6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၂၆၊ ၂၀၁၂
M-Media
ဇာဏီ

 

သဲချောင်း (၂၆.၁၀.၁၂၊ နေ့လည် ၃း၄၀ နာရီ)

ရခိုင်မှာ ဒီနေ့လည်းဆက်ပြီးတော့ အခြေအနေတွေက ဆိုးဝါးနေပါတယ်။ ကျောက်ဖြူကနေ စက်လှေတွေနဲ့ထွက်ပြေးလာတဲ့ မွတ်စလင်မ်ဒုက္ခသည်ထဲက တချို့က စစ်တွေ သဲချောင်းမှာ ရောက်ရှိနေပြီး၊ ပေါက်တောနဲ့ ကျောက်ဖြူက ကျန်တဲ့ ဒုက္ခသည် ၅၀၀၀ ကျော် ၆၀၀၀ နီးပါးကို ရေတပ်က ရွာထဲကို ပေးမ၀င်တော့ပဲ မောင်းတောအလွန် အငူမော်ကျွန်းကို ပို့မယ်လို့ဆိုကြောင်းသိရပါတယ်။

ဒုက္ခသည်အများစုက အစ္စလာမ်ကိုးကွယ်သူ ကမန်တိုင်းရင်းသားများဖြစ်ကြပါတယ်။ M-Media က နေ့ လည် ၃း၄၀မှာ ကမန် ဒုက္ခသည်တဦးနဲ့  အင်တာဗျူးခဲ့ရာ ခုလိုပြောပြပါတယ်။

“အဲဒီ စက်လှေတွေနဲ့ပဲ လွှတ်မယ်လို့ပြောတယ်။ အငူမော်ကျွန်းက စားစရာမရှိ၊ ရေမရှိတာကြောင့် ဒုက္ခသည်တွေ အစာရေစာငတ်ပြီး သေဖို့ပဲရှိပါတယ်။ အဲဒီဒုက္ခသည်တွေရဲ့ စက်လှေတွေကို ရေတပ်ဗိုလ်မှူးဦးမောင်မောင်ဦးက သိမ်းယူထားပါတယ်။ ဒုက္ခသည်တွေကတော့ အငူမော်ကျွန်းကို မသွားလိုပဲ ရွာမှာပဲနေမယ်လို့ ပြောနေကြပါတယ်။ ပေါက်တောက အမျိုးသမီးတစ်ယောက် ဒီနေ့ပဲ သေသွားပါတယ်။ သူကတော့ စက်လှေပေါ်မှာ ၂-ရက် ၃-ရက် အစာရေစာငတ်ပြတ်ပြီး သေသွားတာပါ။ အခုလည်း ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက် ဗိုက်နာလို့ အော်နေတယ်။ ဘယ်သူမှ ဘာမှလည်း လုပ်မပေးနိုင်ကြဘူး။ ဒီလိုဆိုရင် ဒုက္ခသည်တွေအားလုံး ပိုပြီး ဒုက္ခရောက်ဖို့ပဲရှိတယ်။ အားလုံးလည်း စိုးရိမ်နေကြပါတယ်။”

သဲချောင်းဓာတ်ပုံများကို M-Media Facebook မှာ ကြည့်ရှုနိုင်ပါတယ်။

Links

Leave a Reply