6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ်လ ၂၈ ၊ ၂၀၁၆
.Ban Kee monn
၂၁ ရာစု ပင်လုံ ညီလာခံသို့ ဧည့်သည်တော်အဖြစ် တက်ရောက်ရန် ကုလ အထွေထွေ အတွင်းရေးမှူးချူပ် မစ္စတာ ဘန်ကီမွန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ သြဂုတ်လ (၃၀-၃၁) တွင် မြန်မာနိုင်ငံသို့ လာရောက်မည့် ဟု သိရှိရသည်။
.
အဆိုပါ ခရီးစဉ်တွင် မစ္စတာ ဘန်ကီမွန်းမှ ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များနှင့် ဘာသာပေါင်းစုံ ချစ်ကြည့်ညီညွှတ်ရေး အဖွဲ့မှ ကိုယ်စားလှယ်များကို တွေ့ဆုံ ဆွေးနွေးလိုကြောင်း မေတ္တာရပ်ခံသဖြင့်  ဘာသာပေါင်းစုံမှ ကိုယ်စားလှယ်များသို့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဖိတ်ကြားလျက်ရှိကြောင်း ဖိတ်ကြားခံသည့် မြဝတီ ဆရာတော်၏ လူမှုကွန်ယက်စာမျက်နှာ တွင် ဖော်ပြထားချက်အရ သိရှိရပါသည်။
.
တွေ့ဆုံပွဲကို သြဂုတ်လ ၃၁ ရက်နေ့ တွင် နေပြည်တော် Kempinski Hotel ၌ ပြုလုပ်မည်ဟု သိရသည်။
.
နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဖိတ်ကြားထားသည့် ဘာသာရေး ခေါင်းဆောင်များ မှာ အောက်ပါအတိုင်းဖြစ်သည်။
.
ဗုဒ္ဓဘာသာမှ
————
၁) ဒေါက်တာ အရှင်ဥာဏိဿရ (သီတဂူဆရာတော်)
၂) အရှင် ဆေကိန္န (ဓမ္မဓူတ ဆရာတော်)
၃) ဦးအရိယာ ဘိဝံသ (မြဝတီဆရာတော်)
၎) အရှင် ဥာနိန္ဒ (မစိုးရိမ် တိုက်ဟောင်း မန္တလေး)
၅) ဒေါ်ကေတုမာလာ (Ph.D ဘွဲ့သင်တန်းသား- ဗုဒ္ဓ တက္ကသိုလ် သီရိလင်္ကာ)
၆) ဦးပညာ သီဟ (သီတဂူကျောင်း)
.
ခရစ်ယာန်ဘာသာ
——————–
၁) ဦးစောပတ်ထရစ်လူနီ (ဥက္ကဌ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် ကောင်စီ)
၂) သိက္ခာတော်ရ ဆရာ မန်းပယ်လ်မာစတန် (အထွေထွေ အတွင်းရေးမှူး ၊ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် ကောင်စီ)
၃) ရဟန်းအမတ် ချားလ်စ်ဘို (လက်ထောက်ဆရာတော် – (ရန်ကုန်) ကက်သလစ်အသင်းတော်)
၎) သာသနာပိုင်ချူပ် စတီဖန် သန်းမြင့်ဦး (မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော် (အင်္ဂလီကန်))
၅) သိက္ခာတော်ရ စောဆမ်ဆန်လတ် (တွဲဖက် အထွေထွေ အတွင်းရေးမှူး မြန်မာနိုင်ငံနှစ်ခြင်း ခရစ်ယာန် အဖွဲ့ချူပ်)
.
အစၥလာမ္ဘာသာ
—————-
၁)- ဦးကျော်ငြိမ်း (ကိုယ်စားလှယ် မြန်မာနိုင်ငံလုံး ဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ချူပ်နှင့် အဖွဲ့ဝင်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစ္စလာမ် အိုလမာသာသနာ့ ပညာရှင်များအဖွဲ့ချူပ်)
၂) ဦးမြင့်ထွန်း (ဥက္ကဌ မြန်မာမွတ်စလင်မ် လူငယ်များအဖွဲ့ချူပ်)
၃) ဦးကိုလေး (ဓမ္မသတ်မှူး)
၎) အလ်ဟဂ်ျဦးအေးလွင်
.
ဟိန္ဒူ ဘာသာ
——————
၁) ဦးမောင်သိန်း (ဥက္ကဌ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူ ဘာသာရေး အဖွဲ့ချူပ်)
၂) ဒေါက်တာလှထွန်း
၃) ဦးဇော်ဝင်း
.
ဂျူးဘာသာ
————-
၁) ဦးဆယ်မီဆယ်မျူရယ် (မန်နေဂျင်းဒါရိုက်တာ)
.
ဘာဟာအီဘာသာ
—————-
၁) ဦးတင်ကြိုင် (ဥက္ကဌ မြန်မာနိုင်ငံလုံးဆိုင်ရာ ဘာဟာအီသာသနာအဖွဲ့ချူပ်)
.
သတင်း- သီဟ (M-Media)

Leave a Reply