နိုဝင်ဘာ ၂၃ ၊ ၂၀၁၂
M-Media
မောင်လျှောက်(မြယာမြေ)
နိုဝင်ဘာ၁၁ရက်နေ့ မနက်၇နာရီ၄၅မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးရှိမြို့နယ်အချို့ တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် အဆိုပါမြို့နယ်များရှိ စေတီ၊ပုထိုးများ နှင့် အစ္စလာမ် ဗလီဝတ်ကျောင်းအချို့ ပျက်စီးမှုများရှိကြောင်းသိရသည်။

ငလျင်ကြောင့် ပျက်စီးသွားတဲ့ စဉ်ငူမြို့မ ဗလီ (မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဥိးလွင်ခရိုင်) ဓါတ်ပုံ Source: DVB
စစ်ကိုင်းတိုင်းဒေသကြီးရှိ ငလျင်
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် (၁၇) နာရီ၊ (၂၆)မိနစ်၊ (၂၀)စက္ကန့်အချိန်တွင် မန္တလေးမြေငလျင် စခန်းမှ မြောက်-အနောက်မြောက်ဘက် ၅၅ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ရွှေဘိုမြို့၏ မြောက်ဘက် (၁၅)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်ျ)တာစကေး (၅.၈)အဆင့်ရှိ နောက်ဆက်တွဲ အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးဇလက နိုဝင်ဘာလ ၁၁ ရက်ကသတင်းထုတ်ပြန်ခ
လှုပ်ခတ်ခဲ့သော အင်းအားပြင်း ငလျင်
နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်သော အပျက်အဆီးစာရင်းများအရ နိုဝင်ဘာ ၁၃ ရက်နေ့အထိ ငလျင်ဒဏ်ကြောင့် စုစုပေါင်း ပျက်စီးဆုံးရှုံးခဲ့ရမှု အခြေအနေမှာ အခြေခံပညာကျောင်း ၂၅ ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၃၅ ကျောင်း၊ ဘုရားစေတီပုထိုး ၄၅ ဆူ၊ ၀န်ထမ်းအိမ်ရာ ၅၅ လုံး၊ ဒေသခံပြည်သူများ၏နေအိမ် ၂၀၁ လုံး၊ ဆေးရုံဆေးပေးခန်း ၁၃ ခု၊ ရတနာသိင်္ဃ တံတား တည်ဆောက်ရေးလုပ်ငန်းခွင်မှ ဆိပ်ခံ ဗောတံတား ၁ ခု၊ တာဝါတိုင်နှင့် ထရန်စဖော်မာ ၅ ခု ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်သော အပျက်အဆီးစာရင်းတွင် ဗလီဝတ်ကျောင်းတော်များ ပျက်စီးမှု့ကို သီးသန့်ထည့်သွင်းဖော်ပြထားခြင်း မရှိကြောင်းကို တွေ့ရှိရပါသည်။
ကိုးကား-
23.12.2012 ထုတ်မြန်မာ့အလင်းသတင်းစာ
http://www.president-office.gov.mm/zg/briefing-room/news/2012/11/13/id-1724
Comments