6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၂၀ ၊ ၂၀၁၆
M-Media

18brotton-master768

၁၆ ရာစုနှစ် မှာ ဂရိတ်ဗြိတိန် ဟာ အရင်တစ်ခါမှ မဖြစ်ခဲ့ဖူးတဲ့ ပိုင်းခြားခြင်းကို ခံလိုက်ရပါတယ်။ တိုင်းပြည်ဟာ ဥရောပတိုက်မှာ ခေတ်နောက်ပြန် ဆုတ်သွားခဲ့ပါတယ်။ တိုင်းပြည်ရဲ့ အုပ်စိုးသူ ဘုရင်မကြီးဟာ အရှေ့တိုင်းနဲ့ ကုန်သွယ်ဖို့ပဲ မျက်စိကျနေခဲ့ပါတယ်။ တိုင်းပြည်ရဲ့အကျော်ကြားဆုံး သက်ဦးဆံပိုင် ဧကရာဇ်မင်းတစ်ပါးဖြစ်တဲ့ အဲလိဇဘက်- ၁ ဘုရင် မကြီးရဲ့ ရွှေအိုရောင် လွှမ်းခဲ့တဲ့ ခေတ်အတွင်းက တိုင်းပြည်ရဲ့အကြောင်းကို ပြန်ပြောင်းပြောရရင် ယနေ့ခေတ် ဗြိတိန် လိုပဲ တော်တော်များများနဲ့ တူနေတာတွေ့ရပါလိမ့်မယ်။

ပထမ အဲလိဇဘက် အင်္ဂလန်နိုင်ငံ (၁၅၅၈-၁၆၀၃) ရဲ့လက်ထက်တုန်းက ပိုပြီး အံ့သြစရာကောင်းတဲ့ အချက် တစ်ချက်က နိုင်ငံရဲ့ နိုင်ငံခြားရေးနဲ့ စီးပွားရေး ပေါ်လစီတွေမှာ အစ္စလာမ့်ကမ္ဘာက သူမနဲ့ အနီးစပ်ဆုံး မဟာမိတ်တစ်ဦးက မောင်းနှင် ပေးခဲ့တာပဲ ဖြစ်ပါတယ်။ သို့သော်လည်းပဲ ယင်းဖြစ်ရပ်မှန်ကို နိုင်ငံတော် အချုပ်အခြာ အာဏာဆိုတဲ့ ပေါ်ပြူလာဖြစ်နေတဲ့ ဖြီးလုံးကြီးကိုသုံးနေတဲ့ သူတစ်ချို့ကြောင့် လွယ်လွယ်ကူကူပဲ လျစ်လျူရှု့ခြင်းကို ခံလိုက်ရပါတယ်။

သူမရဲ့ ထီးမွေနန်းလျာကို ဆက်ခံတဲ့ ၁၅၅၈-ခုနှစ်ကနေစပြီး၊ အဲလိဇဘက်ဘုရင်မကြီးဟာ ကောင်းမွန်တဲ့ ရည်ရွယ် ချက်တွေနဲ့ – အီရန်၊ တူရကီနဲ့ မော်ရိုကိုစတဲ့ မွတ်စလင်တွေ အုပ်ချုပ်တဲ့ နိုင်ငံတွေနှင့် သံရေးတမန်ရေး၊ ကုန်သွယ်ရေးနဲ့ စစ်ဖက်ရေးရာတို့မှာ ဆက်ဆံရေးတွေထားရှိဖို့ စတင်ကြိုးပမ်းပါတော့တယ်။ ၁၅၇၀- ခုနှစ်အရောက်မှာတော့ အင်္ဂလန်ပရို တက်စတင့် ခွဲထွက်ရေးသမားတွေက ကက်သိုလစ်တွေ ယုံကြည်မှု့အတိုင်း ဆက်မသွားတော့ဖို့ ရှင်းရှင်းလင်းလင်း မြင်လာ ရတဲ့အခါ၊ ပုပ်ရဟန်းမင်းကြီးဟာ အဲလိဇဘတ် ဘုရင်မကြီးနဲ့ ဆက်ဆံရေး ဖြတ်တောက်ခဲ့ပြီး သူမရဲ့ ထီးနန်းမကိုဋ် သရဖူ ကိုလည်း ဆွဲဖြဲပစ်ဖို့ ဆော်သြလိုက်ပါတော့တယ်။  မကြာခင်မှာပဲ၊ တန်ခိုးသြဇာထွားလှတဲ့ စပိန် ကက်သိုလစ်တွေကလည်း သူမကို ဆန့်ကျင်လိုက်ပါတော့တယ်။ စစ်မက်ဖြစ်ပွားလု နီးပါးထိအောင်ပါပဲ။ ချမ်းသာတဲ့ စီးပွားရေး ဈေးကွက်တွေဖြစ်တဲ့ နယ်သာလန်နိုင်ငံက စပိန်ဈေးကွက်တွေမှာလည်း အင်္ဂလန်က ကုန်သည်တွေကို ကုန်သွယ်ရေးတွေမလုပ်ဖို့ တားမြစ်ခြင်း ကို ခံခဲ့ရပါတယ်။ စီးပွားရေးနဲ့ နိုင်ငံရေးကဏ္ဍတွေမှာ အထီးကျန်ဆန်လာမှု့က အသစ်ပေါ်ကာစ ပရိုတက်စတင့်တွေရဲ့ တိုင်းပြည်သစ်ကြီးအား ဖျက်ဆီးခံလိုက်ရဖို့အထိ ခြိမ်းခြောက်လာပါတော့တယ်။

