6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၂၊ ၂၀၁၆
M-Media

kerry

– အမေရိကန်ပြည်ထောင်စုက နောက်ဆုံးထုတ်ပြန်လိုက်သည့် လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာတွင် ဥဇဘက်ကစ္စတန်နှင့် မြန်မာနိုင်ငံတို့အပါအ၀င် နိုင်ငံ ၈ နိုင်ငံကို လူကုန်ကူးမှုတိုက်ဖျက်ရေး လုံလောက်သည့် ဆောင်ရွက်မှုမျိုးမရှိသည့် အမည်ပျက်စာရင်းတွင် ထည့်သွင်းခဲ့သည်ဟု သိရသည်။

ကမ္ဘာတစ်ဝှမ်း လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းများကို လေ့လာကာ ရေးသားဖော်ပြထားသည့် အဆိုပါ အစီရင်ခံစာကို ကြာသာပတေးနေ့ညပိုင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အစီရင်ခံစာကို မိတ်ဆက်ခဲ့သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကမူ အစီရင်ခံစာမှာ အချက်အလက်အမှန်များ၊ သတ်မှတ်ထားသည့် စံနှုန်းများကို အခြေခံထားခြင်းဖြစ်ပြီး နိုင်ငံရေးအခြေအနေများ၊ ယခင်ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာများရှိ ဝေဖန်မှုများကို အခြေခံထားခြင်းမဟုတ်ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်က ထုတ်ပြန်သည့် အဆိုပါ အစီရင်ခံစာတွင်မူ မြန်မာနိုင်ငံအား “အဆင့် ၃” စာရင်းတွင် ထည့်သွင်းခြင်းမရှိသောကြောင့် အမေရိကန်အစိုးရမှာ ဝေဖန်ခံခဲ့ရပြီး မြန်မာနိုင်ငံ၏ နှေးကွေးသော ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အားပေးလို၍ ၀ါရှန်တန်မှာ ကျွန်ပြုခံရမှုကို မျက်ကွယ်ပြုခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။

ယခုနှစ်အစီရင်ခံစာတွင် မြန်မာနိုင်ငံမှာ “အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးငယ်များ အဓမ္မလုပ်အားခိုင်းစေခံရသည့် ရင်းမြစ်နိုင်ငံ၊ အမျိုးသမီးများနှင့် ကလေးများ ပြည်တွင်းနှင့် ပြည်ပ နှစ်ခုစလုံးတွင် လိင်ကုန်ကူးခံရမှု ရင်းမြစ်နိုင်ငံ” ဟု သတ်မှတ်ခဲ့သည်။

လူကုန်ကူးမှုတိုက်ဖျက်ရေးတွင် ထိထိရောက်ရောက်ဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့် မြန်မာနှင့် ဥဇဘက်ကစ္စတန်တို့အား ထိုကဲ့သို့ အဆင့်ချခဲ့ခြင်းကို လူ့အခွင့်အရေးအဖွဲ့များက ကြိုဆိုခဲ့ကြသည်။

သို့သော်လည်း ပင်လယ်ပြင်တွင် လူမဆန်သည့်အခြေအနေမျိုးဖြင့် အဓမ္မလုပ်အားခိုင်းစေမှုများရှိသည်ဟု စွပ်စွဲခံရသည့် ငါးဖမ်းလုပ်ငန်းများရှိရာ အရှေ့တောင်အာရှရှိ ၎င်း၏မဟာမိတ်နိုင်ငံများအပေါ် အမေရိကန်၏ ထိထိရောက်ရောက် ဆောင်ရွက်မှုမရှိခြင်းကို ဝေဖန်ခဲ့ကြသည်။

Ref: mmitimes

Leave a Reply