News @ M-Media

တာတာကုမ္ပဏီက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုကို တိုးချဲ့မည်

စက်တင်ဘာ ၂၃၊ ၂၀၁၆
M-Media

tata

– အိန္ဒိယအခြေစိုက် တာတာလုပ်ငန်းအုပ်စုမှာ ရန်ကုန်မြို့တွင် ရုံးခန်းသစ်တစ်ခု ဖွင့်လှစ်ခဲ့သည်ဟု ကြေငြာလိုက်ပြီး နိုင်ငံအတွင်း ၎င်း၏ ရင်းနှီးမြှုပ်နှံမှုကို အားကောင်းစေရန် ဆောင်ရွက်မှုလည်းဖြစ်သည်။

Tata International က ဖွင့်လှစ်ခဲ့သည့် အဆိုပါ ရုံးခန်းမှာ တာတာကုမ္ပဏီများ၏ ဗဟိုရုံးချုပ် ဖြစ်လာမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ မိတ်ဖက်များနှင့် ဆက်သွယ်ဆောင်ရွက်မှုကို ပိုမို ခိုင်မာအားကောင်းအောင် ဆောင်ရွက်သွားမည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

“ဒီရုံးခန်းဟာ သူတို့ရဲ့ ရှိနေတဲ့ လုပ်နိုင်စွမ်းတွေကို မြှင့်တင်ခြင်း၊ လယ်ယာလုပ်ငန်း၊ လျှပ်စစ်၊ အခြေခံအဆောက်အဦး၊ ပြည့်ဖြိုးမြဲစွမ်းအင်၊ စားသောက်ကုန်၊ ခရီးသွားနဲ့ လူသုံးကုန်လုပ်ငန်း စတာကဏ္ဍတွေမှာ အခွင့်အလမ်းတွေ ရှာဖွေခြင်းတွေကနေတစ်ဆင့် ဒေသအတွင်း တတာကုမ္ပဏီတွေ ကြီးထွားဖို့အတွက် ဆောင်ရွက်မှာဖြစ်ပါတယ်” ဟု Tata International ၏ အကြီးအကဲတစ်ဦးဖြစ်သူ မဒ်ဟူ ကန်နန်က ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံမှာ မိမိတို့ ကုမ္ပဏီအုပ်စု၏ နိုင်ငံတကာခြေဆန့်တွင် အရေးပါသည့်အခမ်းကဏ္ဍမှ ပါဝင်နေပြီး ဒေသတွင်ရှိနေသည့် အခွင့်အလမ်းများအား အသုံးချနိုင်ရေး မျှော်လင့်ထားသည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ၀င်ရောက်လုပ်ကိုင်နေသည့် တာတာကုမ္ပဏီများမှာ Tata Motors၊ Jaguar Land Rover၊ Tata
Power၊Titan Company နှင့် Tata Consultancy Services တို့ဖြစ်ကြသည်။

Ref: moneycontrol.com

Comments

Leave a Reply