အဲလိဇဘတ် ဘုရင်မကြီးကလည်း သူ့လက်တံကို အစ္စလာမ်နိုင်ငံတွေအထိရောက်အောင် ဆန့်ထုတ်လိုက်ခြင်းအားဖြင့် ပြန်လည် တုန့်ပြန်လိုက်ပါတယ်။ စပိန်နိုင်ငံရဲ့ အဓိကပြိုင်ဘက်ကတော့ စူလတန် မာဟ်မဒ် – III အုပ်ချုပ်နေတဲ့ အော် တိုမန် အင်ပါယာပဲ ဖြစ်ပါတယ်။အော်တိုမန် အင်ပါယာကြီး ( The Ottomans) ရဲ့ လက်တံဟာ ဘယ်လောက်ထိအောင် ကျယ်ဝန်းသလဲ ဆိုရင် မြောက်အာဖရိက တိုက်ကနေ ဥရောပ အရှေ့ဖျားအထိ၊ အဲဒီကနေ အိန္ဒိယ သမုဒ္ဒရာအထိအောင် ကျယ်ဝန်း ပါတယ်။ အော်တိုမန်တွေကလည်း အဲဒီအချိန်မှာ ဟန်ဂေရီ တစ်စိတ်တပိုင်းကို အောင်နိုင်ထားတဲ့ ဟဇ်ဘဂ်လူမျိုး တွေ ( Hapsburgs) နဲ့ စစ်မက်ဖြစ်ပွားနေတာ ဆယ်စုနှစ်နဲ့ချီရှိနေပါပြီ။ အဲလိဇဘတ်က အော်တိုမန်တွေနဲ့ မဟာမိတ် ဖွဲ့ထားခြင်းအတွက် စပိန်တွေရဲ့ ကျူးကျော်မှု့ရန်ကနေ တော်တော်များများကို သက်သာရာရစေပြီး သူ့မရဲ့ကုန်သည်တွေ အတွက်လည်း အကျိုးမြတ်များစေမဲ့ အရှေ့ဖျားဒေသက ဈေးကွက်တွေကိုလည်း တီးမိခေါက်မိလာနိုင်မယ်လို့ သူမ မျှော်လင့်ထားပါတယ်။  သူမရဲ့ ကောင်းမွန်လှတဲ့ စဉ်းစားချင့်ချိန်မှု့တွေကြောင့် အော်တိုမန်တွေနဲ့လည်း ယှဉ်ပြိုင်ဘက်တွေ ဖြစ်တဲ့ ပါရှားနိုင်ငံက ရှားဘုရင်နဲ့ မော်ရိုကိုနိုင်ငံက အုပ်စိုးသူတွေကိုလည်း နောက်တစ်ဖက်မှာ ဆက်ဆံရေးကို လှမ်းထား နိုင်ခဲ့ပါတယ်။

