6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)
နိုဝင်ဘာ၊ ၂ ၊ ၂၀၁၂
M-Media
ရေးသူ -တင်မင်းထွဋ်
၁၀တန်းဖြေပြီး ခါစလောက်က ရန်ကုန်ဘူတာကြီးရဲ့ စာအုပ်အရောင်းဆိုင်မှာ အရောင်ဝန်ထမ်းလုပ်တုန်းက အကြောင်းလေးတစ်ခုပေါ့။ သာမန်ရိုးကျလေးပါပဲ။ ဘူတာကြီးဆိုတော့ အနယ်အရပ်ရပ်ကို သွားမယ့် ခရီးသည်တွေ အနယ်နယ်အရပ်ရပ်ကနေ ရန်ကုန်မြို့ တော်ကြီး ကို လာတဲ့ခရီးသည်တွေနဲ့  ၂၄နာရီ နီးပါး စည်းကားခဲ့တယ်။ အခုလို ခြောက်ကပ်ကပ်ကြီးနဲ့  အချိန်ပိုင်းလာက်သာ စည်ကားတဲ့နေရာ မဟုတ်ခဲ့ပါဘူး။
ကျွန်တော်တို့ က စာအုပ်ဆိုင်ဆိုတော့ မုန့် ဆိုင်တွေ – စားသောက်ဆိုင်တွေလို့ တော့ ခရီးသည် အစုံမလာကြပါဘူး။ နောက်ပြီး လွန်ခဲ့သော ၁၅နှစ်လောက်ကလည်း အခုလို ဂျာနယ်တွေ များစားစား မထွက်သေးသလို ဂျာနယ်ခေတ်လည်း မဟုတ်သေးဘူး။ ဂျာနယ်တွေက တစ်ရက်ကို တစ်စောင်နီးပါးတောင် အသစ်မရှိသေးပါဘူး။  နှစ်ရက်ခြား သုံးရက်ခြားလောက်တောင် လက်ချိုးရေလို့ ရတဲ့ ဂျာနယ်တွေပဲ ရှိသေးတယ်။ အဲဒီအချိန်တုန်းက စာအုပ်ဖတ်တဲ့သူ တော်တော်ကို များသေးတယ်။ စာအုပ်ဆိုင် အများစု ရပ်တည်နိုင်ကြသေးတယ်။ အထွေထွေ စရိတ်တွေကလည်း သိပ်မကြီးသေးတဲ့ အတွက် လူအများစု စာအုပ်ဘက်ကို ခြေဦးလှည့်နိုင်ခဲ့ကြတယ်။ နောက်ပိုင်းနှစ်တွေမှာ တစ်စတစ်စ ရုန်းကန်လာခဲ့ရတာ အများစုက စာအုပ်တွေနဲ့  အလှမ်းဝေးခဲ့ကြတယ်။ အခုချိန်မှာ စာအုပ်တစ်အုပ်ရဲ့  ဈေးနှုန်းက အနည်းဆုံး ဒံပေါက်တစ်ပွဲစာ ဖြစ်သွားခဲ့ပြီ။
ဆက်ပြောရရင်ဗျာ အဲဒီတုန်းက ကျွန်တော်တို့ ကို အများဆုံးဝယ်ယူအားပေးတာက သံဃတော်တွေရယ် မွတ်စ်လင်မ်မဟုတ်တဲ့ အခြားအလွှာစုံက ပုဂ္ဂိုလ်တွေရယ်ပေါ့။ ကျွန်တော်တို့  မွတ်စ်လင်မ်အများစုကတော့ စာအုပ်တောင် ၀င်မမြည်းကြပါဘူး။ မတတ်နိုင်တာမဟုတ်ဘူးနော်။ နားမလည်ကြတာ။ ၁၀ယောက်မှာ တစ်ယောက်လောက်ပဲ ၀င်ကြတာများတယ်။
