6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၂၇၊ ၂၀၁၆
M-Media

14051695_1077541365626932_7775485632521217045_n

မြန်မာသမ္မတ ဦးထင်ကျော်မှာ အိန္ဒိယနိုင်ငံသို့ ၄ ရက်ကြာ သွားရောက်လည်ပတ်မည်ဖြစ်ပြီး ကီလိုမီတာ ၁၆၀၀ ကျော် ထိစပ်နေသည့် နယ်စပ်အား နှစ်နိုင်ငံပူးပေါင်းကာ ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရေး အလေးထား ဆွေးနွေးသွားမည်ဟု သိရသည်။

အဆိုပါခရီးစဉ်တွင် ထိပ်တန်းဝန်ကြီးများနှင့် တာဝန်ရှိသူများဖြင့် ဖွဲ့စည်းထားသည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တစ်ခုလည်း ပါဝင်မည်ဖြစ်သည်။

ခရီးစဉ်အတွင်း သမ္မတဦးထင်ကျော်မှာ အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီနှင့် တနင်္လာနေ့တွင် တွေ့ဆုံမည်ဖြစ်ပြီး နယ်စပ်ဒေသ စီမံခန့်ခွဲရေးနှင့် အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် စစ်သွေးကြွလှုပ်ရှားမှုများအား ထိန်းသိမ်းနိုင်ရေး နည်းလမ်းများ စသည်တို့အပါအ၀င် ကိစ္စအများအပြားကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားရန် ရှိနေသည်။ ထို့ပြင် နှစ်နိုင်ငံကုန်သွယ်ရေး တိုးမြှင့်နိုင်ရေးအတွက် ဆွေးနွေးမည်ဖြစ်သည်။

သမ္မတမှာ မနက်ဖြန်တွင် ဗုဒ္ဓဂါယာသို့ ပထမဆုံးသွားရောက်ကာ မဟာဗောဒိဘုရား၊ ဗိသုကာပြတိုက်များသို့ လည်ပတ်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် အဂ်ရာသို့ သွားရောက်မည်ဖြစ်ကာ တဂ်ျမဟာလ်သို့ လည်ပတ်မည်ဖြစ်သည်။

ယခုနှစ်နှောင်းပိုင်းတွင်လည်း နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်မှာ BIMSTEC အစည်းအဝေးသို့ တက်ရောက်ရန်အတွက် အိန္ဒိယသို့ သွားရောက်မည်ဖြစ်သည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူရှ်မာ ဆွာရဂ်ျမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကပင် မြန်မာနိုင်ငံသို့ ၁ ရက်ကြာ လာရောက်လည်ပတ်ခဲ့ပြီး၊ ယခု သမ္မတဦးထင်ကျော်ကိုမူ အိန္ဒိယသမ္မတ ပရာနဘ် မူခါဂျီက ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

Ref: economictimes

Leave a Reply