6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၁၆၊ ၂၀၁၆
M-Media

china 5

– ပိုင်နက်အငြင်းပွားမှုတွေရှိနေတဲ့ တောင်တရုတ်ပင်လယ်အတွင်းမှာ ၎င်းရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိပါးစိန်ခေါ်လိုက်တဲ့ နိုင်ငံတကာ ခုံသမာဓိရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် လက်မခံကြောင်း ပြသတဲ့အနေနဲ့ ရွေ့လျား ရေပေါ်နျူဓာတ်အားပေးစက်ရုံတွေကို တရုတ်က ထားရှိသွားနိုင်ချေရှိတယ်လို့  သိရပါတယ်။

“ရေပေါ်နျူစက်ရုံတည်ဆောက်မှုကို တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ ထိရောက်တဲ့ထိန်းချုပ်မှုတွေ ပြုလုပ်ဖို့ အသုံးပြုသွားမှာ ဖြစ်ပါတယ်” လို့ တရုတ်အမျိုးသား နျူကလီးယားပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (CNNC) လူမှုကွန်ရက်စာမျက်နှာမှာ ကြေငြာခဲ့ပါတယ်။

ဆောက်လုပ်မယ့်နေရာတွေကတော့ တောင်တရုတ်ပင်လယ်ရဲ့ ရေချိုရနိုင်တဲ့ နန်ရှာကျွန်းစုရှိ ကျွန်းတွေနဲ့ သန္တာကျောက်တန်းတွေမှာဖြစ်ပြီး အဲဒီနန်ရှာကျွန်းအား တရုတ်နဲ့ ဒေသတွင်းအခြားနိုင်ငံတွေက ပိုင်ဆိုင်ကြောင်း အငြင်းပွားနေတဲ့ ကျွန်းစုလည်းဖြစ်ပါတယ်။

တရုတ်ပင်လယ်ရေကြောင်း လုပ်ငန်းတစ်ခုဖြစ်တဲ့ China Shipbuilding Industry Corporation (CSIC) က အင်ဂျင်နီယာ ဇူဟန်ချိုက တရုတ်နိုင်ငံက ဆောက်လုပ်နေတဲ့ ရေပေါ်နျူဓာတ်အားပေးစက်ရုံပေါင်း ၂၀ လောက်ရှိပေမယ့် ဒီစက်ရုံတွေကို တောင်တရုတ်ပင်လယ်အတွင်းမှာ ထားရှိမှာမဟုတ်ဘဲ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကမ်းလွန်ပင်လယ်ပြင်မှာ ထားရှိမှာဖြစ်တယ်လို့ သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်အငြင်းပွားမှုနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်ရဲ့ တိုင်ကြားမှုကို နိုင်ငံတကာ ခုံသမာဓိရုံးက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကြားနာခဲ့ပြီး ဖိလစ်ပိုင်ကို အနိုင်ပေးခဲ့ပါတယ်။

Ref : Presstv

Leave a Reply