News @ M-Media

ဆန္ဒပြသူများအား အီသီယိုးပီးယားအစိုးရက ပစ်သတ်မှု ကုလရှုတ်ချ

သြဂုတ် ၁၁၊ ၂၀၁၁
M-Media

ethiopia

– အစိုးရ၏ ဒေသဖွံ့ဖြိုးရေးစီမံကိန်းကို မကျေနပ်၍ ဆန္ဒပြသူ ပြည်သူများအား အီသီိုးပီးယား အစိုးရက သတ်ဖြတ်မှုကို ကုလသမ္မက လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ ဖီအစ်ဒ် ရာအဒ် အလ် ဟူစိန်က ရှုတ်ခလိုက်ပြီး ထိုကိစ္စကို စုံစမ်းစစ်ဆေးနိုင်ရေး နိုင်ငံတကာ စူးစမ်းလေ့လာသူများကို ၀င်ရောက်ခွင့်ပေးရန်လည်း တိုက်တွန်းလိုက်သည်။

ယခုနှစ်ဇန်န၀ါရီလက အိုရိုမီယာနှင့် အမ်ဟာရာဒေသများရှိ လယ်ယာမြေများကို အီသီယိုးပီားးအစိုးရက ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် သတ်မှတ်ခဲ့ပြီးကတည်းကစ၍ ထိုဒေသရှိ ပြည်သူများက ဆန့်ကျင်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ အစိုးရက ဆန္ဒပြခေါင်းဆောင်များကို ဖမ်းဆီးခဲ့မှုကြောင့် လူထုအုံကြွမှုမှာ အရှိန်မြင့်လာခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်အဆုံးတွင် ဆန္ဒပြသူများကို အစိုးရတပ်များက နှိမ်နင်းရာအတွင် လူ ၉၀ ခန့်သေဆုံးခဲ့ပြီး အလ်ဟူစိန်ကမူ ထိုကဲ့သို့ အင်အားအလွန်အကျွံသုံးစွဲမှုကို စုံစမ်းစစ်ဆေးရမည်ဖြစ်ပြီး မိမိတို့ရုံးမှာ အီသီယိုးပီးယား အာဏာပိုင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဆန္ဒပြသူများ စတင်အသတ်ခံရသည့် ဇန်န၀ါရီလကတည်းက အီသီယိုးပီးယားအစိုးရမှာ စုံးစမ်းစစ်ဆေးမှု ပြုလုပ်ရန်နှင့် တာဝန်ခံရန်အတွက် စစ်မှန်သည့် ကြိုးစားမှုမျိုး မတွေ့ရသေးဟုလည်း ၎င်းက ထည့်သွင်းပြောကြးခဲ့သည်။

Ref: Aljazeera

Comments

Leave a Reply