စက်တင်ဘာ ၁၇၊ ၂၀၁၆
M-Media
– ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် မန်ယူသို့ ရောက်ရှိလာခဲ့သော်လည်း ခြေစွမ်းမပြနိုင်သေးသည့် ပေါ့ဘာအား နည်းပြမော်ရင်ဟိုက ကာကွယ်ပြောဆိုလိုက်ပြီး ၎င်း၏ တန်းဖိုးကို မေ့ထားရန်လည်း တိုက်တွန်းခဲ့သည်။
ပေါ့ဘာမှာ ၂၀၁၂ ခုနှစ်က မန်ယူမှ ဂျူဗင်တပ်စ်သို့ ထွက်ခွာပြီးနောက် ယခုနွေရာသီတွင် ပေါင် ၈၉ သန်းဖြင့် မန်ယူသို့ ပြန် ရောက်လာခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်လက ဆောက်သက်တမ်နှင့် ပွဲဦးထွက်တွင် ခြေစွမ်းပြနိုင်ခဲ့သည်။ သို့သော်လည်း မန်စီးတီး၊ ယူရိုပါတွင် ဖီယင်နုတို့အား ရှုံးနိမ့်ခဲ့သည့်ပွဲများတွင် ၎င်း၏ ခြေစွမ်းမှာ ထိပ်တန်းအဆင့် မရှိခဲ့သောကြောင့် ဝေဖန်မှုများကို ခံနေရသည်။
သို့သော်လည်း မော်ရင်ဟိုကမူ ပေါ့ဘာ၏ တန်ဖိုးမှာ အသင်း၏ အမြတ်နှင့်ယှဉ်လျှင်လည်းကောင်း၊ အခြားသော အသင်းနှင့်လည်းကောင်း နှိုင်းယှဉ်ပါက ကြီးမားသည့် ပမာဏမဟုတ်ဟု ဆိုသည်။
“မန်ယူက ပေါ့ဘာအတွက် ပေးတာထက်ကို ပိုပြီး ပေါင် သန်း ၂၀၊ ၃၀၊ ၄၀ ပေးတဲ့ အသင်းတွေရှိပါတယ်။ အသင်းရဲ့အမြတ်၊ ကျွန်တော်တို့ပေးတာနဲ့ နှိုင်းယှဉ်ရင် မန်ယူက သုံးတာထက် အခြားအသင်းတွေက ပေါင်း သန်း ၂၀၊ ၃၀၊ ၄၀ လောက် ပိုသုံးနေတာကို ခင်ဗျားတို့ မြင်လာမှာပါ။ ပေါ့ဘာအနေနဲ့ အဲဒီတန်ဖိုးကြီးကို မေ့ထားပြီးတော့ ဘောလုံးမှာပဲ အာရုံစိုက်စေချင်ပါတယ်” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။
မန်ယူမှာ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်အတွင်း စံချိန်တင်အမြတ်ငွေ ၅၁၅.၃ သန်း ရရှိခဲ့သည်။
Ref: Goal
Comments