နောက်ပိုင်း ဂျာနယ်ခေတ်ရောက်တော့လည်း အားကစားဂျာနယ်ကို တစ်ပြိုင်ထဲ ၃-၄စောင် ၀ယ်ကြပင်မဲ့ ပညာရပ်ဆိုင်ရာ ကျန်းမာရေးဆိုင်ရာတို့ ကြတော့ ၀ယ်ဖို့ တွန့် ကြပါတယ်။ အခုနောက်ပိုင်း ၅နှစ်၆နှစ်မှာတော့ ဘယ်လို့  လည်း မသိတော့ပါဘူး။ ကျွန်တော် တွေ့ ခဲ့တဲ့ အပိုင်းလောက်အထိကတော့ အများအားဖြင့် အဲဒီလိုပါပဲ။ စာအုပ်ကတော့ ကိုယ့်ဘသာသာရေးက လွဲပြီး တခြားစာအုပ်ကတော့ မ၀ယ်တာများတယ်။  မ၀ယ်တာများတော့ မဖတ်ဖြစ်တော့ဘူးပေါ့။
အရောင်းရဆုံးက ဗုဒ္ဓဘာသာတရား စာအုပ်တွေပေါ့။ အဲဒီတုန်းက ရသပိုင်းတွေကလည်း နံပါတ်(၂)မှာ ရှိသေးတယ် ၊ အခုလို ဟာသနဲ့ အချစ်စာအုပ်တွေက နံပါတ် ၂ မဟုတ်သေးဘူး။ တက်ကျမ်းလို့ ပဲခေါ်ခေါ် စိတ်ဓါတ်မြင့်တင်ရေးဘဲ ခေါ်ခေါ် စာအုပ်တွေလည်း ရောင်းကောင်းပါတယ်။ ဒီတော့ဗျာ အများဆုံးဆက်ဆံရတာက အနယ်နယ် အရပ်ရပ်က ဘုန်းတော်ကြီးတွေ၊ တိုက်အုပ် ဆရာတော်တွေရယ် ၊ စာသင်သားတွေ များပါတယ်။ ၀န်ထမ်း ၄ယောက်မှာ ကျွန်တော်က လွဲပြီး ကျန်တာက ဗုဒ္ဓဘာသာဝင်တွေပါပဲ ။ အခုလိုခွဲခြားဆက်ဆံတာတွေ မရှိခဲ့ပါဘူး။ ဘုန်းတော်ကြီးတွေ နဲ့ လည်း  အဆင်ပြေပါတယ်။ ပုံမှန် တစ်လတစ်ခါ နှစ်လ တစ်ခါလောက်ခရီး သွားလိုက် လာလိုက် လုပ်တဲ့ ဆရာတော်ကြီးတွေ ၊ စာသင်သားဘုန်းဘုန်းတွေ နဲ့ လည်း တွေ့ ပါများတော့ မျက်မှန်း တန်းမိလာတယ်။
ပြောကြဆိုကြရင်းနဲ့  တစ်စတစ် ရင်းနှီးလာခဲ့တယ်။ တစ်ချို့ စာအုပ်တွေ ကျွန်တော်တို့ ဆိုင်မှာ မရှိသေးတာတွေ ရောင်းသင့်တဲ့ စာအုပ်တွေကို ဆရာတော်တွေက အကြံပေးခဲ့ကြပါတယ်။ ပြောရရင် နယ်ကရထားစီး ခရီးသည်လာရင် ကအစ ဘယ်ဆရာတော်က လွှတ်လိုက်တာပါ၊ ဒီစာအုပ်ရှာပေးပါ ။ စသဖြင့်ပေါ့ ဆိုင်မှာ မရှိတဲ့စာအုပ်တွေ ကြတော့ အပြင်ကရှာပေးလိုက်တာတွေ ရှိပါတယ်။ ဒီလိုကူညီမှုတွေ ကြောင့် နယ်က ဆရာတော်တွေတော်တော်များနဲ့  ရင်းနှီးမှုတွေများလာတယ်။ အရေးကြီးရင် ဆိုင်ကို ဖုန်းဆက်မှာတဲ့အခါ ကျွန်တော်တို့  တွေ ချောနဲ့  ပိုခဲ့ရတာတွေလည်းများပါတယ်။
ဒီလိုတွေလုပ်တာ ကျွန်တော့်တို့ ဆိုင်ပိုင်ရှင်က ဗုဒ္ဓဘာသာလို့ ထင်ကြမယ်။ မဟုတ်ဘူးဗျ အစ္စလာမ်ဘာသာဝင်။ ကျွန်တော်ဟိုးငယ်စဉ် ကာလကတည်းက အစွဲကင်းတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ခဲ့ရတယ်။ ကုလားဆိုတဲ့ စကားလုံးက ကျွန်တော်နဲ့ တော်တော်စိမ်းခဲ့တယ်။ သူတို့ စိတ်ထဲမှာတော့ ရှိရင်လည်း ရှိမှာပေါ့ ။ ဒါပင်မဲ့ ကျွန်တော်တို့ ကို ခေါ်ဖို့  အားနာလောက်အောင် ကျွန်တော် ပတ်ဝန်းကျင်က လူတွေက စိတ်ဓါတ်မြင့်ခဲ့တယ်လို့ ပြောလို့ မယ် ထင်တယ်။ နောက်ပြီး ကျွန်တော့် ပတ်ဝန်းကျင်က တွေ့ သလောက် မွတ်စ်လင်မ်တွေက အနေအထိုင် အပြောအဆို ပြုမှု ပုံတွေက လေးစားစရာ ကောင်းလောက်အောင် နေထိုင်ခဲ့တာတွေ့ ခဲ့တယ်။ ကြာခဲ့ပါပြီ။ နောက်ပြီး အလုပ်လုပ်စဉ်ကာလ တစ်လျှောက်မှာလည်း အထက်လူကြီး တော်တော်များများက ခွဲခြားမှုနည်းခဲ့ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ်နဲ့ မတူတဲ့ ဘာသာခြားကို ပိုတောင် ဦးစားပေးမှုတွေ တွေ့ ခဲ့ရပါတယ်။
ဆရာတော်ကြီး နှစ်ပါး သုံးပါး ပြောခဲ့တာလည်း မှတ်မိပါသေးတယ်။
ဘုန်းကြီးတို့  နယ်က ဖုန်းဆက်မှာတိုင်း အချိန်မြန်မြန်နဲ့ ရောက်တယ် စာအုပ်တန်ဖိုးတွေ ချောခတွေ အမြဲတမ်းအမှန်ပဲ တစ်ခါမှ များခဲ့တာမရှိဘူး ။ အရင်ဘုန်ကြီးတို့  လူမျိုးတူ ဆိုင်၃-၄ ဆိုင်ကြုံဖူးပါတယ်။ အစပိုင်းတွေကတော့ ဟုတ်တုတ်တုတ် နောက်ပိုင်းတွေကျတော့ ဘုန်ကြီးတွေနဲ့  ကိုယ့်သာသနာကိုတောင် အမြတ်ကြီး စားချင်ကြတယ်။
တစ်ချို့ ဒကာတွေက ပြောတယ်။ ဒီကုလားဆိုင်မှာ အားမပေးနဲ့ လို့ ပြောကြတယ်။ ဒါပင်မဲ့ ဒကာလေးတို့ ဆိုင်က ဈေးမှန်တယ် စေတနာကောင်းတယ်။ အကုန်လုံးက စီးပွားရှာကြတာပဲ။ ဒါပင်မဲ့ စိတ်ဓါတ်နဲ့ စေတနာ ကောင်းဖို့ ကလည်း အရေးကြီးတယ်။  ဘုန်းကြီးတို့ မှာ အဲဒီလို အစွဲတွေ မရှိပါဘူး။ လူတစ်ယောက်ဖြစ်လာဖို့ က ထင်သလောက် မလွယ်ပါဘူး။ ဖြစ်လာတဲ့ လူ ချင်းအတူ  ခွဲခြားတာတွေကို ဘုန်းကြီးတို့  လုံးဝမကြိုက်ပါဘူး။”
ဒီဆရာတော်ကြီးနဲ့  ကျွန်တော်အခုအချိန်ထိ ဆက်သွယ်ရှိနေပါသေးတယ်။ တရားစာအုပ်လောကမှာ နာမည်ကြီးတဲ့ ဆရာတော်တစ်ပါးလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တစ်လလောက်ကတောင် ဆရာတော်ကြီးနဲ့ ဖုန်းအဆက်အသွယ်ရတော့
