6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၂၆၊ ၂၀၁၆
M-Media

surface

Proxima b ဂြိဟ်၏ မျက်နှာပြင်

– ကမ္ဘာကြီးရှိရာ နေအဖွဲ့အစည်းနဲ့ အနီးဆုံးမှာ တည်ရှိပြီး ကမ္ဘာဂြိုဟ်လို သက်ရှိတွေ အသက်ရှင်နေထိုင်လို့ရနိုင်တယ်လို့ ယုံကြည်ရတဲ့ ဂြိုဟ်တစ်လုံးအကြောင်းကို သိပ္ပံပညာရှင်တွေက ယမန်နေ့မှာ ထုတ်ဖော်လိုက်ပါတယ်။

Proxima b လို့အမည်ပေးထားတဲ့ အဲဒီဂြိုဟ်ဟာ မိမိတို့အနေအဖွဲ့အစည်းအပြင်ဘက် အလင်းနှစ် ၄ နှစ်သာသာလောက် အကွာအဝေးမှာရှိတဲ့ Proxima Centauri ကြယ်ကို လှည့်ပတ်နေတာဖြစ်ပြီး လူသားတွေရဲ့ သက်တမ်းအတွင်းမှာ သွားနိုင်ဖွယ်ရှိနေပါတယ်။

ဒီဂြိုဟ်ကို ဗြိတိန်သိပ္ပံပညာရှင်တွေဦးစီးတဲ့ ဥရောပတောင်ပိုင်း နက္ခတ္တဗေဒ စူးစမ်းလေ့လာရေးအဖွဲ့ ESO ရဲ့ ချီလီနိုင်ငံက တယ်လီစကုပ်က တွေ့ရှိခဲ့တာဖြစ်ပြီး ၁၆ နှစ်လောက် အချက်အလက်တွေ စုဆောင်းကာ အတည်ပြုခဲ့တာဖြစ်ပါတယ်။

Proxima b ဟာ မိမိတို့ကမ္ဘာကြီးထက် ၁.၃ ဆ ကြီးမားပြီး၊ Proxima Centauri ကြယ်နဲ့ အကွာအဝေးဟာ ကမ္ဘာကြီးက နေကနေကွာဝေးတဲ့ အကွာအဝေးထက် ၅ ရာခိုင်နှုန်းလောက်သာ ရှိပါတယ်။ ဒါပေမယ့် Proxima Centauri ကြယ်ရဲ့ အပူချိန်ကလည်း မိမိတို့နေထက် အားပျော့တယ်လို့ ဆိုပါတယ်။

အဲဒီဂြိုဟ်နဲ့ ကြယ်အကြားမှာရှိနေတဲ့အကွာအဝေးဟာ အပူအအေးမျှတပြီး၊ ရေရှိနိုင်ကာ သက်ရှိတွေ ရှင်သန်နိုင်တဲ့ အနေအထားမျိုးလို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားပြီး အပူချိန်ကတော့ အကြမ်းဖျဉ်းအားဖြင့် ၄၀ ဒီဂရီလောက် ရှိနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

“သတင်းကောင်းတစ်ခုက ဒီဂြိုဟ်ဟာ ကျွန်တော်တို့နဲ့ သိပ်နီးနေတာပါပဲ။ အဲဒီလို ကျွန်တော်တို့နဲ့ကပ်နေတာက ကောင်းမွန်မှုတစ်ခုထက်ကိုပိုပြီး၊ နောက်ဆက်တွဲ လေ့လာဖော်ထုတ်မှုတွေပြုလုပ်ဖို့ နက္ခတ္တဗေဒ ပညာရှင်တွေရဲ့ အိပ်မက်တွေလည်း အကောင်အထည်ပေါ်လာပါတယ်” လို့ လေ့လာမှုမှာပါဝင်တဲ့ ဂျာမန်သိပ္ပံပညာရှင် အန့်စ်ဂါ ရိန်နာက ပြောကြားခဲ့ပါတယ်။

planet

ဂြိုဟ်တည်ရှိမှုအနေအထား ရုပ်ပုံကားချပ်

နောက်ပြီး ဒီဂြိုဟ်မှာ လေထုရှိလား၊ ဒါမှမဟုတ် ရေရှိလားဆိုတာကိုလည်း သေချာမသိရသေးဘဲ ‘ရှိနိုင်ခြေ’ ရှိတယ်ဆိုယုံလောက်သာ သတ်မှတ်ထားကြောင်း သူက ထပ်ပြောခဲ့ပါတယ်။

Proxima b က Proxima Centauri ကိုတစ်ပတ်ပြည့်ဖို့ ၁၁.၂ ရက်သာကြာပြီး၊ သူ့ရဲ့ဝင်ရိုးမှာ လည်ပတ်မှုကတော့ ကမ္ဘာထက် တော်တော်လေးမြန်တယ်လို့ ဆိုပါတယ်။

နည်းပညာတွေအရ လက်ရှိအချိန်မှာသွားဖို့ မဖြစ်နိုင်သေးပေမယ့် လာမယ့်ရာစုတွေမှာတော့ ဒီဂြိုဟ်ဟာ လူသားတွေခြေချရာနေရာ ဖြစ်လာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

Ref: Aljazeera,CNN, RT

Leave a Reply