6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ၊ ၁၅၊ ၂၀၁၂
M-Media
သတင်း-ဖီးနစ်

ရထား ပြေးဆွဲနေစဉ် တာဝန်ချိန် အတွင်း တံတားပေါ်မှာ ဖြတ်ကူးနေတဲ့ လူနှစ်ဦးကို မတိုက်မိ စေဖို့အတွက် အရေးပေါ် ရပ်တန့်ကာ ကယ်တင်ခဲ့တဲ့ မီးရထား ၀န်ထမ်း ၂ ဦးကို ရထား ပို့ဆောင်ရေး ၀န်ကြီးဌာန၊ မြန်မာ့ မီးရထားမှ ရာထူး တိုးမြင့်ပေးခဲ့ပြီး Popular Plastic Industry Group မှ ဂုဏ်ပြု ချီးမြှင့်တဲ့ အခမ်းအနားကို အောက်တိုဘာလ ၁၄ ရက်နေ့က အင်းစိန် မြို့နယ်ရှိ စက်ခေါင်း စက်ရုံမှာ ကျင်းပ ပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။

လက်ထောက်စက်ခေါင်းမှူး ဦးဌေးနိုင်

အဆိုပါ အကြောင်းအရာ ဖြစ်ပွားတဲ့ နေရာကတော့ တံတား အမှတ် ၂၈ ၊ ထုံးကြီး၊ ဒါးပိန်ကြာ၊ မိုင် ၂၃/၂၄နဲ့ ၂၄/၁ နေရာမှာ ဖြစ်ပွား ခဲ့တာဖြစ်ပြီး ဧပြီလ ၁၀ ရက်နေ့မှာ ဖြစ်ပေါ် ခဲ့တာဖြစ် ပါတယ်။ ဒီလို ဖြစ်ပွားခဲ့မှုမှာ အမှတ် ၁၇၆ မော်လမြိုင်-ရန်ကုန် အစုန်ရထားဟာ မော်လမြိုင် ဘူတာမှ ထွက်ခွာလာပြီး နံနက် ၁၀ နာရီခန့်မှာ ထုံးကြီး ဘူတာကို ဖြတ်သန်း လာပြီး ဒါးပိန် ဘူတာသို့ ချဉ်းကပ် လာခဲ့ပါတယ်။ ဒီလို ချဉ်းကပ်လာတဲ့အခါ တံတား အမှတ် ၂၈ အပေါ် လူ ၄ ဦး ဖြတ်သန်း သွားနေတာကို တွေ့တဲ့ အတွက် ဟွန်းအဆက်မပြတ် တီးပြီး သတိပေး ခဲ့ပါတယ်။

ဒါပေမယ့်  အဘွားအို တစ်ဦးနဲ့ ကလေးငယ် တစ်ဦးတို့ ကတော့ အခြား သူများကဲ့သို့ အမြန် ရှောင်တိမ်းနိုင်ခြင်း မရှိဘဲ ရထားနဲ့ တိုက်မိနိုင်တဲ့ အခြေအနေ ဖြစ်ခဲ့တာကြောင့် စက်ခေါင်းမှူးမှ ရထားရဲ့ အရေးပေါ် ဘရိတ်နဲ့ စက်ခေါင်း ဘရိတ် တို့ကို အသုံးပြုကာ အမြန်ဆုံး ရပ်တန့် နိုင်အောင် ကြိုးစား ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအချိန် စက်ခေါင်းမှူး လက်ထောက်မှာ စက်ခေါင်း ရှေ့တွဲ ချိတ်ဆက်အုံ ပေါ်မှ ရထားပြေးနေစဉ် ရထားရှေ့သို့ ခုန်ဆင်း ပြေးပြီး အဖွားအိုနဲ့ ကလေးငယ်ကို တံတားပေါ်မှ တွန်းဖယ်ကာ တံတား အောက်သို့ ခုန်ဆင်းပြီး အသက် ကယ်တင် ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ မီးရထား ၀န်ထမ်း နှစ်ဦးကို Popular Plastic Industry Group မှ ဂုဏ်ပြုဆုများ ချီးမြှင့်ရာမှာ ရထားပေါ်မှ ခုန်ဆင်းကာ ကယ်တင်ခဲ့တဲ့ လက်ထောက် စက်ခေါင်းမှူးကို ငွေကျပ်သိန်း ၂၀ ဆု ချီးမြှင့်ခဲ့ပြီး စက်ခေါင်း ကြီးကြပ်ရေးမှူး ကိုတော့ ငွေကျပ် ၅ သိန်းချီးမြှင့် ခဲ့တယ်လို့သိရ ပါတယ်။

