6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သဘာဝတရာကို စူးစမ်းတက်သော ၊ မှန်းဆ ချက် များကို ဂဂနနသိလိုစိတ်ပြင်း ပြတက်သော  စိတ်ဓါတ်တို့ဖြင့် ဆယ်စုနှစ်များစွာကတည်းက လျှိုဝှက် ပုစ္ဆာ သဖွယ် ဖြစ်ခဲ့ သော ပန်းကန်းပြားပျံ  ဖြစ်ရပ်ဆန်းတို့ကို ယနေတိုင်စူးစမ်းသုသေတနပြု လေ့လာလျက်ရှိနေသည်။ ယခုနှစ်အတွင်း ပန်းကန်ပြား ပျံ  (UFO)  တို့ကို ကမ္ဘာအနှံ တွင် ပိုမိုတွေရှိလာခဲ့သည်မီဒီယာများတွင် ဖေါ်ပြခဲ့ကြသည်။

တရုတ်နိုင်ငံ၌ ၄လအတော အတွင်း ပန်ကန်ပြားပျံများ ၈ ကြိမ်ခန့် တွေမြင်လိုက်သဖြင့် လူပြောသူပြောများကာ အထူး အာရုံ စိုက်စရာဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယား  Boutouလေဆိပ်အနီးကောင်ကင်ယံ တွင် လည်း ပန်းကန်ပြားပျံ (UFO) တစ်စီးကို  နောက်ဆုံးအကြိမ်အဖြစ်မြင်တွေ့လိုက်ရပြီးနောက် လေဆိပ်အား တစ်နာရီခန့်ကြာအောင်ပိတ်ပင်ထားလိုက်သည်။  မျက်မြင်သက်သေများပြောဆိုချက်အရ လေဆိပ်အနီးရှိ ကောင်းကင်တွင်တောက်ပနေသော အလင်း တန်း တစ်ခုရွေလျားနေပုံ မြင်တွေ လိုက် ရကြောင်း၊ ၄င်းယာဉ်ပျံကိုရိုက်ကူထားသော ဗီဒီယိုကို youtube ၀က်ဆိုက်တွင် တင်ထားကြောင်းသိရသည်။

ပြီးခဲ့သော ဇူလိုင်တွင် Hangzhouမြို့၏ Xiaosham လေဆိပ် ၊စက်တင်ဘာလတွင်  ပီကင်းလေ ဆိပ်နှင့် အခြားသော တရုတ်နိုင်ငံဒေသများ တွင်လည်း အလားတူ ပန်းကန်ပြာပျံများ အား တွေ့မြင်ခဲ့ကြသည်။  ပဟေဠိဆန်နေသော ပန်းကန်ပြားပျံများသည် ကောင်းကင်ယံတွင် လှစ်ကနဲမြင် ရပြီးနောက် ပျောက်ကွယ်သွား လေ့ရှိ တက် သဖြင့် သုတေသီများ က ၄င်း တို့ကို မြင်တွေရသော လူများ၊ ဓါတ်ပုံများ ၊ဗွီဒီယို ရေဒါ မြင်ကွင်းများကိုသာ အားထား ရသဖြင့် တိတိပပ မဖြေရှင်း နိုင်ကြ သေးချေ။

