6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ပြည်သူလူထုအနေနဲ့ မိမိတို့ လိုလားချက်တွေကို သမ္မတရုံးသို့ အွန်လိုင်းမှ တဆင့် စာပို့ပြိးတင်ပြနိုင်ပြီလို့ နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ထားပါတယ်။ လုပ်ဆောင်ချက်အဆင့်ဆင့်ကိုလည်း အောက်ပါအတိုင်းဖော်ပြထားပါတယ်။

14481863_1101068753274193_934942591623175266_o
နိုင်ငံတော်သမ္မတရုံးသို့ အွန်လိုင်းမှ တင်ပြစာ တင်ပြလိုလျှင်
လုပ်ဆောင်ရန် အဆင့်များ (ဖုန်းဖြင့် SMS Verification လုပ်ရန် လိုအပ်ပါသည်)

ပေးပို့ရမည့် နည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
14435145_1101068769940858_2985068000530310124_o
အဆင့် (၁) www.president-office.gov.mm ကို ဖွင့်လိုက်ပါ။

(မိုဘိုင်းဖုန်းဖြင့် ဖြစ်စေ၊ အခြားကွန်ပျူတာဖြင့် ဖြစ်စေ ဖွင့်လှစ်ရန်)
14525134_1101068776607524_8413587898981197938_o
အဆင့် (၂) နိုင်ငံတော်သမ္မတထံပေးစာ (စာအိတ်ပုံအမှတ်အသား) ကို နှိပ်လိုက်ပါ။
14434913_1101068789940856_5103635739581710757_o
အဆင့် (၃) ပေးစာကဏ္ဍအတွက် ဖြည့်သွင်းရမည့် အချက်အလက်များ ဖြည့်သွင်းရန် Box ပေါ်လာပါမည်။

အမည်၊ အီးမေးလ်လိပ်စာ၊ တိုင်းဒေသကြီး/ပြည်နယ်၊ စာအမျိုးအစား၊ မှတ်ပုံတင်အမှတ်၊ လိပ်စာ၊ ဖုန်းနံပတ်၊ ခေါင်းစဉ်၊ အကြောင်းအရာ၊ စာတွဲ (တွဲရန်ရှိလျှင်) စသည့် အချက်အလက်များ ပြည့်စုံစွာ ဖြည့်စွက်ပါ။

(ဖုန်းနံပါတ် နေရာတွင် သင့်ဖုန်းထံသို့ SMS ပေးပို့မည်ဖြစ်ပါသဖြင့် သင် လက်ရှိအသုံးပြုနေသည့် မိုဘိုင်းဖုန်းကိုသာ ဖြည့်စွက်ရန်နှင့် MPT နှင့် Ooredoo တို့အသုံးပြုပါက ၀၉ မှစဖြည့်ရန်နှင့် Telonor အသုံးပြုပါက ၉ မှ စဖြည့်ရန်။)

အချက်အလက်များ ပြည့်စုံစွာ ထည့်သွင်းမှ နောက်တစ်ဆင့် ဆက်သွားနိုင်မည်။ အထူးသဖြင့် မိုဘိုင်းဖုန်းနံပတ် မှန်ကန်စွာ ဖြည့်သွင်းရန် လိုအပ်ပါသည်။

ယင်းနေရာတွင် ဖြည့်သွင်းသော မိုဘိုင်းဖုန်းသို့ SMS Code ပေးပို့မည် ဖြစ်သောကြောင့် ဖြစ်ပါသည်။ နောက်တစ်ဆင့်တွင် အဆိုပါ ပေးပို့လာသော Code နံပါတ် ဖြည့်သွင်းရမည် ဖြစ်ပါသည်။
14468632_1101068806607521_4125816973805012849_o
အဆင့် (၄) သင့်မိုဘိုင်းဖုန်းသို့ Verification Code နံပါတ်ပါသော SMS ၀င်လာမည်။

(မိုဘိုင်းဖုန်းနံပတ် မှားယွင်း ဖြည့်သွင်းထားပါက ပေးပို့သော SMS Code ရရှိမည် မဟုတ်ပါ)

14481836_1101068933274175_5363585868496398483_o

အဆင့် (၅) သင့်မိုဘိုင်းဖုန်းတွင် ဝင်ရောက်လာသော ကုဒ်နံပါတ် ကို ဖြည့်စွက်၍ ပြန်လည်ပေးပို့ပါ။
14480759_1101068929940842_6097982055446750513_o
အဆင့် (၆) လုပ်ဆောင်ချက်များ အားလုံး မှန်ကန်ပါက တင်ပြစာ ပေးပို့မှု အဆင့်များ ပြီးစီးသွားပါပြီ။ နိုင်ငံတော်သမ္မတရုံးက ဆက်လက်၍ ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

ပြည်သူလူထု၏ တင်ပြချက်များကို အလေးထား၍ ဖြေရှင်းဆောင်ရွက်ပေးရန် နိုင်ငံတော်သမ္မတရုံး ဝက်ဘ်ဆိုက်သို့ ဆက်သွယ်နိုင်ပါပြီ။

Leave a Reply