6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၁၈၊ ၂၀၁၆
M-Media

yemen

– ယီမင်နိုင်ငံတွင် ပြုလုပ်နေသည့် ဆော်ဒီ၏ တိုက်ခိုက်မှုများအတွင်း စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဗလီဝတ်ကျောင်းတော်များ အပါအ၀င် အရပ်ဖက်နေရာ ၃၀၀၀ ကျော်ကို ပစ်မှတ်ထားခဲ့သည်ဟု စစ်တမ်းကောက်ယူမှုတစ်ခုတွင် ဖော်ပြထားသည်။

အဆိုပါ စစ်တမ်းကောက်ယူမှုကို ပညာရှင်များ၊ လူ့အခွင့်အရေး တာဝန်ရှိသူများ၊ တက်ကြွလှုပ်ရှားသူများဖြင့် ဖွဲ့စည်းထားသည့် Yemen Data Project အဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ် မတ်လမှ ယခုနှစ် သြဂုတ်အကုန်အထိ ဆော်ဒီမှာ အရပ်ဖက်နေရာ ၃၁၅၈ ခုအား လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ကို တွေ့ခဲ့ရသည်။

ရလဒ်ကို ဗြိတိန်နေ့စဉ်သတင်းစာ The Guardian တွင် သောကြာနေ့က ဖော်ပြခဲ့ပြီး လူနေအိမ်ယာများပေါ်သို့ လေကြောင်းတိုက်ခိုက်မှု ၉၄၂ ကြိမ်၊ ဈေးဆိုင်များအပေါ်သို့ ၁၁၄ ကြိမ်၊ ဗလီများအပေါ်သို့ ၃၄ ကြိမ်၊ ကျောင်းများပေါ်သို့ ၁၄၇ ကြိမ်၊ တက္ကသိုလ်များပေါ်သို့ ၂၆ ကြိမ်၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းပေါ်သို့ ၃၇၈ ကြိမ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါစစ်တမ်းမှာ အမှီအခိုင်းသည့် စစ်တမ်းကောက်ယူမှုဖြစ်ပြီး မြေပြင်သုတေသနပါအ၀င် လွတ်လပ်သည့် သတင်းရင်းမြစ်များကို အသုံးပြုခဲ့သည်။ ဆော်ဒီမှာ ယီမင်အနောက်တောင်ဘက်ပြည်နယ် တာအစ်ဇ်ရှိ ဒူဘက်ဗ်ခရိုင်တွင် ကျောင်းအဆောက်အအုံတစ်ခုကို ၉ ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ပြီး ဆာရ်ဝါမြို့ရှိ ဈေးတစ်ခုကို ၂၄ ကြိမ် တိုက်ခိုက်ခဲ့ကြောင်းလည်း စစ်တမ်းတွင် ဖော်ပြထားသည်။

စစ်တမ်းအရ နောက်ဆုံး ၁၈ လ၌ ငါးလတွင် ဆော်ဒီလေတပ်မှာ စစ်ပွဲနှင့်မဆိုင်သည့် နေရာများသို့ ပို၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဆော်ဒီကပြုလုပ်သည့် လေကြောင်းတိုက်ခိုက်မှု ၈၆၀၀ တွင် ၃၅၇၇ ကြိမ်သာ စစ်ဖက်နှင့်သက်ဆိုင်သော နေရာများဖြစ်ပြီး အကြိမ်ပေါင်း ၁၈၈၂ ခုမှာ တိတိကျကျ မသိရှိရပေ။ ထိုစစ်တမ်း ထွက်လာပြီးနောက် ဗြိတိန်နိုင်ငံရေးသမားများက အစိုးရအနေဖြင့် ဆော်ဒီအား လက်နက်ခဲယမ်း ရောင်းချခြင်းမပြုရန် တိုက်တွန်းဆော်သြခဲ့ကြသည်။

Ref : Presstv

Tags:

Leave a Reply