6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၁၃၊ ၂၀၁၆
M-Media

(ယဲလ်ဆင်ရေးသားသည်)

naytanyahu

– “အစ္စရေးဝန်ကြီးချုပ်ဖြစ်တဲ့ ကျွန်တော်ဟာ ပါလက်စတိုင်းတွေကို သူ့တို့ရဲ့ ခေါင်းဆောင်တွေ ဂရုစိုက်တာထက် ပိုပြီး ဂရုစိုက်ပါတယ်။ အစ္စရေးဟာ ပါလက်စတိုင်းတွေကို သူတို့ ခေါင်းဆောင်တွေ ဂရုစိုက်တာထက် ပိုပြီး ဂရုစိုက်ပါတယ်”

အထက်ပါမှတ်ချက်ကို အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ကြာသာပတေးနေ့မှာ ပြောကြားခဲ့တာဖြစ်ပြီး ဟားမက်စ်ကို ငွေကြေးထောက်ပံ့ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂါဇာက အကူအညီပေးရေးဝန်ထမ်းတွေကို ဖမ်းဆီးခဲ့တာနဲ့ပတ်သက်လို့ နိုင်ငံတကာက ဝေဖန်မှုကို ပြန်လည် တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။

အစ္စရေးက ပိတ်ဆို့ထားတဲ့ ဂါဇာကမ်းမြှောင်မှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နေတဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP မှာ ၂၀၀၃ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၃၈ နှစ်အရွယ် ၀ါဟစ် ဘော့ရှ်ကို အခုတစ်ပတ်အစောပိုင်းမှာ အစ္စရေးက ဖမ်းဆီးတရားစွဲဆိုလိုက်ပါတယ်။

ဝါဟစ် ဘော့ရှ်ဟာ UNDP ရဲ့ ရင်းမြစ်တွေကို ဟားမက်စ်ရဲ့ ရေတပ်အတွက် ဆိပ်ကမ်းဆောက်လုပ်ရေးမှာ အသုံးပြုခဲ့တယ်လို့ ၀န်ခံခဲ့ကြောင်း အစ္စရေးလုံခြုံရေးရင်းမြစ်တွေက ပြောကြားခဲ့ပြီး အစ္စရေးက ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ပျက်ဆီးသွားတဲ့ ဒေသတွေမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်တဲ့အခါ ဟားမက်စ်အဖွဲ့ဝင်တွေရဲ့ အိမ်တွေကို ဦးစားပေး ဆောက်ပေးဖို့ UNDP တာဝန်ရှိသူတွေကို သွေးဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်ကလည်း ဂါဇာက အမေရိကန်အခြေစိုက် ပရဟိတအဖွဲ့ World Vision အဖွဲ့က အကြီးတန်းမန်နေဂျာဖြစ်သူ မိုဟာမက် အလ်ဟာလာဘီကို ဟားမက်စ်အတွက် ဒေါ်လာသန်းပေါင်းများစွာပေးခဲ့တယ်လို့ စွပ်စွဲကာ အစ္စရေးက တရားစွဲဆိုခဲ့ပါသေးတယ်။

Wolrd Vision ကတော့ သူတို့ဝန်ထမ်း ဒီလိုလုပ်တယ်ဆိုတာ ခိုင်မာတဲ့အထောက်အထားမပြနိုင်သေးဘဲ သူတို့ ဂါဇာမှာ သုံးစွဲခဲ့တဲ့ငွေကြေးနဲ့ အစ္စရေးက ဟားမက်စ်ဆီရောက်တယ်ဆိုတဲ့ ငွေကြေးပမာဏဟာ တော်တော်လေး ကွာခြားနေတယ်လို့ ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်ေးရးမှူး ရောဘတ် ပီပါကတော့ တကယ်လို့ ဒီစွပ်စွဲမှုတွေကို ဥပဒေကြောင်းအရ မှန်မှန်ကန်ကန် သက်သေပြနိုင်ရင်တော့ ဒါဟာ မဖြစ်မနေ ရှုတ်ချရမယ့်ကိစ္စ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ကြောင်သူတော်

