6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၇၊ ၂၀၁၆
M-Media

obama

– အမေရိကန်သမ္မတ ဘာရက်အိုဘားမားမှာ ဖက်ဒရယ်တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ရန်အတွက် ပထမဆုံး မွတ်စလင်တရားသူကြီးကို အမည်စာရင်းတင်သွင်းလိုက်သည်ဟု သိရသည်။

အမည်စာရင်း တင်သွင်းခံရသူမှာ အဘစ် ရီအာ့ဇ် ကူရက်ရှီဆိုသူဖြစ်ပြီး ၀ါရှင်တန်ရှိ ဥပေဒရေးရာအဖွဲ့၏ မိတ်ဖက်တစ်ဦးဖြစ်ကာ ကိုလံဘီယာခရိုင်အတွက် ခရိုင်တရားသူကြီးအဖြစ် အမည်စာရင်း တင်သွင်းခံရခြင်း ဖြစ်သည်။

“မစ္စတာ ကူရက်ရှီကို အမေရိကန် ခရိုင်တရားရုံးမှာ တာဝန်ထမ်းဆောင်ဖို့အတွက် ၀မ်းမြောက်စွာနဲ့ ကျွန်တော် အမည်စာရင်းတင်သွင်းလိုက်ပါတယ်။ သူ့အနေနဲ့ တရားမျှတမှုဘက်မှာ ရိုးသားစွာ၊ မြဲမြံစွာရပ်တည်ကာ အမေရိကန်ပြည်သူတွေကို အလုပ်အကျွေးပြုမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု အိမ်ဖြူတော်မှ ထုတ်ပြန်သည့် ကြေငြာချက်တွင် အိုဘားမားက ပြောကြားခဲ့သည်။

ဥပဒေရးရာ အကြံပေးအဖွဲ့တစ်ခုဖြစ်သော Muslim Advocates ကလည်း အိုဘားမား၏ ထို သမိုင်းဝင် အမည်စာရင်း တင်သွင်းမှုအတွက် ချီးကျူးခဲ့သည်။

“ကျွန်မတို့တိုင်းပြည်ရဲ့ ကြွယ်ဝတဲ့ မတူကွဲပြားမှုကို ရောင်ပြန်ဟပ်စေတဲ့ တရားရေးစနစ်ဟာ ဥပဒေရေးရာ စီမံခန့်ခွဲမှုမှာ မျှတပြီး ဘက်လိုက်မှုကင်းစေဖို့ အကူအညီ ဖြစ်စေမှာဖြစ်ပြီး၊ အဲဒီအထဲမှာ အမေရိကန်မွတ်စလင်တွေ ပါဝင်ဖို့လည်း အရေးကြီးပါတယ်” ဟု Muslim Advocates အဖွဲ့၏ အမှုဆောင် ဒါရိုက်တာဖြစ်သူ ဖာရ်ဟာနာ ခီရာက ပြောကြားခဲ့သည်။

ကူရက်ရှီအား ယခုကဲ့သို့ အမည်စာရင်း တင်သွင်းမှုမှာ ယခုနှစ်အစောပိုင်းက သေဆုံးသွားသည့် တရားသူကြီး အန်တိုနင် စကာလီယာ၏ နေရာအား အစားထိုးခြင်းလည်း ဖြစ်သည်။

မတ်လက တရားရုံးချုပ်တွင် တာဝန်ထမ်းဆောင်ရန် တရားသူကြီး မာရစ်ကာဂါလန်းအား အမည်စာရင်း တင်သွင်းထားမှုကို အထက်လွှတ်တော်အမတ်များက အတည်ပြုရေး၊ မပြုရေး ကြားနာမှု မပြုလုပ်ဟု ဆုံးဖြတ်ထားသောကြောင့် ကူရက်ရှီအား သမ္မတအိုဘားမား၏ သက်တမ်းအတွင်း အတည်ပြုခန့်အပ်နိုင်မည့် အလားအလာ မရှိသေးပေ။

Ref: PressTV

Leave a Reply