သြဂုတ် ၁၊ ၂၀၁၆
M-Media
– ရီယာ့ဒ်မြို့အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ ဂြိုဟ်တုရုပ်သံလွှင့်ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ Huda TV ဟာ ဂျာမန်ဘာသာစကားနဲ့ ရုပ်သံလိုင်းသစ်ကို စတင်ထုတ်လွှင့်ခဲ့ပြီး အစ္စလာမ်ရဲ့ စစ်မှန်တဲ့ပုံရိပ်ကို ပြသဖို့ဖြစ်တယ်လို့ သိရပါတယ်။
ဂျာမန်စကားပြောဆိုသူဟာ ကမ္ဘာတစ်ဝှမ်းမှာ ၁၄၅သန်းလောက်ရှိနေပြီး၊ Huda ရုပ်သံလိုင်းရဲ့ ဒါရိုက်တာအဖွဲ့ ဥက္ကဌ Hamad Al-Ghammas ကတော့ မွတ်စလင်မဟုတ်သူတွေကြားထဲမှာ အစ္စလာမ်သာသနာဟာ ပုံဖျက်ခံထားရတယ်လို့ ရုပ်သံလိုင်းဖွင့်လှစ်မှု အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
“ဘာသာစကားမတူတဲ့သူတွေကို ဆက်သွယ်ဖို့၊ အစ္စလာမ့်ရဲ့ သရုပ်မှန်ကို သူတို့ကိုပြောပြဖို့အတွက် ဒီကိစ္စက ကျွန်တော်တို့ကို တွန်းအားပေးခဲ့တာ ဖြစ်ပါတယ်”
အဲဒီရုပ်သံလိုင်းသစ်ဟာ ဂျာမန်စကားပြောသူတွေကို အစ္စလာမ်နဲ့ပက်သတ်ပြီး မိတ်ဆက်ဖို့၊ နားလည်မှု လွဲမှားနေတာတွေကို ဖယ်ရှားဖို့၊ အစ္စလာမ့်ရေးရာ ထုံးတမ်းတွေအပေါ် အမြင်မှန်လာစေဖို့၊ အစ္စလာမ့်ယဉ်ကျေးမှု၊ လူသားမျိုးနွယ်တိုးတက်မှုအပေါ် အစ္စလာမ်သာသနာရဲ့ အကူအညီတွေနဲ့ပတ်သက်ပြီး အသိပေးဖို့၊ သာသနာအပေါ် စွပ်စွဲပြောဆိုတာတွေကို ဖြေရှင်းဖို့ ရည်ရွယ်တာဖြစ်ပါတယ်။
Ref : IINA
Leave a Reply
You must be logged in to post a comment.