ပြသနာရှိနေတာက  အဲလိဇဘက်ရဲ့ မြူခိုးတွေ ဝေမှိုင်းနေတဲ့ ဥရောပတိုက်က ကျွန်းနိုင်ငံသေးသေးလေးထက်ကို မွတ် စလင် အင်ပါယာကြီးတွေက တော်တော်လေးကို သြဇာရှိနေတဲ့ အချက်ပါပဲ။ အဲလိဇဘတ်ဟာ ကုန်သွယ်ရေးမှာ မဟာမိတ် အသစ်တွေကို ထပ်တိုး ရှာဖွေခဲ့ချင်ပေမဲ့ သူတို့ကို ငွေကြေးအရ အထောက်ပံ့ပေးဖို့ မတတ်သာခဲ့ပါဘူး။ သူမဟာ သူမရဲ့ နှမတော် မယ်ရီ တေလာကနေ စတင်ခဲ့တဲ့ စတော့အစုရှယ်ယာကုမ္ပဏီတွေကို ပူးပေါင်းပြီး မရေရာတဲ့ စီးပွားရေး ဆန်းသစ် တီထွင်မှု့တစ်ခုကို လုပ်ကြည့်စွန့်စားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

ကုမ္ပဏီတွေဟာ စတော့ရှယ်ရာရှင်တွေ အတူတကွ ပူးပေါင်းပိုင်ဆိုင်တဲ့ စီးပွားရေးဆိုင်ရာ အဖွဲ့စည်းတွေ ဖြစ်ကြပါတယ်။ ရင်းနှီး မတည်ငွေကို ကုန်သွယ်ရေကြောင်းသွားလာမှု့ရဲ့ စရိတ်စကတွေမှာ ရန်ပုံငွေအဖြစ် အသုံးပြုဖို့နဲ့ အမြတ် – ဒါမှမဟုတ် အရှုံးကိုတော့- ခွဲဝေယူကြဖို့ ဖြစ်ပါတယ်။ ပါရှားနဲ့ ကုန်သွယ်ရေးလုပ်ခဲ့တဲ့ မူစ်ကူဗွိုင် ကုမ္ပဏီ (Muscovy Company )ဟာ ဘုရင်မကြီးကို အားတက်သရော ကျောထောက်နောက်ခံပေးခဲ့ပြီး အော်တိုမန်တွေနဲ့ စီးပွားကုန်သွယ်ခဲ့တဲ့  တူရကီ ကုမ္ပဏီ တည်ထောင်မှု့ကိုလည်း ဆက်လက်အားပေးခဲ့ပြီးနောက် နောက်ဆုံးမှာ အိန္ဒိယကို အောင်နိုင်ခဲ့တဲ့ အရှေ့အိန္ဒိယ ကုမ္ပဏီကို လည်း ဖွဲ့စည်းပေးခဲ့ပါသေးတယ်။

၁၅၈၀-ခုနှစ်မှာတော့ သူမဟာ နှစ်ပေါင်းသုံးရာကျော်ကြာအောင် တည်မြဲခဲ့တဲ့ အော်တိုမန်တွေနဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး သူမရဲ့ ကုန်သည်တွေကို အော်တိုမန်တွေပိုင်တဲ့ နယ်မြေတွေမှာ လွတ်လပ်စွာ တရားဝင် ကုန်သွယ်ခွင့်ရအောင် လုပ်ပေးခဲ့ပါတယ်။ ထိုနည်းအတိုင်းပဲ သူမဟာ မော်ရိုကိုတွေနဲ့ လည်း မဟာမိတ်ဖွဲ့ခဲ့ပြီး၊ စပိန်တွေနဲ့ ဆန့်ကျင်ပြီး စစ်ရေးအကူညီတွေပေးဖို့ နည်းဗျူဟာပိုင်းဆိုင်ရာ ကတိက၀တ်တွေ ပေးခဲ့ပါတယ်။

