စက်တင်ဘာ ၂၄၊ ၂၀၁၆
M-Media
– အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ပြည်နယ် ဆီယက်တဲလ်မြို့မြောက်ပိုင်းရှိ ဈေးဝယ်စင်တာတစ်ခု၌ သေနတ်သမားတစ်ဦးက သေနတ်ဖြင့် ၀င်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေသည်ဟု သိရသည်။
ဒေသစံတော်ချိန် ယမန်နေ့ညပိုင်းက Cascade Mall ရှိ မိတ်ကပ်အရောင်းဌာနတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူ ၅ ဦးသေဆုံးခဲ့သည်ဟု ၀ါရှင်တန်ပြည်နယ် လှည့်ကင်းအဖွဲ့ (Washington State Patrol) က ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့ တာဝန်ရှိသူ တပ်ကြပ် မာ့ခ်ဖရန်စစ်ကမူ တိုက်ခိုက်သူဟု သံသယရှိသူမှာ စပိန်စကားပြောသူ အမျိုးသားဖြစ်ပြီး မီးခိုးရောင် ၀တ်ဆင်ထားကာ အဆိုပါဈေးဝယ်စင်တာမှ အဝေးပြေးလမ်းမဘက် ထွက်သွားသည်ကို မြင်ခဲ့ရကြောင်း၊ လက်ရှိတွင် မိမိတို့ ရဲတပ်ဖွဲ့က ရှာဖွေမှုများ ပြုလုပ်နေသည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထို့ပြင် ပြည်သူများအနေဖြင့် အိမ်အတွင်းနှင့် လုံခြုံသော နေရာများတွင် နေကြရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
သေဆုံးသူများမှာ အမျိုးသား ၅ ဦးဖြစ်ကာ ၄ ဦးမှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး တစ်ဦးမှာ ဆေးရုံသို့ ရောက်ရှိပြီးနောက် သေဆုံးခဲ့ခြင်းဖြစ်သည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.