6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၃၊ ၂၀၁၆
M-Media

ma-church

– အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ်ရှိ ခရစ်ယာန်ဘုရားကျောင်းများက အစ္စလာမ်သာသနာကြောင်း အသိပညာပေးမည့် အခမ်းအနားတစ်ခုကို ယခုသီတင်းပတ်အတွင်း ကျင်းပမည်ဟု သိရသည်။

“အစ္စလာမ့်အကြောင်း စကားစမြည်” ဟူသည့် ခေါင်းစဉ်ဖြင့် ဗုဒ္ဓဟူးနေ့တွင် ကျင်းပမည်ဖြစ်ပြီး မက်ဆာချူးဆက်ပြည်နယ်ရှိ Sherborn Community Center က ဦးဆောင်စီစဉ်ကာ ဝေလန်းရှိ ဘော်စတွန်အစ္စလာမ့်စင်တာမှ တာဝန်ရှိသူ ရှာဟင် အက်ခ်တာရ်က အစ္စလာမ့်အကြောင်း တင်ပြမည်ဖြစ်သည်။

အဆိုပါအခမ်းအနားတွင် အစ္စလာမ်နှင့်ပက်သက်၍ တင်ပြမှု၊ ဆွေးနွေးမှုများကို ပြုလုပ်သွားမည်ဖြစ်ပြီး၊ မွတ်စလင်လူ့အဖွဲ့အစည်းနှင့် ဆက်ဆံရေးနက်ရှိုင်းစေရန် အခွင့်အလမ်းလည်း ဖြစ်လာမည်ဟု ဒေသတွင်း သတင်းဌာနတစ်ခုက ဖော်ပြခဲ့သည်။

“ဒီအခမ်းအနားကနေ ကျွန်တော်တို့အားလုံး မွတ်စလင်တွေရဲ့သက်ဝင်ယုံကြည်မှုအကြောင်းနဲ့ပက်သက်ပြီး ပိုမိုလေ့လာနိုင်မယ့် အခွင့်အရေးတစ်ခု၊ ကျွန်တော်တို့ရဲ့ မွတ်စလင်မိတ်ဆွေတွေနဲ့ ဆက်ဆံရေးတည်ဆောက်နိုင်မယ့် အခွင့်အရေးတစ်ခု ဖြစ်လာမှာပါ။ အထူးသဖြင့် အခုလို ကောလဟာလတွေ အပြင်းအထန် မြင့်မားနေချိန်မှာ ဒီလိုအသိပညာပေးလှုံ့ဆော်မှုမျိုးတွေ များများလိုအပ်ပါတယ်” ဟု ခရစ်ယာန်ဘုန်းတော်ကြီး ဆရာတော် ဂျွန်အက်ဖ် ဟွဒ်ဆန်က ပြောကြားခဲ့သည်။

အက်ခ်တာရ်မှာ မွတ်စလင်အဖွဲ့အစည်းအတွင်း ထင်ရှားသည့် အသိပညာပေးလှုပ်ရှားသူနှင့် ဘာသာပေါင်းစုံချစ်ကြည်ရေးဆောင်ရွက်သူတစ်ဦး ဖြစ်ပြီး၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးစာအုပ်အသင်းများနှင့် ဆွေးနွေးမှုများ၏ အကြီးအကဲ တစ်ဦးလည်းဖြစ်ကာ ယခုကဲ့သို့ အစီအစဉ်များတွင် ပါဝင်ဆောာင်ရွက်နေသူဖြစ်သည်။

အဆိုပါ အစ္စလာမ့်ပညာပေးအစီအစဉ်ကို Sherborn Community Center နှင့်အတူ ဒေသတွင်း ခရစ်ယာန်ဘုရားကျောင်း ၆ ခုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

“အမှန်က ဘာသာတရားတွေကို ကိုးကွယ်သူတွေဖြစ်စေ၊ မကိုးကွယ်သူတွေဖြစ်စေ ဘာသာအယူတွေရဲ့ အခြေခံ သဘောတရားတွေ၊ လက်တွေ့ကျင့်သုံးမှုတွေကို နားလည်မှုနဲ့ပတ်သက်လာရင် အားနည်းကြပါတယ်။ ပိုဆိုးတာက ဒီဘာသာတရားတွေနဲ့ပတ်သက်ပြီး မီဒီယာတွေကို သူတို့စိတ်ကြိုက်ဖော်ပြခွင့် ပေးတာပါပဲ။ ဒီအစီအစဉ်က မွတ်စလင်မဟုတ်တဲ့သူတွေ အစ္စလာမ်အကြောင်း နားလည်ဖို့ အခွင့်အရေး ရစေမှာဖြစ်ပြီး၊ ကောလဟာလတွေကို ကျော်လွန်ကာ ဆက်ဆံရေးကိုလည်း နက်ရှိုင်းစေမှာပါ” ဟု ဘုန်းတော်ကြီး ဟဒ်ဆန်က ထပ်လောင်းပြောကြားခဲ့သည်။

Ref : IINA

Leave a Reply