ငွေကြေးတွေ ဒလဟော စီးဝင်လာတာနဲ့အမျှ၊ အပြန်အလှန် ကုန်သွယ်ရေးကနေ အကျိုးအမြတ်တွေရရှိလာတာကြောင့် အဲလိဇဘတ်ဟာ သူမရဲ့ မွတ်စလင်မိတ်ဆွေတော်တွေဆီကို ချီးမွှမ်းထောပဏာပြုတဲ့ စာချွန်လွှာကို စတင်ရေးသားခဲ့ပါ တယ်။ သူမကိုယ်သူမ အသနား ဂရုဏာခံယူသူသဖွယ် ရေးသားထားတဲ့ ဒီစာထဲမှာ မူရတ် ( Murad)ကို “တူရကီရေမြေသနင်း အစိုးရတော်မူလှသော တန်ခိုးသြဇာ ထွားလှပါသည့် ဧကရာဇ်မင်းကြီးရှင့် “လို့ ယခုလို ခေါ်ဝေါ်ရေးသားထားပါတယ် ။ ထို့ပြင် ” အနိုင်မခံ၊အရှုံးမပေးတတ်ဆုံးသူ တစ်ယောက် နှင့်၊ နတ်၊ ရုပ်ထုကိုးကွယ်မှု့အပေါင်းအား ဆန့်ကျင်သည့်အရာတွင် တန်ခိုးသြဇာအထွားဆုံး ခရစ်ယာန်စစ်စစ် တစ်ယောက် ” ဟု သူမကိုယ်သူမ ဂုဏ်ဖေါ်ခြင်းဖြင့် ကက်သိုလစ်များကိုလည်း အချင်းချင်း ရန်လိုဘက်များအဖြစ် ဆက်လက် တိုက်စစ်ဆင်ခဲ့ပါတယ်။ မွတ်စလင်များလိုပဲ၊ ပရိုတက်စတင့် ခရစ်ယန်များ ဟာလည်း ရုပ်ဝတ္ထုကိုးကွယ်ခြင်းကို လက်မခံဘဲ၊ ဘုရားသခင်၏ နာမတော်များကိုသာ ချီးမွှမ်းထောပဏာပြုနေကြသော် လည်း ကက်သိုလစ်များကတော့ ခရစ်ယာန်ဘုန်းတော်ကြီးများကို ဘုရားသခင်ရဲ့ ကြားခံတော် များအဖြစ် မျက်နှာသာ ပေးခဲ့ကြ ပါတယ်။ ငွေဒင်္ဂါးပြားတစ်ခုထဲမှာ ခေါင်းနဲ့ပန်း တစ်ဖက်စီရှိသလိုပဲ ပရိုတက်စတင့်နဲ့ မွတ်စလင်တွေမှာလည်း ကသိုလစ်တွေနှင့် တူညီနေတဲ့အချက်တွေ ရှိတာကိုလည်း သူမ ကျင်လည်စွာ ရှာဖွေခဲ့ပါတယ်။

အဆိုပါ ပရိယာယ်ဟာ အလုပ်ဖြစ်ခဲ့ပါတယ်။ ထောင်ပေါင်းများစွာသော အင်္ဂလိပ်ကုန်သည်တွေ ယနေ့ခေတ်မှာတောင် ဘယ်သူမှ မသွားနိုင်တဲ့ ဆီးရီးယားနိုင်ငံ အလက်ပိုမြို့၊ အီရတ်မှာရှိတဲ့ မူဆိုလ်းမြို့တို့လို နေရာမျိုးတွေမှာတောင် ကူးသန်း သွားလာလို့ ရခဲ့ပါတယ်။ အဲဒီ ကုန်သည်တွေဟာ ဥရောပတိုက်က ကက်သိုလစ် ခရစ်ယာန်တိုင်းပြည်ကို သွားရင် ဘေး ကင်းလုံခြုံသလိုပဲ၊ အဲဒီနေရာတွေကို ရောက်ရင်လည်း တော်တော်လေးကို ဘေးကင်းလုံခြုံလှပါတယ်။ ယင်းနေရာတွေဟာ တယူသန်သမားတွေရဲ့ လက်ထဲကို ကျရောက်နေလို့ သူတို့ဟာ အတော်လေးကို စွန့်စားသွားလာရပါတယ်။

ဘာသာပေါင်းစုံကလူတွေအား  အားနည်းတဲ့ လက္ခဏာတစ်ရပ်မဟုတ်ပဲ အင်အားရှိတဲ့ လက္ခဏာတစ်ရပ်အဖြစ် သူတို့ စည်းရုံးနိုင်ခဲ့တာကိုလည်း အော်တိုမန် အာဏာပိုင်တွေက မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပါတယ်။ ဒါအပြင် သူတို့ဟာ အဲဒီ အချိန်က ကက်သိုလစ်နဲ့ ပရိုတက်စတင့်တွေရဲ့ ရှုပ်ထွေးလှတဲ့ ခွာပြဲမှု့ ပဋိပက္ခတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ တစ်ချို့ အင်္ဂလိပ်တွေဆိုရင် မွတ်စလင်တွေတောင် ဖြစ်သွားခဲ့ပါတယ်။ စကင်ဒီနေးယားအနွယ်ဝင် ကုန်သည်တစ်ဦး ( a Norfolk merchant ) ဖြစ်တဲ့ ၊ နောင်မှာ ဟာဆန်အဂ္ဂလို့ အမည်တွင်မဲ့ အလ်ဂျီးရီးယားတွေရဲ့ ဘဏ္ဍာစိုးတစ်ဦးဖြစ်လာမဲ့ ဆမ်ဆန် ရော်လီ (Samson Rowlie ) ကဲ့သို့သော အနည်းငယ်လောက်သာ အတင်းအဓမ္မ ဘာသာပြောင်းခြင်းကို ခံလိုက်ရပါတယ်။ တစ်ချို့သူတွေကတော့ တဲတဲလေးဖြစ်နေတဲ့ ပရိုတက်စတင့် ဘာသာသစ်ထက်ကို အစ္စလာမ်ဘာသာ က သာတယ်ထင်ပြီး ကိုယ့်ဆန္ဒနှင့်ကိုယ် ဘာသာကူးပြောင်းလိုက်ကြတာ ဖြစ်ပါတယ်။