ပန်ကန်းပြားပျံလေ့လာရေးတွင် ၃၉နှစ်ကြာ ပန်ကန်းပြာပျံလေ့လာရေးအတွေ့အကြုံရှိ တရုတ်အမျိုးသာ သိပ္ပံ အကယ်ဒမီ  သုသေတနပညာရှင် Wang Sicho က ၄င်းယာဉ်ပျံများကို  ၁ ။၂၊ ၇  ဂဏန်းဖြင့်ဆုံးသော ၁၉၇၁၊ ၁၉၈၁ ၊ ၁၉၈၂ ၊၁၉၉၁၊ ၁၉၉၂ ၊ ၂၀၀၂ ၊ ၁၉၇၇ ၊ ၁၉၈၇၊  ၂၀၀၇ ၊ စသည့်  နှစ်များတွင် အများဆုံးတွေ့ရှိရသဖြင် ၂၀၁၁ နှင့် ၂၀၁၂  တို့တွင် လည်း ပိုမိုတွေ့ရှိနိုင်ကြောင်း ပြောပြခဲ့သည်။ လှစ်ကနဲ  တွေ့မြင်နေရေသည့် ပန်ကန်ပြားပျံ တို့၏နည်းပညာများသည် လူတို့
တွေးမ ထင် ထားသည် ထက် ပိုမို မြင့်မားနေသည်။“   ဒီ ယာဉ်တွေက အမြင့်  ကီလိုမီတာ ၁၃၀ကနေ ၁၅၀၀အကြားမှာ ၁စက္ကန့်ကို ၀.၂၉မီတာလောက်နဲ့ ၂၅မိနစ်
ကြာအောင် ပျံဝဲနိုင်ကြပါတယ် သေချာတာကတော့   ဒီပန်းကန်ပြားပျံတွေမှာကမ္ဘာ မြေဆွဲအားကို လွန်ဆန်နိုင်တဲ့ နည်းပညာကြောင့် ဒီလို နှုန်းအနိမ့်လေးနဲ့
လေထဲမှာ ရစ်နိုင်တာပါပဲ ” ဟု သူ၏ ဆန်းစစ်သုသေတနပြုချက်များကို ကိုးကား  ပြောပြပါသည်။
အဆိုပါ ယာဉ်များနှင့်ပတ်သက်ပြီး လူတို့ ၏ စိတ်ဝင်စားမှုသည်  ယနေ့ ကာလ များတွင်သာမက  ရှေးတရုတ် မင်းဆက်များကလည်း အာရုံစိုက်ခဲ့ကြကြောင်း ရာဇ၀င်သမိုင်တွင် တွင်ပါရှိခဲ့သည်။   SONG မင်းဆက်တွင် ထင်ရှားခဲ့သော သိပ္ပံပညာရှင် Shen Kuo (၁၀၃၁-၁၀၉၃)သည် သူ၏  Dream pool essays စာအုပ်တွင် ပန်ကန်းပြားပျံကို  မြင်တွေ့ခဲ့ကြောင်းမှတ်တမ်းရေသားဖေါ်ပြထားခဲ့သည်။  Qing မင်းဆက် (၁၆၄၄-၁၉၁၂ ) ရှိ ပန်းချီဆရာ Wu Youru ကလည်း နန်ကျင်းမြို့ပေါ်တွင် ၀ဲနေသော မီးဘောလုံး အား လူအများ  ၀ိုင်းအုံကြည့်နေပုံကို  ပုံဖေါ်ရေးဆွဲခဲ့သည်။
ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာန၏ ပန်ကန်းပြားပျံလေ့လာ စီမံကိန်း  အကြီးအကဲဟောင်း nick pope  က အခြားကမ္ဘာတွင် သက်ရှိများ တည်ရှိနေသည်မှာ သံသယဖြစ်ဖွယ်မရှိကြောင်း နှစ်ပေါင်း ၂၀ကျော် ပန်ကန်းပြားပျံလေ့လာခဲံရာ တွင် နှစ်စဉ် ပန်ကန်းပြားပျံ တွေရှိချက်ပေါင်း ၂၀၀ မှ ၃၀၀  ကျော်ရှိကြောင်း  ပြောဆိုပါသည်။ ကျွန်တော်က တခြားကမ္ဘာမှာ သက်ရှိ တွေ ရှိနေတာကို လက်ခံပါတယ် တချို့ သက်ရှိတွေဆိုရင် အသိညဏ်မြင့်မားကြပါတယ် သူ၏  အမြင်ကို ပြောကြားခဲ့သည်။ သိပ္ပံပညာရှင်များ သည် သဲကြီး မဲကြီး ဖြင့် ပန်ကန်ပြားပျံများလေ့လာ နေရနေခြင်း နှင့်ပတ်သက်ပြီး တရုတ် သုသေတနပညာရှင် Wang Sicho က  “ကမ္ဘာ ကြီးရဲ့ အနာဂတ်ကြမ္မာ ၊ နိုင်ငံတွေရဲ့ကာကွယ်ရေး ဆိုင်ရာ  ဂဏ္ဍတွေအတွက် ပန်းကန်ပြားပျံဖြစ်ရပ်တွေ ကိုလေ့လာဖို့ က အရေးကြီးလာ နေပါတယ်”  ဟု ပြောဆိုခဲ့သည်။ တစ်ချို့လေ့လာသူများက လည်း ၄င်းယာဉ်ပျံများသည်  အမေရိကန်အပါဝင် နည်းပညာဖွံ့ဖြိုးသော နိုင်ငံများ၏ ကမ္ဘာသို့ လှည်စားနိုင် ရန် အတွက် တရားဝင် မထုတ်ပြ သော အဆင်မြင့် ယာဥိများသာဖြစ်မည်ဟု ထင်ကြေးပေးကြသည်။
မည်သို့ပင်ဖြစ်စေ အခြားကမ္ဘာတွင် လူသားထက် အဆင့်မြင့် သက်ရှိ ရှိသည်ဟု ပြောဆိုချက် များသည် လည်း တကယ်တမ်းတွင် လှစ်ကနဲမြင် ကွယ်ပျောက် သွားတက်သော အမည်မသိယာဉ်များ ၏ ရေဒါမြင်ကွင်း၊ မှန်ပြောင်း ၊  ဓါတ်ပုံ ၊ ပြောဆိုချက်များ အပေါ်ကိုသာ အခြေခံထားသည်ဖြစ်ရာ ၄င်းတို့သည်  အများယုံကြည်လက်ခံနိုင်လောက်သော အားကောင်းသော သက်သေများ မဟုတ်ကြသေးချေ၊ အဆင့်မြင့် သက်ရှိ ၊ ပန်ကန်းပြားပျံ များတကယ်တည်ရှိ နေ ကြောင်းကို ဖေါ်ပြသည့် လက်ဆုပ်လက်ကိုင်ပြစရာ သက်သေ ဟူ၍ မူးလွှိုရှုစရာပင် မရှိသေးကြောင်း သုံးသပ်တင်ပြလိုက်ပါသည်။
ကိုးကား…    linyone, .theepochtimes , bjreview , newsoxy

Leave a Reply