တာဝန်ခံရတာမို့ နောက်ဆုံးတော့ ကိုယ့် ခေါင်းပေါ် ချေးစုမှာ ပါပဲ။ ဒါကြောင့် ကမ္ဘာသိအောင် လစ်ဘရယ်ဒီမိုက်ရက်တစ် ဖြစ်တဲ့ ရပ်တည်မှုတစ်ခု အသံတစ်ခု ကို ခိုင်ခိုင်မာမာ ကြားချင်ပါတယ်။
.
ယုံကြည်ခဲ့တဲ့ အတိုင်းဖြစ်မလာရင် လူနည်းစုတွေ က စိတ်ပျက်သွားမှာ အမှန်ပါ။ လူနည်းစုတွေ ပေါင်းလိုက်ရင်လဲ မနည်းလှတာမို့ ဒီလူတွေ ရဲ့ မျှော်လင့်ချက် ယုံကြည်ချက်လေးတွေ ကို တန်ဖိုးထားလေးစားပေးဖို့ လဲ တောင်းဆိုလိုက်ပါတယ်။
.
စာရေးဆရာ လင်းသက်ဆွေ မှာ ဗုဒ်ဓဘာသာဝင်တဦးဖြစ်သည်။
.
စာရေးသူ၏ FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

Leave a Reply