6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၁၆ ၊ ၂၀၁၂

ရန်ကုန်၊   ။  ဖေ့စ်ဘုတ်ခ်ပေါ်မှာရှိတဲ့ ကိုယ့်ရဲ့စိတ်ခံစားချက်အတွက် နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး မှတ်ချက်ရေး နေကြတာတွေမှာသည် မှတ်ချက်တွေကို တခြားနိုင်ငံတွေက ကိုယ့်နိုင်ငံကို ဖိအားပေးဖို့ လက်နက်တစ်ခုလို အသုံးပြုနေကြတယ်လို့ သိရပါတယ်။

   ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင် ဦးဇာဂနာက “ဖေ့စ်ဘုတ်ခ်မှာ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး မှတ်ချက် ရေးနေကြတာတွေကို ကျွန်တော်တို့က မလုပ်နဲ့ဆိုပြီး တားဆီးပိုင်ခွင့် မရှိဘူး။ ဒါပေမယ့် ကျွန်တော် မေတ္တာရပ်ခံချင်တာ တစ်ခုက စိတ်ထဲမှာရှိတဲ့ စိတ်ခံစားချက်တွေကို မရေးဖို့တောင်းဆိုချင်ပါတယ်။ အခုလိုလုပ်နေရင် ကျွန်တော်တို့ တစ်နိုင်ငံလုံးကို နိုင်ငံတကာက ဖိအားပေးဖို့ ဒီမှတ်ချက်တွေကို လက်နက်တစ်ခုလို သုံးနေတာကို အားလုံးသိစေချင်တယ်” လို့ပြောပါတယ်။

ပြည်တွင်းကဘယ်သူတွေမှန်း မသိတဲ့သူတွေက တခြားဘာသာဝင်တွေကို ဖေ့စ်ဘုတ်ခ်ကနေ နစ်နစ်နာနာ ပြောပြီး ဆဲဆိုတဲ့ မှတ်ချက်တွေကို အိုအိုင်စီလိုအဖွဲ့အစည်းက စနစ်တကျစုပြီး ကမ္ဘာ့ကုလသမဂ္ဂကို တိုင်စာပို့ထား ပါတယ်။
အခုလိုစုပြီး ပို့ထားတဲ့အခါကျတော့ ဖေ့စ်ဘုတ်ခ်မှာရှိတဲ့ မြန်မာလိုရေးနေကြတာကို ကြည့်ပြီး သူတို့ ဘာသာဝင်တွေ အပေါ် စေတနာမမှန်ဘူး၊ လူမျိုးပြုတ်စေချင်တဲ့ စိတ်တွေ ရှိနေပါတယ်ဆိုပြီး အိုအိုင်စီ အဖွဲ့အစည်းက တိုင်ကြားတာဖြစ်တယ်လို့ ဦးဇာဂနာထံမှ သိရပါတယ်။

ဒါတွေကလည်း ယူအင်န်မှာ စဉ်းစားစရာတစ်ချက် ရသွားတာပေါ့။ အကယ်၍ သည်မှာ ဘာမှ မရေးကြဘူးဆိုရင် ထောက်ပြစရာ အချက်က ရှိလာမှမဟုတ်ဘူး။ ကမ္ဘာ့အလယ်မှာ ထောက်စရာအချက်တစ်ချက် ရှိလာတာကြောင့် သူ တို့တွေမေးရင် ကော်မရှင် အနေနဲ့လည်း ရှင်းရခက်တယ်။ အစိုးရအဖွဲ့အနေနဲ့လည်း ရှင်းရခက်တယ် လို့သူကဆိုပါတယ်။

ဘက်ပေါင်းစုံရဲ့ဒဏ်ကို ပြည်တွင်းမှာခံနေရတဲ့အချိန်မှာ ဖေ့စ်ဘုတ်ခ်က ကိုယ့်ရဲ့စိတ်ခံစားချက် မှတ်ချက်တွေကို မီဒီယာ တိုက်ကွက်တစ်ခု အနေနဲ့ အသုံးချလာတဲ့အခါမှာ ကိုယ့်ဘက်မှာ ဘာအင်အားမှမရှိဘူးဆိုတာကို မှတ်ချက်ရေး တဲ့ သူတိုင်းကို အသိပေးချင်ပါတယ် လို့ ဦးဇာဂနာကဆိုပါတယ်။

ဒီအေဝိုင်

Leave a Reply