ဇူလိုင် ၂၀၊ ၂၀၁၆
M-Media
– Google အသုံးပြုသူများ၏ အချက်အလက်များကို ကမ္ဘာတစ်ဝှမ်းမှ အစိုးရများ၏ တောင်းဆိုမှုမှာ ၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ၂၉ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု Google က ယမန်နေ့တွင် ထုတ်ပြန်သည့် ပွင့်လင်းမြင်သာမှု အစီရင်ခံစာ (Transparency Report) တွင် ဖော်ပြထားသည်။
Google မှာ အစိုးရများက အသုံးပြုသူများ၏ အချက်အလက်များ တောင်းဆိုမှုကို ၆ လတစ်ကြိမ် ထုတ်ပြန်လေ့ရှိနေပြီး ၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်းတွင် အသုံးပြုသူပေါင်း ၈၁၀၀၀ ကျော်အတွက် အချက်အလက်တောင်းဆိုမှုပေါင်း ၄၀၀၀၀ ကျော် ရှိခဲ့သည်ဟု ဆိုသည်။
၂၀၁၅ ခုနှစ် ပထမနှစ်ဝက်တွင် အကောင့်ပေါင်း ၆၉၀၀၀ အတွက် တောင်းဆိုမှုပေါင်း ၃၅၀၀၀ ခန့်ရှိခဲ့သည်။ ၂၀၁၄ ခုနှစ် ဒုတိယနှစ်ဝက်တွင်မူ အစိုးရများ၏ အချက်အလက်တောင်းဆိုမှုပမာဏမှာ ၃၁၁၄ ကြိမ် ရှိခဲ့ပြီး အကောင့်ပေါင်း ၅၀၀၀၀ နှင့် ပတ်သက်၍ တောင်းဆိုခြင်းဖြစ်သည်။
ထိုကဲ့သို့ အသုံးပြုသူများ၏ အချက်အလက်များကို တောင်းဆိုရာတွင် အမေရိကန်အစိုးရက ဦးဆောင်နေပြီး ပြီးခဲ့သည့်နှစ် ဒုတိယနှစ်ဝက်အတွင်း အကောင့်ပေါင်း ၁၂၄၂၃ အတွက် အချက်အလက်တောင်းခံမှုပေါင်း ၂၇၁၅၇ ကြိမ် ပြုလုပ်ခဲ့သည်။ ဂျာမနီကမူ ၁၁၅၆၂ ကြိမ်ဖြင့် ဒုတိယနေရာတွင် ရှိနေသည်။
Google ကမူ ထိုတောင်းဆိုမှုများမှ ၆၄ ရာခိုင်နှုန်းအတွက် အချက်အလက်ပေးရန် သဘောတူခဲ့ပြီး အမေရိကန်အစိုးရ၏ တောင်းဆိုမှုတွင် ၇၉ ရာခိုင်နှုန်းကို ပေးပို့ခဲ့သည်ဟုဆိုသည်။
Ref: computerworld.com
Comments