၂၀၀၉ ခုနှစ် ၀န်ကြီးချုပ်အာဏာ စရကည်းက နေတန်ယာဟုဟာ ပါလက်စတိုင်းပိုင်နက်တွေမှာ ကျူးကျော်အိမ်ယာတွေ ဆောက်လုပ်တာ၊ နိုင်ငံတကာက သတ်မှတ်ပေးထားတဲ့ ပါလက်စတိုင်းနယ်နမိတ်ကို ငြင်းပယ်တာ၊ ပါလက်စတိုင်းနိုင်ငံ တည်ထောင်ခွင့်ပေးမှာမဟုတ်ဘူးလို့ ပြောကြားတာ စတဲ့လုပ်ရပ်တွေနဲ့ ပါလက်စတိုင်း ပိုင်နက်တွေကို တစ်စတစ်စ သိမ်းယူဖို့ ကြိုးစားလာခဲ့တာဟာ အရင်အစ္စရေးအစိုးရတွေရဲ့ လုပ်ရပ်ထက်ကို ပိုမိုပြင်းထန်လာခဲ့ပါတယ်။

ပါလက်စတိုင်းပြည်သူတွေကိုလည်း သွားလာခွင့်၊ ပညာသင်ကြားခွင့်၊ ဆေးကုသခွင့် ကန့်သတ်ချုပ်ချယ်တာတင် မကသေးဘဲ ပုံစံအမျိုးမျိုးနဲ့ ဖမ်းဆီးချုပ်နှောင်တာ၊ ဂျူးအစွန်းရောက်တွေရဲ့ ပါလက်စတိုင်းတွေအပေါ် တိုက်ခိုက်မှုတွေကို လစ်လျူရှုတာတွေလည်း ပြုလုပ်ခဲ့တာကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ အကြိမ်ကြိမ်သတိပေးမှုကို ခံခဲ့ရသူပါ။

ဂါဇာကမ်းမြှောင်ဒေသကတော့ နေတန်ယာဟုဦးဆောင်တဲ့ အစ္စရေးအစိုးရရဲ့ ရမ်းကားမှုကို ခါးစည်းခံခဲ့ရတဲ့ဒေသ ဖြစ်ခဲ့ပါတယ်။

၂၀၀၇ ခုနှစ်က ဂါဇာကို အနောက်ဖက်ကမ်းနဲ့ ဆက်သွယ်မှု ပိတ်ဆို့ခဲ့ပြီး ဟားမက်စ်က ဒုံးကျည်လွှတ်တယ်ဆိုတာကို အကြောင်းပြကာ မထင်ရင်မထင်သလို ဂါဇာက အဆောက်အဦးတွေကို ဗုံးကြဲတိုက်ခိုက်လေ့ရှိပါတယ်။

ဂါဇာမှာ အစ္စရေးရဲ့ ထင်တိုင်းကြဲမှုကို ထင်ရှားသွားစေခဲ့တာကတော့ ၂၀၁၄ ဇူလိုင် ၈ ရက်နေ့မှာ စတင်ခဲ့တဲ့ ဗုံးကြဲတိုက်ခိုက်မှုပါပဲ။ ဟားမက်စ်က အစ္စရေးဘက်ကို ဒုံးကျည်ပစ်လွှတ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပဲ အစ္စရေးရဲ့ အဲဒီတိုက်ခိုက်မှုဟာ ၇ ပတ်တိတိ ကြာမြင့်ခဲ့ပြီး ပါလက်စတိုင်းပြည်သူ ၂၂၅၁ ဦးသေဆုံးခဲ့ကာ အများစုက ကလေးတွေနဲ့ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။

စာသင်ကျောင်း၊ ဆေးရုံ၊ မသန်စွမ်းကုသရေးစင်တာ အားကစားရုံ စတာတွေအပါအ၀င် ဂါဇာက အခြေခံအဆောက်အအုံ အားလုံးနီးပါးဟာလည်း အစ္စရေးရဲ့လက်ချက်ကြောင့် ပြာပုံဖြစ်ခဲ့ရပါတယ်။

ဘာအကွက်ရွှေ့လဲ

ပါလက်စတိုင်းတွေကို သူတို့ရဲ့ခေါင်းဆောင်တွေထက် အစ္စရေးက ပိုပြီး ဂရုစိုက်တယ်ဆိုတဲ့ စကားဟာ တစ်ကယ်တော့ အထင်ကြီးစရာစကားပါ။ ပါလက်စတိုင်းတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှုတွေ အမျိုးမျိုးပြုလုပ်ခဲ့ပြီး သူတို့ရဲ့ နိုင်ငံတည်ရှိခွင့်ကိုပါ လူသိရှင်ကြား ငြင်းပယ်ခဲ့တဲ့ နေတန်ယာဟုရဲ့ ပါးစပ်က ဒီစကားထွက်လာတာက ယုံရခက်ခက်ပါပဲ။

