6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်န၀ါရီ ၂၉၊ ၂၀၁၉
M-Media


– အစ္စရေးနိုင်ငံဟာ ရာဇ၀တ်နိုင်ငံဖြစ်ပြီး ရှုတ်ချမှုကို ခံယူရမယ့် နိုင်ငံလည်း ဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ပြောကြားလိုက်ပါတယ်။

ဇန်န၀ါရီ ၂၈ ရက်နေ့က A Genocidal State (လူမျိုးတုန်းသတ်ဖြတ်သည့်နိုင်ငံ) ဆိုတဲ့ခေါင်းစဉ်နဲ့ မဟာသီက သူ့ရဲ့ဘလော့စာမျက်နှာမှာ စာတစ်ပုဒ်ရေးသားခဲ့ပြီး အစ္စရေးကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

“ပါလက်စတိုင်းပြည်သူတွေအပေါ် စာနာထောက်ထားသူတွေအနေနဲ့ အစ္စရေးကို ရှုတ်ချကြောင်း လူသိရှင်ကြား ပြောကြားဖို့  မေတ္တာရပ်ခံလိုပါတယ်။ အကြမ်းဖက်ဝါဒဟာ အဖြေမဟုတ်ပါဘူး။ ပါလက်စတိုင်းပြည်သူတွေ တရားမျှတမှုကို ရရှိဖို့အတွက် သင့်တော်တဲ့ ဗျူဟာတစ်ခု လိုအပ်ပါတယ်”

အစ္စရေးကစာသမားတွေကို ပြည်ဝင်ခွင့်မပေးတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံတကာ မသန်စွမ်းသူများ အိုလံပစ်ကော်မတီ (IPC) က မလေးရှားနိုင်ငံကို ၂၀၁၉ နိုင်ငံတကာ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲ အိမ်ရှင်အဖြစ်ကနေ စနေနေ့မှာ ရုပ်သိမ်းခဲ့ပြီးတဲ့နောက် မဟာသီရဲ့ ဒီလိုတုန့်ပြန်မှု ပေါ်ထွက်လာခဲ့တာပါ။

မဟာသီက ကမ္ဘာကြီးဟာ အစ္စရေးအလိုကို လိုက်နေပေမယ့် မိမိတို့က မလိုက်နိုင်ကြောင်း၊ မိမိတို့ရဲ့ မူဝါဒအပေါ်မှာ ရပ်တည်သွားမှာဖြစ်ကြောင်း မနေ့က အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

ပါလက်စတိုင်းတွေအပေါ် အစ္စရေးရဲ့ တရားမဲ့မှုတွေ၊ ဖိနှိပ်ချုပ်ချယ်မှုတွေကို ကမ္ဘာကြီးက ထိုင်ကြည့်နေကြပြီး လွတ်မြောက်မှု၊ တရားဥပဒေစိုးမိုးမှုတွေအကြောင်း ကျယ်ကျယ်လောင်လောင် ပြောကြားသူတွေကတောင် အစ္စရေးကို ဝေဖန်မှု မလုပ်ကြဘူးလို့လည်း မဟာသီက သူ့ရဲ့ဆောင်းပါးမှာ ထောက်ပြခဲ့ပါတယ်။

“အစ္စရေးက အခွင့်အရေးပိုရနေသလိုပါပဲ။ အစ္စရေး ဒါမှမဟုတ် ဟိုလိုကောစ့်ကိစ္စကို တစ်ယောက်ယောက်က ဝေဖန်မယ်ဆိုရင် သူ့ကို လွယ်လွယ်ကူကူပဲ ဂျူးဆန့်ကျင်ရေးသမားလို့ တံဆိပ်ကပ်လိုက်တယ်။ လူစိတ်မရှိဘူး၊ ကိုယ်ကျင့်တရား မကောင်းဘူးပေါ့။ ဒါပေမယ့် ထင်သာမြင်သာရှိနေတဲ့ အစ္စရေးရဲ့ လူစိတ်မဲ့မှုကိုတော့ မရှုတ်ချကြဘူး”

မလေးရှားဟာ ဂျူးဆန့်ကျင်တဲ့တိုင်းပြည်မဟုတ်ဘဲ လူမဆန်တဲ့ ဖိနှိပ်ချုပ်ချယ်မှုကိုတော့ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကန့်ကွက်ရမှာဖြစ်ကြောင်း မဟာသီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“နိုင်ငံတော်တော်များများနဲ့ လူတော်တော်များများကလည်း ကျွန်တ်ာတို့ကို ရှုတ်ချဖူးပါတယ်။ ဘယ်သူ့ကိုမှ ကျွန်တော်တို့ တံဆိပ်မကပ်ဘူး။ လွတ်လပ်တဲ့ကမ္ဘာကြီးမှာ လွတ်မြောက်မှုအကြောင်း ပြောဆိုသူတွေကို ကျွန်တော်တို့ တံဆိပ်ကပ်ဖူးလို့လား”