အဆိုပါ မြေးအဖွားနှစ်ဦးအား အသက်စွန့်ကာ ကယ်တင်ခဲ့သည့် လက်ထောက်စက်ခေါင်းမှူး ဦးဌေးနိုင်မှာ အစ္စလာမ်ဘာသာဝင် မြန်မာမွတ်စလင်မ် တစ်ယောက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ အတွင်း Weekly Eleven ဂျာနယ်သို့ ဖြေဆိုခဲ့သည့် အင်တာဗျူးတွင် ဦးဌေးနိုင်က “ကျွန်တော်က မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် တစ်ယောက်ပါ။ အဲဒီတော့ ဘယ်ဘာသာ၊ ဘယ်လူမျိုးရယ်မှ မဟုတ်ပါဘူး။ လူရယ်လို့ဖြစ်လာရင် ကယ်တင်ထိုက်သူကို ကယ်တင်ရမယ်လေ။ ကျွန်တော့် အနေအထားအရလည်း တာဝန်ပိုင်းမှာ ဖြစ်နေတယ်လေ။ ကျွန်တော်ကယ်တင်လို့ ရနိုင်မယ့် အရည်အချင်းမှာ ကျွန်တော်မကယ်တင်ဘူး ဆိုရင် လူသားမဆန်တဲ့သူ ဖြစ်သွားမယ်။ ၀န်ထမ်းကောင်းတစ်ဦးရဲ့ ကိုယ်ကျင့်စရိုက်၊ အတွေးစိတ်မရှိသူ ဖြစ်သွားမယ်” လိုပြောကြားခဲ့တယ်။

မိမိအသက်ကို ပဓာနမထားဘဲ မြေးအဘွားနှစ်ဦးအား ကယ်တင်နိုင်ခဲ့သူ လက်ထောက် စက်ခေါင်းမှူး ဦးဌေးနိုင်အား အစ္စလာမ်ဘာသာရေးအဖွဲ့များမှ ဂုဏ်ပြုပွဲပြုလုပ်ပြီး ဆုငွေများချီးမြှင့်ခဲ့ကြပါတယ်။ ရန်ကုန်မြို. အစ္စလာမ်ဓမ္မဗိမာန် (Islamic Center Of Myanmar)မှ ဆုတော်ငွေကျပ်(၁၀) သိန်း ကိုမေလ (၁၂) ရက် အစ္စလာမ်ဓမ္မဗိမာန် တွင်ကျင်းပသည့် တမန်တော်နေ့အခမ်းအနားကြီးတွင် ထိုက်တန် စွာချီးမြှင့်ခဲ.သည်။

၁၄၈၆ ကြိမ်မြောက် တမန်တော်နေ့ကျင်းပရေးဗဟိုကော်မတီ က မေလ (၂၀) ရက် က ယုဇနဂါးဒင်းဟိုတယ် တွင်ကျင်းပ သည့် တမန်တော်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကြီးတွင် ဆုတော်ငွေကျပ် (၅) သိန်းကိုထိုက်တန် စွာချီးမြှင့်ခဲ.သည်။

ယင်း ဂုဏ်ပြုဆုတော်ငွေကို ဗဟိုကော်မတီကိုယ်စား ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေ မှချီးမြှင့်ခဲ့ပါတယ်။

လက်ထောက် စက်ခေါင်းမှူး ကိုယ်ရေးအကျဉ်း

အမည်    –    ဦးဌေးနိုင်
မိဘအမည်    –    ဦးမူဆာ၊ ဒေါ်မြင့်မြင့်ကြည်
မွေးသက္ကရာဇ်    –    ၁၅-၉-၁၉၇၃
မွေးရပ်    –    ပုသိမ်မြို့၊  ဧရာဝတီတိုင်းဒေသကြီး။
ရာထူး    –    စက်ခေါင်းမှူးလက်ထောက်(၁)။
တိုင်းအမှတ်(၇)၊ မလွှကုန်း ဒီဇယ်စက်ခေါင်းပြုပြင်စက်ရုံ၊

 

မှီငြမ်းသတင်း- MRTV-4

Leave a Reply