6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၁၉၊ ၂၀၁၆
M-Media

saudi 2

– ဟစ်ဂျရီခုနှစ် ၁ ရာစုမှ ၅ ရာစုအအကြား အစ္စလာမ့်ခေတ်ဦးတွင် တည်ရှိခဲ့သည့် ရှေးဟောင်း ဗလီဝတ်ကျောင်းတော်ကြီး၏ ဗိသုကာဆိုင်ရာ အမွေအနှစ်များကို ဆော်ဒီရှိ ရှေးဟောင်းသုတေသနအဖွဲ့တစ်ခုက တွေ့ရှိခဲ့သည်ဟု သိရသည်။

ဆော်ဒီနှင့် ပြင်သစ်တို့မှ သိပ္ပံပညာရှင်နှင့် ကျွမ်းကျင်သူ ၁၈ ဦးဖြင့် ဖွဲ့စည်းထားသည့် အဆိုပါအဖွဲ့မှာ ရီယာ့ဒ်မြို့အနီး အလ်-ခါ့ဂ်ျဒေသရှိ ယာမာမာဟ် ရှေးဟောင်းနေရာတစ်ခုတွင် ထိုဗလီဝတ်ကျောင်းတော်အား တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

အဆိုပါ ဗလီဝတ်ကျောင်းတော်တွင် ၀တ်ပြုခန်းမ ၃ ခု၊ ရှေ့ဆောင်အီမာမ် ဦးဆောင်ဦးသည့်နေရာ (မဟ်ရဘ်) နှစ်ခု၊ လဟာပြင်ဝတ်ပြုဆောင်တစ်ခုတို့ ပါဝင်သည်။

ထိုဗလီတွင် မက္ကာမြို့ရှိ ကအ်ဗဟ်ဝတ်ကျောင်းတော်နှင့် မဒီနာမြို့ရှိ တမန်တော်မြတ်၏ ဗလီဝတ်ကျောင်းတော်တို့အပြီး အာရေဗျကျွန်းဆွယ်တွင် တတိယအကြီးဆုံးဖြစ်နိုင်သည့် လက္ခဏာများကိုလည်း တွေ့ရသည်။ ဗိသုကာဆိုင်ရာ စစ်တမ်းများအရ ရီယာ့ဒ်နှင့် ၀ါဒီ အလ်-ဒါဝါစီရ် မြို့အကြားတွင် အခြားသော အစ္စလာမ့်ဆိုင်ရာ ရှေးဟောင်းနေရာ ၅ ခုကို တွေ့ရှိခဲ့ရသည်ဟု Asharq Al-Awsat သတင်းစာတွင် ဖော်ပြထားသည်။

ရှာဖွေမှုလုပ်ငန်းစဉ်၏ ရလဒ်များအရ ရှေးဟောင်းကျောက်ခေတ်ကို ရည်ညွှန်းနိုင်သည့် နေရာများကိုလည်း တွေ့ရှိခဲ့ရပြီး ထိုဒေသတွင် ထိုကဲ့သို့ တွေ့ဆုံမှုမှာ ပထမဆုံးအကြိမ်လည်းဖြစ်သည်။

Ref : IINA

Leave a Reply