ဒီဇင်ဘာ ၁၀ ၊ ၂၀၁၂
M-Media
ယနေ့ အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးနေ့တွင့် ရန်ကုန် အခြေစိုက် မျိုးဆက်သစ် လူ့ငယ်များမှ ( Generation Wave) မှ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွင် အကြမ်းဖက် ဖြိုခွင်းခံခဲ့ရမှု့နှင့် အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဖမ်းဆီး ထိန်းသိမ်းထားသူများ အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှု့ တစ်ရပ်ပြုလုပ်ခဲ့ကြပါတယ်။
အဆိုပါ ဆန္ဒပြမှု့ကို ယနေ့ နံနက် ၁၀း၃၀ ခန့်က ရန်ကုန်မြို့တော်ခန်းမရှေ့မှ စတင်ပြီး မဟာဗန္ဓုလ ပန်းခြံနှင့် ဆူးလေစေတီတို့အား လှည့်ပတ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
“ကျွန်မတို့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်ပြီး တာဝန်မကျေမှာလဲ စိုးရိမ်တယ်။ တရားမျှတစွာနှင့် အမြန်ဆုံးဖြေရှင်းပေးရယ်၊ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ကို တောင်းဆိုပါတယ်” လို့ (GW) မှ တာဝန်ရှိ လူငယ်တစ်ဦးက ပြောကြားပါတယ်။
အဆိုပါ ဆန္ဒပြပွဲတွင် လူငယ်တစ်ရာခန့် ပါဝင်ပြီး အချက် (၄) ချက်ပါဝင်သော ကြေငြာချက် တစ်စောင်ကို ထုတ်ပြန်ကာ နေ့လည် ၁၁း၃၀ ခန့်တွင် ဆန္ဒပြပွဲကို ရုပ်သိမ်းခဲ့ပါတယ်။
ယနေ့ ဆန္ဒပြပွဲကို မျိုးဆက်သစ် လူ့ငယ်များ ( Generation Wave) မှ တရားဝင် ဆန္ဒပြ ခွင့်ပြုမိန့်ဖြင့် ကျင်းပခဲ့တာဖြစ်ကြောင်းသိရပါတယ်။
Comments