စက်တင်ဘာ ၇၊ ၂၀၁၆
M-Media
– ဆီးရီးယားပဋိပက္ခအရေး ဖြေရှင်းရာတွင် ရုရှားနှင့် အမေရိကန်တို့မှာ မကြာမီကာလအတွင်း သဘောတူညီချက် ရရှိတော့မည်ဟု ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် တနင်္လာနေ့တွေ့ဆုံမှုအပြီးတွင် ပြောကြားခဲ့သည်။
“ဆီးရီးယားမှာရှိတဲ့ အဖွဲ့တွေအပါအ၀င် အကြမ်းဖက်အဖွဲ့တွေကို တိုက်ခိုက်ရာမှာ ကျွန်တော်တို့ အမေရိကန်နဲ့ လက်တွဲပြီး
ကြိုးစားအားထုတ်မှုတွေကို သိသိသာသာ တိုးမြှင့်မှာပါ” ဟု ပူတင်က တရုတ်နိုင်ငံ ဟန်ကျိုးမြို့ G20 ထိပ်သီးအစည်းအဝေးနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အမေရိကန်နှင့် ဆွေးနွေးမှု အသေးစိတ်ကို ပူတင်က ပြောကြားခြင်းမရှိဘဲ လာမည့်ရက်အနည်းငယ်အတွင်း အောင်မြင်မှုရ
ရှိလာနိုင်မည်ဟု ယုံကြည်ရသည့် အခြေအနေမျိုး ရှိသည်ဟု ဆိုသည်။
G20 ထပ်သီးအစည်းအဝေး၌ ပူတင်နှင့် အိုဘားမားတို့၏ သီးခြားတွေ့ဆုံမှုတွင် ဆီးရီးယားအရေးက ထိပ်ဆုံးမှ ပါဝင်ခဲ့ပြီး အိုဘားမားကလည်း ပြဿနာဖြေရှင်းရေး အမှန်တကယ် စိတ်ဝင်စားမှု ပြသခဲ့ကြောင်း ပူတင်က ထပ်လောင်း ပြောကြားခဲ့သည်။
“ဆီးရီးယားပဋိပက္ခကို ဖြေရှင်းဖို့၊ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရေးမှာ အောင်မြင်မှုရရှိဖို့အတွက် သူ့မှာ တကယ်ကို စစ်မှန်တဲ့ ရည်ရွယ်ချက်ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်”
Ref : RT
Leave a Reply
You must be logged in to post a comment.