6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၂၁၊၂၀၁၂
M-Media

မြစ်မခမီဒီယာမှ မမေသင်္ကြန်ဟိန်း အင်တာဗျူးတခု တွင်  NLD-LA ကနေဒါ ဋ္ဌာနခွဲ ကိစ္စ ဦးညိုအုံးမြင့် ပြောကြားချက် လိမ်လည်မှုဖြစ်ကြောင်း NLD-LA ကနေဒါ စည်းရုံးရေးကော်မတီဥက္ကဌအဖြစ် တာဝန်ယူထားသူ  ဦးအောင်တင်မှ ၄င်း၏ ကိုယ်ပိုင် FaceBook စာမျက်နှာတွင် အောက်ပါအတိုင်း ဖြေရှင်းရေးသား ထားသည်ကို တွေ့ရသည်။

ကိုညိုအုံးမြင့်က မမေသင်္ကြန်ဟိန်းနှင့် တွေ့ဆုံမေးမြန်းခဏ်းမှာ ကျနော်နှင့် ပတ်သက်၍ ယ္ခုကဲ့သို့ ပြောခဲ့တယ်။

ဦးညိုအုံးမြင့် ဓါတ်ပုံ- မြစ်မခ

ကျနော်တို့ ကနေဒါ ဌာနခွဲဆိုရင် ဖျက်တောင်ပစ်ရတယ်။ ကျနော်တို့က NLD –LA မှာ တာဝန်ခံရှိပါတယ်။ ဘာသာရေး၊ လူမျိုးရေးနဲ့ နိုင်ငံရေး မရောရပါဘူး။ ကနေဒါ ဋ္ဌာနခွဲမှာ တာဝန်ခံတဲ့ ကိုအောင်ဒင်(တင်)ဆိုတဲ့ သူက မူဆလင်နဲ့ရိုဟင်ဂျာ ကိစ္စတွေကို လုပ်တော့ကျနော်တို့ပဲ ဆုံးဖြတ်ပြီးတော့ ဒီဋ္ဌာနကို ဖျက်ပစ်လိုက်တယ်။ ခင်ဗျားဟာ ခင်ဗျား ရိုဟင်ဂျာ ကိစ္စလုပ်လို့ရတယ်၊ ဒါကိုယ်ပိုင် လွတ်လပ်ခွင့် ဒါပေမဲ့ NLD-LA ကနေဒါဋ္ဌာနခွဲရဲ့ ဥက္ကဌအနေနဲ့တော့ လုပ်လို့မရဘူးပေါ့။

http://maythingyanhein.blogspot.ca/2012/09/blog-post_20.html

ဖြစ်ရပ်မှန် – –

ကနေဒါ(NLDLA)ဌာနခွဲတွင် အမာခံ ပါတီဝင်(၇)ဦးသာရှိသဖြင့် ပါတီညီလာခံ မခေါ်လောက်သဖြင့်၎င်း၊ ပြည်တွင်းပြောင်းလဲမှုများအရ အခြေအနေကို စောင့်ကြည့်လိုသဖြင့်၎င်း ညီလာခံ မခေါ်ဖြစ်သဖြင့် NLD LA ဗဟိုက ဌာနခွဲအဆင့်မှ စည်းရုံးရေးကော်မတီ အဆင့်သို့ မနှစ်က လျှော့ချထားခဲ့ခြင်းသာဖြစ်သည်။ ဖျက်သိမ်းခြင်း မဟုတ်ပါ။ ညီလာခံ ခေါ်ပြီးပါက ဌာနခွဲအဆင့်သို့ ပြန်လည်သတ်မှတ်ခံရမည်ဖြစ်သည်။ အားလုံးသိကြသည့်အတိုင်း NLD LA ဆိုသည်မှာ အခြားပြည်ပရောက် အဖွဲ့အစည်းများနည်းတူ စုတေမည့် နေ့ကောင်း ရက်သားကို ရွေးနေချိန်ဖြစ်သဖြင့် ကနေဒါဌာနခွဲအနေနှင့် ညီလာခံခေါ်ပြီး ဌာနခွဲအဆင့် ပြန်မြှင့်တင်ဖို့ဆိုသည်မှာ လက်တွေ့ မကျတော့သဖြင့် ပိုနေမြဲ ကျားနေမြဲ နေခဲ့သည်။

ထိုအခြေအနေမျိုးတွင် ကိုညိုအုံးမြင့်က အထက်ပါအတိုင်း စွပ်စွဲပြောဆိုလိုက်ခြင်းသည် မှန်ကန်ပါက အထောက်အထားပြရန် လိုပါသည်။ မပြနိုင်ပါက မိမိသည် လူလိမ်တစ်ဦးသာဖြစ်ကြောင်း မိမိဘာသာ ဝန်ခံရာကျသည်။ လူသိရှင်ကြား လူလိမ်အဖြစ် လူအများက မမြင်စေချင်ရင် အထောက်အထား ထုတ်ပြလိုက်ပါ၊ ကိုညိုအုံးမြင့်။

ပါးကိုက်လို့ နားမကိုက်လိုပါ။ သူတစ်ပါးကိုလည်း လက်ညှိုး မထိုးလိုပါ။ လူတိုင်းက ကိုယ့်သမိုင်း ကိုယ်ရေး၊ ကိုယ်စိုက်တာ ကိုယ်ရိပ်ရပါမယ်။ ကိုညိုအုံးမြင့်က ယခုကဲ့သို့ အသားလွတ် အခြေအမြစ်မဲ့ ပုဂ္ဂိုလ်ရေးစော်ကား တိုက်ခိုက်လာသဖြင့် ပြောရေးရှိလာ၍ ပြောရပေမည်။

ကိုညိုအုံးမြင့်ရေ။

ခင်ဗျားလို လူမျိုးကို ကျနော်က နိုင်ငံရေး ကိုယ်ကျင့်သိက္ခာနှင့် ပုဂ္ဂိုလ်ရေး ကိုယ်ကျင့်သိက္ခာ နေရာမှာ ကြိုက်သလို အချိန်မရွေး ယှဉ်နိုင်ပါတယ်လို့ စိန်ခေါ်ရလောက်တဲ့ အဆင့်ထဲမှာ ဘယ်တုန်းကမှ မသတ်မှတ်ထားပါဘူး။

အောင်တင်
စက်တင်္ဘာ (၂၁) ၂၀၁၂

Leave a Reply