အစ္စရေးဟာ ပါလက်စတိုင်းတွေကို အကူအညီပေးနေတဲ့အဖွဲ့တွေရဲ့ ငွေကြေးစီးဆင်းမှုတွေကို တင်ပြဖို့အတွက် ပြီးခဲ့တဲ့လမှာပဲ ဥပဒေ ပြဌာန်းခဲ့ပြီး၊ ဝေဖန်ဆန်းစစ်သူတွေကတော့ အခုလိုပြောကြားမှုဟာ အဖိနှိပ်ခံ ပါလက်စတိုင်းပြည်သူတွေကို ပိုမို ဒုက္ခရောက်စေဖို့ နေတန်ယာဟုရဲ့ ၀ါဒဖြန့်မှုနည်းလမ်းအသစ်လို့ ပြောခဲ့ကြပါတယ်။

၂၀၀၇ ခုနှစ်က စတင်ခဲ့တဲ့ အစ္စရေးရဲ့ ပိတ်ဆို့ထားမှုကြောင့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး အစစအရာရာ ကျပ်တည်းနေတဲ့ ဂါဇာကမ်းမြှောင်ဒေသဟာ ၂၀၁၄ ခုနှစ်က အစ္စရေးရဲ့ ရက် ၅၀ နီးပါးကြာ ကျူးကျော်တိုက်ခိုက်မှုကြောင့် လုံးဝ ခြွတ်ခြုံကျသွားခဲ့ပါတယ်။

လက်ရှိမှာ ဂါဇာပြည်သူတွေရဲ့ ၄၃ ရာခိုင်နှုန်းဟာ အလုပ်မရှိကြဘဲ အဲဒီ အလုပ်လက်မဲ့တွေထဲက ၆၀ ရာခိုင်နှုန်းကျော်ဟာ လူငယ်တွေဖြစ်ကြပါတယ်။ ဂါဇာဟာ ကမ္ဘာပေါ်မှာ အလုပ်လက်မဲ့နှုန်း အမြင့်ဆုံးဒေသတစ်ခု ဖြစ်ပါတယ်။

အခြေခံစားသောက်ကုန်တွေ၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လိုအပ်တဲ့ပစ္စည်းတွေ တင်သွင်းမှုကို အစ္စရေးက တင်းတင်းကျပ်ကျပ် ကန့်သတ်ထာပြီး ဆောက်လုပ်ရေးပစ္စည်းတွေ၊ လယ်ယာစိုက်ပျိုးရေးနဲ့ အခြားသော ကုန်ပစ္စည်းတွေ တင်သွင်းမှုကိုလည်း လုံးဝနီးပါး ပိတ်ပင်ထားပါတယ်။

လူပေါင်း ၁ သိန်းလောက်ရဲ့ အိမ်တွေဟာ အစ္စရေးရဲ့ ဖျက်ဆီးခြင်း ခံထားရပြီး၊ လူပါင်း ၇၅၀၀၀ လောက်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ ဂါဇာကမ်းမြှောင်အတွင်း ပေးဝေနေတဲ့ ရေရဲ့ ၉၆ ရာခိုင်နှုန်းဟာ ကျန်းမာရေးအတွက် စိတ်မချရဘဲ၊ လျှပ်စစ်ဟာလည်း တစ်နေ့ကို ၁၂ နာရီလောက်သာ ရရှိပါတယ်။

တိုက်ခိုက်မှုတွေကြောင့် အလွန်အမင်းစိတ်ဒဏ်ရာရကာ ကုသဖို့လိုအပ်နေတဲ့ ကလေးငယ်တွေဟာ ၃ သိန်းကျော်လောက်ရှိပြီး၊ သူတို့ထဲက အများစုဟာ မိဘတွေ၊ ဆွေမျိုးတွေ ညီအစ်ကို မောင်နှမတွေ ဆုံးရှုံးထားရပါတယ်။

ဒါ့ကြောင့် ဒီနေ့ ဂါဇာပြည်သူတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေနဲ့ အသက်ရှင် ရပ်တည်နေရတာဖြစ်ပြီး၊ သူတို့ရဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး လိုအပ်ချက်တွေအတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေကို လုံးဝ မှိခိုအားထားနေရတာ ဖြစ်ပါတယ်။

နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေဟာ ဟားမက်စ်ကို ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာအပြီးမှာတော့ Wold Vision က ဂါဇာမှာ သူတို့ရဲ့ အကူအညီပေးမှုကို ယာယီ ရပ်တန့်လိုက်ပြီး ဂျာမနီနဲ့ သြစတေးလျတို့ကလည်း World Vision ကိုပေးနေတဲ့ အလှူငွေတွေကိုလည်း ရပ်ဆိုင်းလိုက်ပါတယ်။

