ဇူလိုင် ၂၅၊ ၂၀၁၆
M-Media
– ဘောလုံးကစားသမားဘ၀မှ အနားယူပြီးနောက် နည်းပြအဖြစ်ဆောင်ရွက်ရန် စိတ်ကူးရှိနေကာ လက်ရှိတွင်လည်း နည်းပြတစ်ယောက်ဖြစ်ရေး သင်ယူမှုများကို ပြုလုပ်နေသည်ဟု မန်ယူတိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားလိုက်သည်။
အသက် ၃၀ အရွယ် ရှိပြီဖြစ်သည့် ရူနီမှာ ၂၀၀၂ ခုနှစ်က အဲဗာတန်အသင်းနှင့်အတူ ပရီးမီးယားလိဂ်တွင် ပွဲထွက်ခဲ့ပြီး ၎င်း၏ ကလပ်အသင်းကစားသမားဘ၀တစ်လျှောက်တွင် ပွဲပေါင်း ၆၀၀ နီးပါး ကစားခဲ့ပြီးဖြစ်သည်။
ရူနီကမူ ကစားသမားဘ၀မှ အနားယူသော်လည်း ဘောလုံးလောကကို စွန့်ခွာမည်မဟုတ်ဘဲ နည်းပြအဖြစ် ဆက်လက်ရှိနေမည်ဟု ဆိုသည်။
“ဘောလုံးကစားမှု အဆုံးသတ်သွားတဲ့အခါ ကျွန်တော် နည်းပြလုပ်ချင်ပါတယ်။ ဘောလုံးဆိုတာ ကျွန်တော့်ရဲ့ဘ၀ပါ။ လက်ရှိမှာလည်း ကျွန်တော်ဟာ နည်းပြဖြစ်ရေး ကြိုးစားနေပါတယ်။ ဒ့ါကြောင့် ကစားသမားဘ၀ ကုန်ဆုံးချိန်မှာတော့ နည်းပြဘက်ကိုကူးသွားဖို့ မျှော်လင့်ပါတယ်” ဟု ရူနီက ပြောကြားခဲ့သည်။
Ref: Goal
Leave a Reply
You must be logged in to post a comment.