စက်တင်ဘာ ၄၊ ၂၀၁၆
M-Media
– အိန္ဒိယနိုင်ငံရှိ ဆင်းရဲသူဆင်းရဲသားများအား ကူညီဖေးမရေး ဘ၀တစ်ခုလုံးကို မြှုပ်နှံခဲ့သည့် မာသာထရီဇာအား ပုပ်ရဟန်းမင်းကြီးဖရန်စစ်က သူတော်စဉ်အဖြစ် သတ်မှတ်လိုက်ပြီး ‘ကျောမွဲလူတန်းစားတို့အား အလင်းပြသူ’ အဖြစ် သမုတ်ခဲ့သည်။
ဗာတီကန်ရှိ စိန့်ပီတာရင်ပြင်တွင် ယနေ့မနက်က သတ်မှတ်လိုက်ခြင်းဖြစ်ပြီး မာသာထရီဇာ၏ အားထုတ်မှုများကိုလည်း ချီးကျူးပြောဆိုခဲ့သည်။
ကိုလ်ကတား(ယခင်က ကလ်ကတ္တား) ဟုခေါ်သည့် မြို့ရှိ ကမ္ဘာ့အဆင်းရဲ့ဆုံး လူ့အဖွဲ့အစည်း ဖွံ့ဖြိုးရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ပေးခဲ့သည့် မာသာထရီဇာမှာ နိုဘယ်ဆုရှင်လည်းဖြစ်ပြီး ကွယ်လွန်ပြီး ၁၉ နှစ်ကြာမှ ယခုကဲ့သို့ သူတော်စဉ်အဖြစ် သတ်မှတ်ခံရခြင်းဖြစ်သည်။
ယနေ့မနက်ပိုင်းတွင်ကျင်းပခဲ့သည့် ဂုဏ်ပြုအခမ်းအနားနှင့် သူတော်စဉ်ဘွဲ့ ပေးအပ်ခြင်းကို ကမ္ဘာတစ်ဝှမ်းမှ လူသိန်းချီ တက်ရောက်ခဲ့သည်။
“ခမည်းတော်ဘုရား၊ သားတော်ဘုရားနဲ့ သန့်ရှင်းသောဝိဉာဏ်တော်တို့ကို တိုင်တည်ပြီး – ကလ်ကတ္တတားရဲ့ ထရီဇာကို သူတော်စဉ်တစ်ဦးအဖြစ် ကျွန်တော်တို့ သတ်မှတ်လိုက်ကာ သူတော်စင်များစာရင်းမှာလည်း ထည့်သွင်းလိုက်ပါတယ်။ နောက်ပြီး အသင်းတော်တစ်ခုလုံးက ကြည်ညိုဆက်ကပ်ရသူအဖြစ် သတ်မှတ်ကြောင်း ကြေငြာလိုက်ပါတယ်” ဟု ခရစ်ယာန် ကက်သလစ်အသင်းတော်၏ အကြီးအကဲ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က လက်တင်ဘာသာစကားဖြင့် ပြောကြားခဲ့သည်။
ထိုကဲ့သို့ သူတော်စဉ်ဖြစ်ကြောင်း ကြေငြာခဲ့သော်လည်း ကက်သလစ်အသင်းတော်တွင် မာသာထရီဇာဟူသည့် အမည်နှင့်ပင် ဆက်ရှိသွားမည်ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.