“အခုအဖြစ်အပျက်တွေမှာ ပါတဲ့သံဃာတွေဟာ ရဟန်းတု ရဟန်းယောင်တွေပဲ သာသနာ့ရဲ့ အဆုံးအမကို မသိ၍သော်လည်ကောင်း သိသော်လည်း ငါ စွဲဆိုတဲ့ မထားသင့်တဲ့ စိတ်ဓါတ်တွေနဲ့  လုပ်နေကြတာ။ သံဃာအစစ်မှန်တွေက ဘယ်တော့မှ ဒီလိုလုပ်ရက်တွေကို မလုပ်ဘူး၊သူတို့ လုပ်ရပ်တွေကြောင့် ဘုန်းကြီးတို့  သာသနာဟာ ကမ္ဘာ့ အလယ်မှာ မျက်နှာပျက်ရပြီ ဒကာလေး” တဲ့ ဆရာတော်ကြီးက စိတ်မကောင်းစွာနဲ့ ပြောတာပါ။
ကျွန်တော် ဒီလိုနဲ့ စာအုပ်ဆိုင်နဲ့  စာအုပ်လောကမှာ ၅နှစ်ကျော် ကျင်လည်ခဲ့ပါတယ်။ ဆရာတော်ကြီးတွေ၊ တိုက်အုပ်ဆရာကြီးတွေက သူတို့ ရဲ့ နယ်က ကျောင်းတိုက် လိပ်စာတွေ ၊ ဖုန်းနံပါတ်တွေ ပေးကြတယ်။ ကျွန်တော့်ကို တော်တော် ရင်းနှီးခဲ့ကြပါတယ်။ အဲဒီအကျိုးတရားတွေက ကျွန်တော် စာအုပ်လောကကနေ Company လုပ်ငန်းစုတွေဘက် ရောက်တဲ့အခါမှာ တော်တော်ကို အကျိုးရှိခဲ့ပါတယ်။ အကျိုးလို့ လို ညောင်ရေလောင်းတဲ့ စိတ်ဓါတ်နဲ့  ကူညီခဲ့တာ မဟုတ်တဲ့ အတွက်ထင်ပါတယ်။
အရောင်းသမားဘ၀မှာ နယ်တကာကို marketing ဆင်းရပါတယ်။ အဲဒီအချိန်တွေတုန်းကလည်း နယ်တွေမှာ မွတ်စ်လင်မ်တွေဟာ ကျီလန့် စားစား နဲ့ နေရတာပါပဲ။ ဦးခင်ညွန့် ရဲ့ ခဏခဏ လူမျိုးရေးအဓိကရုန်းတွေကြားမှာ ရှင်သန်နေခဲ့ရတာ။ ကျွန်တော်တို့ ကလည်း marketing ဆင်းတော့ ကားဒရိုင်ဘာကလွဲပြီး ကျန်တဲ့သူက မွတ်စ်လင်မ်။ ဒီတော့ လုံခြုံစိတ်ချရအောင် ကျွန်တော် ဆရာတော်ကြီးတွေရဲ့  ကျောင်းတွေမှာပဲ တည်းခိုနေထိုင်ခဲ့တာပါ။ ခဏ ခဏ ကြုံခဲ့တာပါ။ တစ်ခုမှ အပြုံးမပျက်ခဲ့သလို့  ကာကွယ်မှုအပြည့်ပေးခဲ့တာပါ။ marketing သမား ၇နှစ်ကျော် အတွင်းမှာ တောင်ငူ မြစ်သား ပဲခူး မှာဖြစ်တုန်းကလည်း ကျွန်တော်တို့  နယ်တွေမှာပါပဲ။ နောက် ဟိုးဘက် ရေနံချောင်း ချောက်ဘက်သွားတဲ့ အခါမှာလည်း (ပုံမှန် အချိန်တွေမှာလဲ စိတ်ချရအောင်)  ဘုန်းတော်ကြီးကျောင်းတွေမှာ ကျွန်တော်တို့  စိတ်အေးလက်အေး အိပ်ခဲ့ရပါတယ်။
ကျွန်တော်တို့  သွားခဲ့တဲ့ကာလတစ်လျှောက်မှာ တည်းခိုနေထိုင်ခဲ့တဲ့ ဘယ်ကျောင်းတိုက်ကိုမှ ၀တ္ထူငွေလှူဒါန်းလို့  မရခဲ့ပါဘူး။ စေတနာသန့် သန့် အစွဲကင်းကင်းတွေနဲ့  ကူညီခဲ့တယ်။ အခုအချိန်ထိလည်း နယ်ကဆရာတော် များများနဲ့  ရင်းနှီးနေဆဲပါ။ ဒါကျွန်တော့် ဘ၀ရဲ့ တွေ့ ခဲ့ရတဲ့ အစိတ်အပိုင်းတွေပါ။ အခုအချိန်မှာတော့ ငခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်ခံနေရတယ်။
