စက်တင်ဘာ၊ ၂၄ ၊ ၂၀၁၂
M-Media
ရန်ကုန်။ ။ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းစဉ်က လေထီးတပ်သားတဦးအဖြစ် ပါဝင်ခဲ့သူ စာရေးဆရာကြီး ၀မ်းအိုဝမ်း ကျော်ဝင်းမောင် (၉၃) နှစ်သည် ၂၃ ရက်ည ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် သာကေတ နေအိမ်၌ ကွယ်လွန်သွားရာ အစ္စလာမ်ဘာသာ ထုံးတမ်းစဉ်လာနှင့်အညီ၂၄ ရက် နေ့လည် ၃ နာရီတွင် သံလျင်မြို့ ဒါရ်ဂါ သူတော်စင်ဗိမ္မာန်တွင် သင်္ဂြိုလ်သည်။
အဆိုပါ ဈာပနအခမ်းနားသို့ မြန်မာမွတ်စလင်မ်ကွန်ယက်မှ မြန်မာမွတ်စလင်မ် ခေါင်းဆောင်တဦး ဖြစ်သူ ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်) ၊ ရွှေဝါရောင် သံဃာအရေးလှုပ်ရှားမှု ဦးဆောင်ခဲ့သော သံဃာတော်များ၊ အမိမြေ ငြိမ်းချမ်းရေး မစ်ရှင်မှ ကိုမိုးသီးဇွန်နှင့် အဖွဲ့ဝင်များ၊ NLD ပါတီဝင်များ၊ နှင့် ဆရာကြီး၏ သားတပည့်များ၊ အစ္စလာမ်ဘာသာဝင်များ၊ ဆရာကြီး၏ လုပ်ဖော်ကိုင်ဘက် နိုင်ငံရေးသားများ က ဆရာကြီး၏ နောက်ဆုံးခရီးကို လိုက်လံ နှုတ်ဆက်ပို့ဆောင်ခဲ့ကြပါသညည်။

ဆရာကြိး ဝမ်းအိုဝမ်း ကျော်ဝင်းမောင် ဈာပနာအခမ်းအနားသို့ လိုက်လံပို့ဆောင်ခဲ့ကျသည့် သံဃာတော်များ၊ ဧည့်ပရိတ်သတ်များ
ဓါတ်ပုံ ( ဗမာမွတ်စလမ် လူငယ်များ ကွန်ယက်)
ဆရာကြိးဝမ်းအိုဝမ်း ကျော်ဝင်းမောင်နှင့် ဂျပန်ခေတ် ဗိုလ်သင်တန်းကို အတူတူ တက်ရောက်ခဲ့သည့် အမျိုးသား ဒီမိုကရေးစီ အဖွဲ့ချူပ် နာယက သူရ ဦးတင်ဦး ( ကာကွယ်ရေး ဦးစီးချူပ်ဟောင်း) မှ ယနေ့နံနက်တွင် ကျန်ရစ်သူ မိသားစုကို သွားရောက်အားပေးစကားပြော ကြားခဲ့ကြောင်း သတင်းရရှိပါသည်။
ဆရာကြိးဝမ်းအိုဝမ်း ဦးကျော်ဝင်းမောင်သည် ဂျပန်ခေတ် မင်္ဂလာဒုံစစ်တက္ကသိုလ် တတိယပတ် ဗိုလ်သင်တန်းဆင်း၊ လွတ်လပ်ရေးမော်ကွန်းဝင် (ဒုတိယအဆင့်)၊ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ဒုတိယအဆင့်)၊ သက်ကြီးကန်တော့ခံ စာပေပညာရှင် တစ်ယောက်ဖြစ်သည်။

ဆရာကြိး ဝမ်းအိုဝမ်း ကျော်ဝင်းမောင် ဈာပနာအခမ်းအနားတွင် ဒေါက်တာမြင့်သိန်း( မြန်မာမွတ်စလင်မ် ကွန်ယက်) မှ ဝမ်းနည်းကြောင်း ပြောကြားစဉ်
ဓါတ်ပုံ ( ဗမာမွတ်စလမ် လူငယ်များ ကွန်ယက်)
Comments