News @ M-Media

ဆီးရီးယားရှိ အဲလစ်ပိုမြို့တွင် တိုက်ပွဲများ ပြင်းထန်

သြဂုတ် ၁၀၊ ၂၀၁၆
M-Media

alepo

– ဆီးရီးယားနိုင်ငံ အဲလစ်ပိုမြို့အား သိမ်းပိုက်နိုင်ရေး အစိုးရတပ်နှင့် သူပုန်များအကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး ၎င်းတို့သိမ်းယူထားသည့် မြို့အစိတ်အပိုင်းကို အစိုးရတပ်က ပြန်ယူနိုင်ခဲ့သည်ဆိုသည့်သတင်းမှာ မဟုတ်မှန်ဟု သူပုန်များက ပြောကြားခဲ့သည်။

သူပုန်များမှာ ပြီးခဲ့သည့်သီတင်းပတ်အတွင်းက အစိုးရတပ်များ၏ ပိတ်ဆို့ထားမှုကို ဖောက်ထွက်ကာ အဲလစ်ပိုမြို့၏ အနီးအနားပတ်ဝန်းကျင်ဒေသများအား သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ပြီးနောက် တိုက်ပွဲများ ပြင်းထန်လာခြင်းဖြစ်ပြီး အစိုးရတပ်ဖွဲ့ကလည်း လက်လွှတ်ခဲ့ရသည့် နယ်မြေများအား ပြန်လည်သိမ်းပိုက်နိုင်ရေး ကြိုးစားလျက် ရှိနေသည်။

တိုက်ခိုက်မှုများကြောင့် အရပ်သားများ သေဆုံးမှုလည်း ရှိနေပြီး ကုလသမဂ္ဂကမူ အရပ်သားများ ပိတ်မိနေမည်ကို စိုးရိမ်ရသည့် ထိုမြို့အတွင်းသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ၀င်ရောက်ခွင့်ပေးရန် တိုက်တွန်းဆော်သြထားသည်။

၅ နှစ်တာ ကြာမြင့်ခဲ့သည့် ဆီးရီးယားပြည်တွင်စစ်ကြောင့် လူပေါင်း ၂၈၀၀၀၀ ကျော် သေဆုံးခဲ့ပြီး ငြိမ်းချမ်းရေး ကြိုးပမ်းမှုမှာလည်း ယခုအချိန်အထိ မအောင်မြင်သေးပေ။

Ref: Aljazeera

Comments

Leave a Reply