6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ၊ ၂၇ ၊ ၂၀၁၂
M-Media
သတင်း-ဇာဏီ

 

ရခိုင်အကြမ်းဖက်သများ၏ မီးရှို့လူသတ်လုပ်ရပ်များကြောင့် ကျောက်ဖြူမှ ထွက်ပြေးခဲ့ရသော မွတ်စလင်ဒုက္ခသည်များ

ဆင်တပ်မှော်ရွာ (စစ်တွေတဘက်ကမ်း) (၂၇.၁၀.၁၂၊ မနက် ၁၀း၄၅ နာရီ)

ကျောက်ဖြူကနေ ထွက်ပြေးလာတဲ့ မွတ်စလင်မ်ဒုက္ခသည်တစ်ဦးနဲ့ အဆက်သွယ်ရပါတယ်။ အဆက်သွယ်ရခိုက် မေးမြန်းဖြစ်ခဲ့ပါတယ်။

“ကျွန်တော် အခု စစ်တွေတဘက်ကမ်းက ဆင်တပ်မှော်မှာ ရောက်နေပါတယ်။ ၂၂-ရက်နေ့ကတည်းက ကျောက်ဖြူက ထွက်လာတာ။ ၂၅-ရက်နေ့မှာ ဒီကိုရောက်တယ်။ ဟုတ်တယ် လူတွေအများကြီး တစ်ကွဲတစ်ပြားစီပဲလေ။ ကျွန်တော်တို့နဲ့အတူတူ ဒုက္ခသည် ၃၅၀၀ ကျော်ပါတယ်။ ဒီမှာ လုံခြုံရေးလည်းမရှိဘူး။

ဒီရွာမှာ အိမ်ခြေ (၆၀၀)ကျော်ရှိတယ်။ သူတို့တွေကပဲ ကျွန်တော်တို့ကို ကူညီပေးထားတယ်။ ဒီရွာကလည်း စစ်တွေကို အားပြုပြီးနေရတာ၊ ဆင်းရဲတယ်။ အခုထိတော့ ကျွန်တော်တို့တွေကို သူတို့ကျွေးထားတယ်။ စားရေရိက္ခာလည်း အခု ပြတ်လတ်လာပြီ။ မရှိတော့ဘူး။ ရိက္ခာပြတ်တောက်လာပြီ။

ပြီးတော့ တစ်ခြားရွာတွေက ဒီရွာကို ခြိမ်းခြောက်တယ်။ ကျွန်တော်တို့တွေကို လက်ခံထားရင် ဒီရွာကိုလည်း ပြဿနာရှာမယ်ဆိုတော့ အားလုံးလည်း ကြောက်လန့်နေကြတယ်။ ကျွန်တော်တို့ ထွက်သွားဖို့ကလည်း စက်လှေတွေမှာ ဆီမရှိတော့ဘူး။ ဘယ်လိုလုပ်ရမှန်းလဲမသိတော့ဘူး။ ဒုက္ခသည်တွေအတွက် ဘယ်လိုတွေ လုပ်ပေးကြမလဲ။ ကျွန်တော်တို့တွေအတွက် ဘယ်သူတွေ ဘာမှ မကူညီနိုင်ကြတော့ဘူးလားဗျာ။ ကျွန်တော်တို့အားလုံး သေရမယ့်နေ့ကို ထိုင်စောင့်နေရပါတယ်။”

 

သဲချောင်းဓာတ်ပုံများကို M-Media Facebook မှာ ကြည့်ရှုနိုင်ပါတယ်။

Leave a Reply