အောက်တိုဘာ ၁၀၊ ၂၀၁၆
M-Media
– မြန်မာနိုင်ငံမှ လာရောက်လာည်ပတ်သည့် ခရီးသွားအရေအတွက် သိသိသာသာတိုးလာရန် မျှော်လင့်နေသည်ဟု မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ‘စင်ကာပူပွဲတော်’ တွင် စင်ကာပူအစိုးရ တာဝန်ရှိသူက ပြောကြားလိုက်သည်။
၂ ရက်တာကြာမြင့်ခဲ့သည့် အဆိုပါ ပွဲတော်ကို စင်ကာပူ ခရီးသွားလာရေး ဘုတ်အဖွဲ့ STB က ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး စင်ကာပူနိုင်ငံအတွင်းရှိ ခရီးသွားများကို စွဲဆောင်နိုင်မည့် နေရာများကို အဓိကထား ပြသခဲ့သည်။
“စင်ကာပူကို မြန်မာနိုင်ငံက လာရောက်လည်ပတ်သူတွေ ပိုများလာဖို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်။ ၂၀၁၆ ပထမ ၇ လအတွင်းမှာ မြင်ခဲ့ရတဲ့ ၇.၈ ရာခိုင်နှုန်းလောက် တိုးလာတာကို ပြောတာဟုတ်ပါဘူး။ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ မြန်မာခရီးသွားတွေဟာ ဂဏန်း ၂ လုံးလောက် တိုးလာမယ်ဆိုရင် တစ်နှစ်ကို မြန်မာ ၂ သိန်းခွဲလောက် စင်ကာပူကို လာလည်တာ တွေ့ရမှာဖြစ်ပါတယ်” ဟု STB ၏ အရှေ့တောင်အာရှအတွက် အမှုဆောင်ဒါရိုက်တာဖြစ်သူ မစ္စတာ အဒ်ဝပ် ခို က ပြောကြားခဲ့သည်။
၂၀၁၅ ခုနှစ်အတွင်း စင်ကာပူသို့ သွားရောက်လည်ပတ်ခဲ့သည့် မြန်မာနိုင်ငံသား အရေအတွက်မှာ ၁၀၅၀၀၀ ရှိခဲ့သည်။
ယခုပြုလုပ်ခဲ့သည် စင်ကာပူပွဲတော်မှာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် အထိမ်းအမှတ်ကိုလည်း ဖော်ကျူးနေပြီး နှစ်နိုင်ငံစလုံးမှ နိုင်ငံသားများ ပိုမို ရင်းနှီးချစ်ကျည်ရေး ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံနှင့် စင်ကာပူတို့မှာ ယခုနှစ် ဒီဇင်ဘာမှစ၍ ဗီဇာမလိုဘဲ သွားလာနိုင်မည်ဖြစ်ပြီး စင်ကာပူသို့ လာရောက်လည်ပတ်သူတစ်ဦးအနေဖြင့် အများဆုံး ရက်ပေါင်း ၃၀ နေထိုင်နိုင်မည်ဖြစ်သည်။
Ref: Channelnewsasia
Comments