ပါလက်စတိုင်းလူ့အခွင့်အရေးအဖွဲ့ Al-Haq က အထွေထွေဒါရိုက်တာဖြစ်သူ ရှာဝမ် ဂျာဘာရင်က အစ္စရေးဟာ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေကို ကြောက်ရွံ့မှုတွေဖြစ်အောင်လုပ်ပြီး ပါလက်စတိုင်းတွေကို ထောက်ပံ့မှု လျှော့နည်းသွားအောင် ၀ါဒဖြန့်နေတာဖြစ်လို့ ပြောကြားခဲ့ပါတယ်။

“နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုတွေကို အခြေပျက်အောင် သူတို့ ကြိုးစားနေတာပါ” လို့ ဂျာဘာရင်ကဆိုပြီး နေတန်ယာဟုဟာ ပါလက်စတိုင်းအဖွဲ့အစည်းတွေကို အကူအညီပေးတာတွေ ရပ်တန့်ဖို့အတွက် ဥရောပနိုင်ငံခြားရေးဝန်ကြီးတွေကို သွေးဆောင်နေတယ်လို့လည်း ထည်သွင်းပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ ကလေးငယ်များ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ရဲ့ ပါလက်စတိုင်းအဖွဲ့ခွဲက တာဝန်ရှိသူ အယဒ် အဘူ တာအစ်ရှ်ကတော့ နေတန်ယာဟုရဲ့ ဒီဆောင်ရွက်မှုဟာ ကမ္ဘာ့ ထိခိုက်ခံစားရမှုအများဆုံး လူ့အဖွဲ့အစည်းပေါ် ပဋိပက္ခဖြစ်ပွားနေစဉ်မှာရော၊ မဖြစ်တဲ့အချိန်မှာပါ စနစ်တကျ ငြှင်းဆဲလိုတဲ့ ရည်ရွယ်ချက်ကို ဖော်ပြနေတယ်လို့လည်း ဆိုပါတယ်။

“၂၀၀ ခုနှစ်က စတင်ခဲ့တဲ့ ဒုတိယအကြိမ်မြောက် အုံကြွမှုဖြစ်ပေါ်ပြီးခဲ့ကတည်းက ပါလက်စတိုင်း ပိုင်နက်တွေမှာ အစ္စရေးတပ်တွေ တည်ရှိမှုရလဒ်ကြောင့် ကလေငယ် ၂၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒီအရေအတွက်ကို ကြည့်ခြင်းအားဖြင့် အသက်ရှင်ရပ်တည်ခွင့်အပါအ၀င် ကလေးငယ်တွေရဲ့ အခွင့်အရေးတွေကို အစ္စရေးက ဘယ်လောက်ချိုးဖောက်နေလဲဆိုတာ ပြသနေပါတယ်” လို့ တာအစ်ရှ်က ဆိုပါတယ်။

ပါလက်စတိုင်းတွေအပေါ် ကန့်သတ်ချုပ်ချယ်မှုတွေကို ပြုလုပ်တာဟာ သူတို့ရဲ့အသက်ရှင်ရပ်တည်မှုမှာ မျှော်လင့်ချက်ကင်းမဲ့မှုတွေဖြစ်ကာ ထင်ရာလုပ်တာတွေ ဖြစ်လာနိုင်တယ်လို့ ကုလအပါအ၀င် နိုင်ငံတကာအ၀ိုင်းအ၀ိုင်းက အစ္စရေးကို သတိပေးထားပါတယ်။

ပါလက်စတိုင်းပိုင်နက်တွေမှာ မတည်ငြိမ်မှုတွေဖြစ်လာတိုင်း စစ်တပ်တွေ တိုးချတာ၊ နယ်မြေချဲ့ထွင်မှုတွေပြုလုပ်တာ၊ ကျူးကျော်အိမ်ယာတွေ တိုးချဲ့ဆောက်လုပ်တာတွေကို ပြုလုပ်လေ့ရှိတဲ့ အစ္စရေးအနေနဲ့ ပါလက်စတိုင်းတွေကို ကူညီနေတဲ့ ပရဟိအဖွဲ့တွေ လျော့နည်းအောင် ပြုလုပ်တဲ့ နောက်ကွယ်က ဘာရည်ရွယ်ချက်မရှိလဲဆိုတာကိုတော့ နေတန်ယာဟု ကိုယ်တိုင်မှတစ်ပါး ဘယ်သူမှ မသိနိုင်ကြောင်းပါ။

Ref: Aljazeera, independent,wiki,oxfam.org

Tags:

Leave a Reply