အောက်တိုဘာ ၂၅၊ ၂၀၁၂
စီအင်အေသတင်း
source: http://www.channelnewsasia.
မြန်မာအနောက်ပိုင်းတွင် ဖြစ်ပျက်လျက်ရှိသည့် လူမျိုးရေးအဓိကရုဏ်းကြောင့် လူ ၂၀ ဦး အနည်းဆုံးသေဆုံးခဲ့ပြီး လူထောင်ပေါင်းများစွာ ထွက်ပြေးခဲ့ရသည်ဟု မြန်မာအစိုးရဘက်မှ ကြာသပတေးနေ့တွင် ပြောကြားခဲ့အပြီးနောက် ကုလသမဂ္ဂက ရခိုင်အရေးကို အလွန်အန္တရာယ်ရှိ အရေးကြီးအဆင့်အဖြစ် ဖော်ပြလိုက်ကြောင်း စီအင်အေသတင်း တစ်ရပ်အရသိရှိရသည်။

ကျောက်ဖြူမြို့တွင် ရခိုင်အကြမ်းဖက်သမားများ မီးရှို့သတ်ဖြတ်မှု့ကြောင့် စက်လှေများဖြင့် ထွက်ပြေးလာရသော မွတ်စလင်များ
အာဏာပိုင်များ၏အဆိုအရ ဇွန်လမှစ၍ ယနေ့ထိ လူပေါင်း ၁၀၀ ကျော် သေဆုံးပြီးဖြစ်ကြောင်းနှင့် ရခိုင်တွင် အရေးပေါ်အခြေအနေ ကြေညာထားကြောင်း၊ ပေါက်ကွဲမှုအရှိန်အဟုန်မှာ ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ကြောင်း စီအင်အေသတင်းက ဖော်ပြသည်။
ရခိုင်ပြည်နယ်အရေးဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ် မျိုးသန့်က လူ ၂၀ သေဆုံးပြီးဖြစ်ကြောင်း၊ လူငါးဆယ်လည်း ဖြစ်နိုင်ကြောင်း၊ ၄င်းတို့အနေဖြင့် အတည်ပြုရန် ခက်ခဲသည့် အနေအထားတွင် ရှိနေကြောင်း အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။
ကုလသမဂ္ဂကမူ အရေးကြီး အန္တရာယ် ကျရောက်မှုအဖြစ် ဖော်ပြလိုက်ပြီး ငြိမ်သက်မှုတစ်စုံတစ်ရာ ရရှိစေဖို့ တောင်းဆိုလိုက်ကြောင်း အဆိုပါသတင်းက ဖော်ပြသည်။
“ကုလသမဂ္ဂဆီကို အိုးအိမ်မဲ့သတင်းတွေ၊ ဖျက်ဆီးခံရမှုသတင်းတွေ ရောက်ရှိနေပါတယ်။ ရခိုင်ပြည်နယ်ရဲ့ ထပ်မံဖြစ်ပျက်လာတဲ့ အခြေအနေဆိုးကြောင့် သေကြေမှုတွေ အမျိုးသမီးတွေရော ကလေးတွေပါမကျန် အိမ်တွေကိုပစ်ပြီး ထွက်ပြေးရတာတွေက ရလဒ်တွေပါပဲ” ဟု ကုလသမဂ္ဂဌာနေကိုယ်စားလှယ်နှင့် မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး ပူးပေါင်းဆောင်ရွက်သူ အရှုတ်ခ် နီဂမ်က ပြောကြားသည်။
သူ့အနေဖြင့် အဖွဲ့အစည်းအားလုံးတို့ထံ လူ့အခွင့်အရေးစံနှုန်းများဖြင့် ချွင်းချက်မရှိ ချက်ချင်း ချဉ်းနင်းဝင်ရောက်ဖို့ တောင်းဆိုပါကြောင်း ကိုလည်း ပြောကြားသွားခဲ့သည်။
ဇွန်လနောက်ပိုင်း လူပေါင်း ၇ သောင်း ၅ ထောင်ခန့်မှာ အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး ယင်းအခြေအနေကို ကုလသမဂ္ဂက လူပြွတ်သိပ်ကြပ်တည်း ပြီးဖြစ်နေသည့် စစ်တွေ ဒုက္ခသည်စခန်းသို့ နောက်ထပ် ထပ်ပေါင်းရောက်ရှိလာမှုကြောင့် ကြောက်ရွံ့ထိတ်လန့်ဖွယ် အခြေအနေအဖြစ် ဖော်ပြလိုက်သည်။
ရိုဟင်ဂျာအခွင့်အရေးလှုပ်ရှားသူ ခရစ်လီဝါကမူ ယင်းကဲ့သို့သောအခြေအနေမှာ စိုးရိမ်စရာအလွန်ကောင်းနေကြောင်
ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသည့် အေအက်ဖ်ပီသတင်းထောက်ကမူ စစ်တွေတွင် ရိုဟင်ဂျာများကို ၀ိုင်ယာကြိုး များဖြင့် ပြုလုပ်ထားသည့် ထောက်ချောက်ကြီးများထဲတွင် ထည့်ထားကာ လက်နက်ကိုင်အစောင့်များဖြင့် မြို့အစွန်တစ်နေရာတွင် ထားထားကြောင်း ပြောကြားသည်။
ထိုအရေးအခင်းကြောင့် ကျယ်ကျယ်ပြန့်ပြန့် နာမည်ကောင်း
Comments