News @ M-Media

နှစ် ၉၀ ပြည့်မှာ ပါဝါပြတဲ့ တရုတ်စစ်တပ်

ဇူလိုင် ၃၁၊ ၂၀၁၇
M-Media

– တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်တည်ထောင်မှု နှစ်ပေါင်း ၉၀ ပြည့်မြောက်တဲ့ အထိမ်းအမှတ်အဖြစ် တရုတ်က မနေ့မှာ ကြီးကျယ်တဲ့ စစ်ရေးပြပွဲ အခမ်းအနားတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

တပ်ဖွဲ့ဝင် ၁၂၀၀၀ ကျော် ပါဝင်ပြီး၊ စစ်လက်နက်ပစ္စည်းပေါင်း ၆၀၀ ကျော်နဲ့ လေယာဉ်ပေါင်း ၁၀၀ ကျော်ကို အသုံးပြုထားတဲ့ ဒီစစ်ရေးပြအခမ်းအနားကို တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်ခဲ့ပါတယ်။ ဒီအခမ်းအနားမှာ လက်နက်အသစ်တွေကိုလည်း တရုတ်က ထုတ်ပြခဲ့ပါတယ်။

တရုတ်ဟာ လတ်တလောမှာ မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုတွေကြောင့် ဖိအားတွေရှိနေပြီး အမေရိကန်သမ္မတ ထရမ့်က မြောက်ကိုရီးယားကို မကိုင်တွယ်မှုနဲ့ ပတ်သက်ပြီး တရုတ်ကို မနေ့မှာ ဝေဖန်ပစ်တင်ခဲ့ပါတယ်။

ဒီဗီဒီယိုမှာတော့ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်ရဲ့ အင်အား တစ်စိတ်တစ်ပိုင်းကို တွေ့မြင်ရမှာပါ။