တစ်ဘက်နဲ့ တစ်ဘက်လည်း အမုန်းတရားတွေပွားများလာတယ်။ နောက်ပြီး အာဏာရှင်အစိုးရအဆက်ဆက်ရဲ့  ဆိုးမွေတွေထဲက အဆိုးဆုံးတစ်ခုဖြစ်တဲ့ ခွဲခြားဆက်ဆံမှုတွေကလည်း ဆယ်စုနှစ်တွေနဲ့ ချီပြီး အရိုးစွဲခဲ့တာ ရာစုနှစ်ထိတော့  မကူးသင့်တော့ဘူး ထင်ပါတယ်။ ခံရတာ ကျွန်တော်တို့  တိုင်းရင်းသားလူမျိုးစု အားလုံးပါ။
ကျွန်တော်တို့ ဟာ မြန်မာနိုင်ငံ အတွင်းမှာ ရှေးရိုးစဉ်ဆက် နေထိုင်လာခဲ့တဲ့ နိုင်ငံသားတွေပါ။ ခေတ်အဆက်ဆက် သမိုင်းတွေကိုလည်း အားလုံး အတူတူ ဒုက္ခခံပြီး ရေးခဲ့တာပါ။  ပေးဆပ်ခဲ့တာပါ။ သူသာတယ် ငါသာတယ်ဆိုတဲ့ စိတ်ဓါတ်နဲ့  ရှေးလူကြီးတွေ လုပ်ခဲ့မယ်ဆိုရင် ကျွန်တော့်တို့ တွေ အာဖရိက နိုင်ငံအချို့ လို့ ပဲ သံသရာကနေ လွတ်နိုင်မှာ မဟုတ်ပါဘူး။
မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု အစဉ်အလာတွေကလည်း ကျွန်တော်တို့ နဲ့  ဆိုင်ပါတယ်။ ကျွန်တော်တို့ ကတော့ ဘိုးဘွားတွေလည်း မြန်မာပြည်မှာ မွေးခဲ့သလို ဒီမှာပဲ ခေါင်းချသွားပါတယ်။ ကျွန်တော်တို့ လည်း ဒီမှာပဲ အရိုးဆွေးတဲ့အထိ နေမှာပါ။ ဘယ်လိုဒုက္ခရောက်ရောက် ဘာပဲကြုံကြုံ နားကျည်းချက်တွေပဲရှိရှိ၊  ကိုယ်နိုင်ငံမှာပဲ အချိန်တန်ရင် ခေါင်းချချင်တာပါပဲ။  မြန်မာစကား အလွန် အဓိပ္ပါယ်ရှိပါတယ်။ အမိမြန်မာနိုင်ငံ ။  အလွန်အဓိပ္ပါယ်ပြည့်စုံလေးနက်တဲ့ အမိနဲ့  တင်စားထားတာပါ။ ဆိုးဆိုး မိုက်မိုက်ဘယ် သားသမီးကို မဆို မိခင်က ပစ်ရိုးထုံးစံမရှိပါဘူး။  ကျွန်တော်တို့ ကို ဘယ်သူတွေ ဘာပြောပြော ဘာလုပ်လုပ် အမိမြန်မာနိုင်ငံတော်ကြီး ကတော့ သမိုင်းကြောင်းများစွာနဲ့  ရင်ဝယ်ပိုက်ထားမှာပါ။ မိခင်ရှိသေးသရွေ့ တော့ အမွေလိုချင်တဲ့ သားသမီး ရှေ့  မတိုးသင့်ပါဘူး။ မတော် လောဘနဲ့  မိခင်ကိုပါ သတ်ဖို့ ကြံစည်ရင်တော့ ကျန်တဲ့ သားသမီးတွေရဲ့ သွေးနီးလာလိမ့်မယ်နော်။ သွေးဆိုတာ အချိန်တန်ရင်တော့ နီးစမြဲပါ။
အားလုံး၏ အငြိုအတေးများ တတ်နိုင်သလောက် လျော့နည်းနိုင်ပါစေလို့ 
ဆုတောင်းလျက်
တင်မင်းထွဋ်
၂ရက် – နိုဝင်ဘာ -၂၀၁၂
Tags:
Leave a Reply