အမေရိကန်ဟာ အစ္စလာမ်ဘာသာဝင်အများစုရှိရာ နိုင်ငံ ၅ နိုင်ငံက နိုင်ငံသားတွေကို ၀င်ရောက်ခွင့် ပိတ်ပင်ခဲ့ကာ တောင်အမေရိကသားတွေကိုလည်း အ၀င်မခံကြောင်း၊ ဟန်ဂေရီ၊ ပိုလန်နဲ့ ချက်နိုင်ငံတွေကလည်း ဒုက္ခသည်တွေကို ၀င်ရောက်ခွင့်ပိတ်ပင်ခဲ့ပြီး ဟန်ဂေရီဝန်ကြီးချုပ်ဆိုရင် ဆီးရီးယားဒုက္ခသည်တွေကို ‘မွတ်စလင်ကျူးကျော်သူတွေ’ လို့ တံဆိပ်ကပ်ခဲ့ကြောင်း မဟာသီက ထောက်ပြခဲ့ပါတယ်။

အစ္စရေးဟာ ကျောထောက်နောက်ခံကောင်းပြီး အစ္စရေးကို အသိအမှတ်မပြုတာအပြင် မလေးရှားက ဘာမှ ထပ်လုပ်လို့ မရဘူးဆိုတာကို မဟာသီက ၀န်ခံခဲ့ပြီး အစ္စရေးနိုင်ငံသားတွေကို တိုင်းပြည်ထဲ အ၀င်မခံတဲ့ပေါ်လစီကို ဆက်လက်ကျင့်သုံးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

“ဒီအတွက် ကမ္ဘာကြီးက ကျွန်တော်တို့ကို ရှုတ်ချတဲ့အခါကျရင် ကြောင်သူတော်ကမ္ဘာကြီးလို့ ကျွန်တော်တို့က ပြန်ပြောမှာပါ။ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးဆိုပြီး သူတို့ပြောပြောနေတဲ့စကားတွေက အလုပ်မပါပါဘူး”

သမိုင်းမမေ့ရန်လို

အစ္စရေးနိုင်ငံဆိုတာ ပါလက်စတိုင်းတွေရဲ့မြေကို ခိုးယူပြီး၊ ပါလက်စတိုင်းတွေကို မောင်းထုတ်ကာ ဖြစ်ပေါ်လာတဲ့နိုင်ငံဖြစ်တယ်ဆိုတဲ့ သမိုင်းကို မမေ့ကြဖို့လည်း မဟာသီက တိုက်တွန်းခဲ့ပါတယ်။

“အစ္စရေးတင့်ကားတွေ၊ စစ်ကားတွေကို ပါလက်စတိုင်း ကျောက်တုံးနဲ့ပေါက်ပြီး ခုခံတဲ့အခါမှာ အစ္စရေးစစ်သားတွေက ပါလက်စတိုင်းကလေးငယ်တွေကို သေနတ်နဲ့ပစ်သတ်ပြီး အများအပြားကို ဖမ်းဆီးခဲ့တယ်။ ဖမ်းဆီးခံရသူတွေကို တရားရုံးမတင်ဘဲ နှစ်ချီ ထိန်းသိမ်းထားပါတယ်”

ဂါဇာကမ်းမြှောင်ကို အစ္စရေးရဲ့ ပိတ်ဆို့မှုဟာ နိုင်ငံကာဥပဒေတွေ၊ စံသတ်မှတ်ချက်တွေနဲ့ ဆန့်ကျင်နေပြီး ဒီကိစ္စကို ဘယ်သူမှ မရှုတ်ချဘူးလို့လည်း မဟာသီက ပြစ်တင်ပြောဆိုခဲ့သလို အစ္စရေးက ပါလက်စတိုင်းမြို့တွေ၊ ရွာတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေကို ဗုံးတေကြဲချတာ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကိုလည်း မဟာသီက ထောက်ပြပြောဆိုခဲ့ပါတယ်။

မလေးရှားဟာ အစ္စရေးကို အသိအမှတ်မပြုဘဲ သံတမန်အဆက်အသွယ်လည်း လုပ်ဆောင်ခြင်း မရှိပါဘူး။

“မလေးရှားက ဒီလိုဆက်ဆံတာဟာ ကမ္ဘာပေါ်မှာ အစ္စရေးတစ်နိုင်ငံတည်း ရှိပါတယ်”

Ref: The Star

Tags:

Comments are closed.