အင်္ဂလန်က မင်းမျိုးမင်းနွယ်တွေဟာ အရှေ့ဖျားဒေသကထွက်တဲ့ ပိုးထည်တွေနဲ့ မဆလာဟင်းခတ် အမွေးအကြိုင်တွေကို နှစ်ခြိုက်ကြပေမဲ့လည်း တူရကီတွေနဲ့ မော်၇ိုကိုတွေကတော့ အင်္ဂလိပ်ဒေသကထွက်တဲ့ သိုးမွှေးတွေကို စိတ်မ၀င်စားလှ ပါဘူး။ သူတို့ တကယ်အလိုရှိနေတာက လက်နက်တွေပဲ ဖြစ်ပါတယ်။ အဲလိဇဘတ် ဘုရင်မကြီးဟာ ဘာသာရေးအရ ပြင်းထန်စွာ ဂလဲ့စားချေလိုတဲ့ စိတ်နဲ့  မမြင့်မြတ်လှတဲ့ ခရစ်ယာန် ချာ့ခ်ျဘုရားရှိခိုးကျောင်းများစွာက သံပြားတွေကို ဆုပ်ဖြဲ၊ ခေါင်းလောင်းတွေကို အရည်ကြိုပြီး လက်နက်တွေသွန်းလုပ်ကာ တူရကီနိုင်ငံဆီသို့ သင်္ဘောဖြင့် တင်ပို့ခဲ့ပါတယ်။  အီရန်- ကွန်ထရာ အရှုပ်တော်ပုံထက်ကို ပိုမိုရှုပ်ထွေးတဲ့နည်းလမ်းနဲ့ သိပ်အစွမ်းမထက်လှတဲ့ လက်နက်တွေကို ရောင်းချခဲ့တာဖြစ် ကြောင်း သက်သေတွေရှိနေပါတယ်။ ဘုရင်မကြီးဟာ မော်ရိုကိုနိုင်ငံနှင့်လည်း အလားတူ အရောင်းဝယ်ပြုလုပ်ဖို့ မြှောက် ပေးခဲ့ပြီး လက်နက်တွေကို ရောင်းချပြီး ယမ်းစိမ်းနှင့် သကြားတွေကို ပြန်ဝယ်တဲ့ အလုပ်က သူမကို မျက်နှာပျက်စရာ ဖြစ်စေခဲ့ပါတယ်။

သကြား၊ပိုးထည်များ၊ ကော်ဇောများနှင့် ဟင်းခတ်အမွှေးကြိုင်တွေကို အင်္ဂလိပ်တွေ ဘယ်လို စားရမယ်၊နေအိမ်တွေမှာ အင်္ဂလိပ်တွေ ဘယ်လို အလှဆင်ရမယ်၊ ဘယ်လို ၀တ်စားရမယ်ဆိုတာကို ပြောင်းလဲပစ်နိုင်ခဲ့ပါတယ်။ “သကြားလုံး ” တို့ “တူရကီ ကျောက်”(turquoise- Turkish stone) တို့ စတဲ့ စကားလုံးတွေဟာ သာမန်နေ့စဉ်သုံး စကားလုံးတွေ ဖြစ်လာ ပါတယ်။ ရှိတ်စပီးယားတောင်မှ မော်ရိုကို သံအမတ်ကြီး ခြောက်လကြာ လာလည်သွားပြီးတဲ့နောက်မှာ ပြဇာတ်တစ်ခုမှာ  ” အော်သယ်လို ” ဆိုပြီးတော့ ရေးရတဲ့ အဆင့်ထိရောက်ခဲ့ရပါတယ်။

