အောက်တိုဘာ ၅၊ ၂၀၁၆
M-Media
– ပြီးခဲ့သည့်လအတွင်းက ဆီးရီးယားနိုင်ငံ အဲလစ်ပိုရှိ အကူအညီပေးရေးယာဉ်တန်းအား တိုက်ခိုက်မှုနှင့်ပတ်သက်၍ ဂြိုဟ်တုမှ လေ့လာဆန်းစစ်မှုများအရ ထိုတိုက်ခိုက်မှုကို လေကြောင်းမှ ပြုလုပ်ခြင်းဖြစ်သည်ဟု ကုလက ပြောကြားလိုက်သည်။
ကုလနှင့် ဆီးရီးယား လခြမ်းနီအဖွဲ့တို့၏ အဆိုပါ အကူအညီပေးရေး ယာဉ်တန်းအား တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၃၀ သေဆုံးခဲ့ပြီး လော်ရီကား ၃၁ စီးမှ ၁၈ စီး၊ ကုန်လှောင်ရုံတစ်ခု၊ ဆေးခန်းတစ်ခုတို့ ဖျက်ဆီးခဲ့သည်။
ကုလကမူ တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် ရုရှားတိုက်လေယာဉ်များ ကောင်းကင်တွင်ရှိနေသည်ဟု ပြစ်တင်ပြောဆိုခဲ့ပြီး ရုရှားကမူ အကူအညီပေးရေးယာဉ်တန်းအား တိုက်ခိုက်မှုမရှိဟု ငြင်းဆိုခဲ့သည်။
“ကျွန်တော်တို့ရဲ့ စူးစမ်းဖော်ထုတ်မှုအရ ဒီတိုက်လိုက်မှုဟာ လေကြောင်းက ပြုလုပ်တယ်လို့ ဆုံးဖြတ်ခဲ့ပြီး အခြားသော ရင်းမြစ်တွေကလည်း ဒီလိုပဲ ပြသနေပါတယ်” ဟု UNOSAT မှ အကြံပေးဖြစ်သူ လားစ် ဘရွမ်လေးက ယနေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
Ref: Aljazeera
Comments