6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၁၉ ၊ ၂၀၁၆

1
ယနေ့ တွင် ကျရောက်သည့် ၆၉ နှစ်မြောက်အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ဘာသာပေါင်းစုံ ဆုတောင်းမှုကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်၌ ယနေ့ မွန်းလွဲ ၃ နာရီခွဲအချိန်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

ဆုတောင်းပွဲသို့   မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်သူ၊ အစ္စလာမ် ဓမ္မဗိမာန်ဦးဆောင်ဆော်သြရေးမှူး အယ်လ်ဟာဂ်ျဦးအေးလွင်၊ ဂျူးဘာသာ ခေါင်းဆောင် ဦးဆယ်မီ၊ ဘဟာအီသာသနာရေးအဖွဲ့ချုပ် အဖွဲ့ဝင် ဦးကြည်ဝင်းနှင့် ရန်ကုန် ကက်သလစ် သာသနာ့ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်ချားလ်စ်ဘို တို့က မေတ်္တာစကား ပြောကြားခြင်းနှင့် ကိုးကွယ်ရာဘာသာများအလိုက် ဆုတောင်းမေတ္တာ ပို့သကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် သာသနာပိုင်ချုပ် စတီဗင် သန်းမြင့်ဦး က တိုက်တွန်းအားပေးစကားပြောကြားပြီး တက်ရောက်လာကြသူများက ဓမ္မဂုဏ်တော်ချီးမွမ်း ကြသည်။

ထို့နောက် သိက္ခာတော်ရ ဆရာ ဦးကျော်ညွန့်က ကောင်းချီးမင်္ဂလာမျှဝေသည်။

ဆုတောင်းပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂိ္ဂုလ်သည် တက်ရောက်လာ ကြသည့် အဖွဲ့များအလိုက် စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ဆုတောင်းပွဲသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ဆွေ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ဖိတ်ကြားထားသည့် ဘာသာပေါင်းစုံမှတာဝန်ရှိသူများ၊ ဧည့်သည်တော်များ တက်ရောက်ကြသည်။

မနက်ပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ခေါင်းဆောင်များဟာ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူး၍ သံဃာတော် ၁၇ ပါးအား နေ့ဆွမ်းဆပ်ကပ် လှူဒါန်းပြီး ကောင်းမှုအစုစုတို့ကို အမျှဝေခြင်း ပြုခဲ့သည်။

13718632_843585719108979_885937639143118355_n

13690848_1249819525037192_7222126857980525763_n13700108_843658322435052_5777833391245210941_n

13754583_843658295768388_8703916835461348685_n

ဓါတ်ပုံ နှင့် သတင်း – Yawainew Inn Ma && Myanmar State Counsellor Office

Leave a Reply