စတော့ရှယ်ယာတွေနဲ့ ဖက်စပ်လုပ်ပြီး စီးပွားရေးမှာ အောင်မြင်မှု့တွေရနေပေမဲ့လည်း၊ ဗြိတိသျှတို့ရဲ့ စီးပွားရေးဟာ အင်နဲ့ အားနဲ့ ကုန်သွယ်ရေးအပေါ်မှာ ရည်ရှည်တော့ မထိန်းထားနိုင်ခဲ့ပါဘူး။ ၁၆၀၃- ခုနှစ် အဲလိဇဘတ် ဘုရင်မကြီး ကွယ်လွန် သွားပြီးတဲ့နောက်မှာ၊ အသစ်တက်လာတဲ့ ဂျိန်း- I ဘုရင်ဟာ၊ စပိန်တွေနဲ့ ငြိမ်းချမ်းရေး စာချုပ်တစ်ရပ်ကို ချုပ်ဆိုပြီး အင်္ဂလန်နိုင်ငံရဲ့ ဖယ်ကျဉ်ခံထားရခြင်းမှ အဆုံးသတ်လိုက်ပါတော့တယ်။

အဲလိဇဘတ် ဘုရင်မကြီးရဲ့ အစ္စလာမ်ရေးရာ ပေါ်လစီက ကက်သိုလစ်တွေ ကျူးကျော်မှု့ရန်ကနေ အဟန့်အတား ဖြစ်စေ ခဲ့ပြီး၊ အင်္ဂလိပ်တွေရဲ့ အဆင့်တန်းတွေကိုလည်း ပြောင်းလည်းပစ်နိုင်ခဲ့ရုံသာမက၊ ပူးပေါင်းဆောင်ရွက် ရင်းနှီးမြုပ်နှံရတဲ့ စတော့ ပုံစံသစ်တွေကြောင့် မြောက်အမေရိကတိုက်ကို ပထမဦးဆုံး ကိုလိုနီလုပ်ဖူးခဲ့တဲ့ ဗာဂျီးနီးယား ကုမ္ပဏီ ( Virginia Company ) ကိုလည်း နောက်ဆုံးအချိန်မှာ ဘဏ္ဍာရေးအထောက်ပံ့တွေ ပေးနိုင်ခဲ့ပါတယ်။

အင်္ဂလန်နိုင်ငံရဲ့ သမိုင်းမှာ အရေးကြီးလှတဲ့ နေရာကနေပါဝင်နေတဲ့ အချုပ်ခြာအာဏာ၊ စစ်ရေး၊ စီးပွားရေး- စတဲ့ နိုင်ငံရဲ့ထင်ရှားလှတဲ့ အရာတွေအားလုံးမှာ ပါဝင်နေတဲ့ အစ္စလာမ်ဆိုတာ မမျှော်လင့်တဲ့ အကျိုးရလဒ်တွေကို ပေးခဲ့ပါ တယ်။ ယနေ့ခေတ်မှာတော့ မွတ်စလင်ဆန့်ကျင်ရေး အသံတွေဟာ နိုင်ငံရေးလမ်းကြောင်းကို မီးမြိုက်ပေး နေကြပါတယ်။ ကျွန်ုပ်တို့ဟာ မကြာခဏ ကျေးဇူးတင်ရမဲ့အစား ကျွန်ုပ်တို့ရဲ့ အတိတ်တွေက ထောင်ချောက်ထဲမှာပဲ ပိုမိုပိတ်မိနေ ကြတယ်ဆိုတာ သတိရသင့်လှပါတယ်။

စာရေးသူ- ဂျယ်ရီ ဘရိုတန် ( Jerry Brotton) ဟာ လန်ဒန်မြို့ရှိ ကွင်းမေရီ ယူနီဗာစီတီမှ ရီနေးဆန်း (ခေါ်) အနုပညာနှင့် စာပေ အလင်းရောင်ခေတ် လေ့လာရေးပညာရပ်မှ ပါမောက္ခတစ်ဦး ဖြစ်ပါတယ်။ မကြာခင် ထွက်ရှု့မည့် ” စူလတန်နှင့် ဘုရင်မ-  လူမပြောကြတဲ့ အဲလိဇဘတ်နှင့် အစ္စလာမ့် ဇာတ်လမ်း ”  စာအုပ်အား ရေးသားခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

The New York Times သတင်းစာပါ England’s Forgotten Muslim History ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။
(ရဲဗလမင်းဒင်)

Leave a Reply