သြဂုတ် ၁၊ ၂၀၁၆
M-Media
– နိုင်ငံရေးသမားများနှင့် ပြည်သူများက ဆန့်ကျင်မှုများရှိနေသော်လည်း မလေးရှားမှာ အငြင်းပွားဖွယ် လုံခြုံရေးဥပဒေတစ်ခုကို ယနေ့တွင် အတည်ပြုလိုက်သည်ဟု သိရသည်။
‘အမျိုးသားလုံခြုံရေးကောင်စီ အက်ဥပဒေ’ ဟု အမည်ပေးထားသည့် အဆိုပါ ဥပဒေကို ပြီးခဲ့သည့်ဒီဇင်ဘာလက ၀န်ကြီးချုပ်နာဂျစ်ရာဇတ် အစိုးရမှ ပါလီမန်တွင် တင်သွင်းခဲ့ခြင်းဖြစ်ပြီး၊ ဝေဖန်ဆန်းစစ်သူများကမူ အဆိုပါ ကြမ်းတမ်းသည့် ဥပဒေမှာ တိုင်းပြည်၏ ဒီမိုကရေစီကို ခြိမ်းခြောက်နေပြီး အစိုးရနှင့် သဘောထားမတူသူများအပေါ် နှိမ်နင်းရေး အသုံးပြုလာနိုင်သည်ဟု ပြောကြားခဲ့သည်။
အဆိုပါဥပဒေက လုံခြုံရေး ခြိမ်းခြောက်မှုရှိနေသည်ဟု ယူဆရသောဒေသတွင် မာရှယ်လောကဲ့သို့ နှိမ်နင်းရေး ဥပဒေများ ထုတ်ပြန်နိုင်သည့် အာဏာကို အစိုးရအားပေးထားပြီး၊ ၀ရမ်းမလိုဘဲ ရှာဖွေဖမ်းဆီးမှု၊ ပိုင်ဆိုင်မှုများ သိမ်းပိုက်မှုနှင့် ဆန္ဒပြမှုများကို ပိတ်ပင်မှုများကို ပြုလုပ်နိုင်မည်ဖြစ်သည်။
ဝန်ကြီးချုပ်နာဂျစ်မှာ နိုင်ငံပိုင်လုပ်ငန်းတစ်ခုနှင့်ပတ်သက်သည့် ဘဏ္ဍာရေးအရှုအရှင်းများတွင် ပါဝင်ခြစားသည်ဟု စွပ်စွဲခံထားရပြီး နှုတ်ထွက်ရန် ဖိအားပေးခံနေရသူဖြစ်သည်။
လေ့လာသူများကမူ ယခု လုံခြုံရေးဥပဒေနှင့် အခြားသော ပြင်းထန်းသည့် ဥပဒေများ ပြဌာန်းမှုမှာ ၀န်ကြီးချုပ်က နိုင်ငံရေးနှင့် တရားရေး စိန်ခေါ်မှုများကို တားဆီးရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
Ref: Aljazeera
Comments