6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၄ ၊ ၂၀၁၂
M-Media

ဆင်းရဲသား မိသားစုမှ မွေးဖွားလာသော အသက် ၁၇ နှစ်အရွယ် သဇင်* ၊မြန်မာနိုင်ငံ၏ အကြီးဆုံးသော ရန်ကုန်မြို့တော်ကြီးရဲ့ ဆင်ခြေဖုန်းမှ ပျံကျ ဈေးသည်လေးတယောက် မမျှော်မှန်းရဲလောက်သော ၀င်ငွေရမည့် တရုတ်နိုင်ငံ အထည်ဆိုင်ကြီးတခုမှာ အလုပ်သွားလုပ်ရတော့မယ်လို့ သူမ ထင်ခဲ့သည်။

မြန်မာပြည် အလယ်ပိုင်းမှ နောက်တယောက်မှာတော့ သူမသည် မြန်မာအမျိုးသားတဦးနှင့် လက်ထပ်ကာ ရက်စက်သော ဖခင်ထံမှ ကယ်တင်ခံ ရတော့မည်ဟု ထင်ခဲ့သည်။ တတိယ တရုတ်ပြည်နယ်စပ်မှ ကချင်မလေးမှာမူ ၀င်ငွေကောင်းတဲ့ အလုပ်ရမယ်ဆိုသဖြင့် မိသားစုအတွက် ဆန်ဝယ်နိုင်ရန် အိမ်နီးချင်းနောက် လိုက်ခဲ့ပါသည်။

တရုတ်ပြည်သို့ ရောက်သောအခါ သူတို့သုံးဦးမှာ သူတို့တခါမျှ မမြင်ဘူးသော တရုတ်လူမျိုးများထဲမှ လယ်သမား၊ ဆောက်လုပ်ေ၇းလုပ်သား၊ အလုပ်ကြမ်းသမား စသောသူများနှင့် သတို့သမီးကြေး အနည်းငယ်သာရပြီး အတင်းအကြပ် လက်ထပ်ခိုင်းခြင်း ခံရပါတော့သည်။ တရုတ်နိုင်ငံ၏ တအိမ်ထောင် ကလေးတယောက် မူဝါဒနှင့် ယဉ်ကျေးမှုအရ သားကိုသာ ဦးစားပေး မွေးဖွားခဲ့ကြသူများကြောင့် ဆယ်စုနှစ်များစွာ ကြာသောအခါ တရုတ်ပြည်တွင် သတို့သမီး ရှားလာသည့် အခြေအနေ ရင်ဆိုင်နေရသည်။

သို့သော်လည်း မြန်မာနိုင်ငံ၏ လေးပုံတပုံခန့်ရှသေိာ တနေ့ကို ၁ ဒေါ်လာမျှနှင့်သာ ရပ်တည်နေရသည့် ဆင်းရဲသားများထဲမှ မယားရှာဖွေပေးသော ပွဲစားများကိုမူ သူတို့အစား ငွေအမြောက်အများပေးရသည်။

သဇင်က သူမအနေဖြင့် အခြေအနေ အမှန်ကို သိသည့်အခါ ပွဲစားများ ကို ငိုယို တောင်းပန်ကြောင်း၊ သို့သော်လည်း သူမကို ငွေပေး လက်ထပ်ထားသည့် ထို လူတစိမ်းထံမှ မလွတ်မြောက်နိုင်ခဲ့ကြောင်း ပြောပါသည်။ “ကျမ ဘယ်ကို ပြေးရမှန်းလဲ မသိဘူး။ ပြန်ဖန်းမိရင်လဲ သတ်မှာ ကြောက်ရသေးတယ်။” ဟု ပြောသေးသည်။

သူမသည် တရုတ်နိုင်ငံ အနောက်တောင်ဘက် ယူနန်ပြည်နယ်၏ ကျေးရွာတရွာတွင် ၅ နှစ်ကြာမျှနေထိုင်ခဲ့ပြီး မလွတ်မြောက်ခင်ထိ ကလေး ၂ယောက် မွေးဖွား ခဲ့ကြောင်း၊ ထိုဒေသ၏ အခြားသော ရွာများတွင်လည်း ထိုသို့ အတင်းအကြပ် လက်ထပ်ထားသော မြန်မာအမျိုးသမီးများ များစွာ ရှိကြောင်း ပြောပြသည်။

မြန်မာအစိုးရ၏ လူကုန်ကူးမှု ဆန့်ကျင်ရေး နှစ်ပတ်လည် တိုးတက်မှု အစီရင်ခံစာတွင်လည်း ၂၀၁၁ ခုနှစ်အတွင်း လူကုန်ကူးမှု (၁၀) မှုတွင် (၇) မှု့မှာ “မြန်မာအမျိုးသမီးများအား တရုတ်အမျိုးသားများနှင့် အတင်းအကြပ် လက်ထပ်စေရန် ရည်ရွယ်ချက် သက်သက်ဖြင့် ကျူးလွန်သော ပြစ်မှုများ” ဖြစ်ကြောင်း ဖေါ်ပြသည်။

တရုတ် နှင့် မြန်မာ ၂နိုင်ငံ လူကုန်ကူးခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာကို ၂၀၀၉ ခုနှစ်က လက်မှတ်ရေးထိုးသော်လည်း မည်သို့ အရေးယူမည်ကို ယခုထိ အပြီးသတ် သတ်မှတ်နိုင်ခြင်းမရှိသေးပေ။ ပီကင်း၏ လူမှုရေးအဖွဲ့အစည်းများအပေါ် လုပ်ဆောင်ရန် နောက်တွန့်နေခြင်းမှာလည်းပြဿနာ တခုပင်ဖြစ်သည်ဟု အထောက်အကူပြုလုပ်သားများနှင့် ဆန့်ကျင်လှုပ်ရှားသူများ က ဆိုသည်။

ကချင်ပြည်နယ်တွင်း အစိုးရစစ်တပ်နှင့် ကချင်သူပုန်တို့၏ အပစ်အခတ်များကြောင့် မတည်ငြိမ်မှုကို ကြာရှည်ခံစားနေရသည့် ရ၅၀၀၀ ခန့်ရှိ ပြည်သူများ သည်လည်း အမျိုးသမီးနှင့် မိန်းကလေးများ စွန့်စားကုန်ကူးမှု ကို ကြီးထွားစေခဲ့သော အကြောင်းတရပ်ဖြစ်သည်။

မိန်းကလေး ရှားပါးမှုနှင့် ဆင်းရဲနွမ်းပါးမှုတို့၏ မိတ်ဆက်

တရုတ်အစိုးရ၏ ၂၀၁၂ ခုနှစ် ဇွန်အတွင်း ထုတ်ပြန်သော စာရင်းဇယားတွင် တရုတ်နိုင်ငံ၏လူဦးရေ သန်းပေါင်း ၁၃၀၀ ကျော် ရှိသည့်အနက် နှစ်ပေါင်းများစွာ ကျင့်သုံးလာသည့် တအိမ်ထောင် ကလေးတယောက်၏ အကျိုးဆက်အဖြစ် အမျိုးသမီး (၁၀၀) လျှင် အမျိုးသား (၁၁၇.၇၈) ယောက်ရှိကြောင်း၊ ၂၀၂၀ တွင် အိမ်ထောင်မရှိ တကိုယ်ရေ တရုတ်အမျိုးသားများ (၂၄)သန်းမှ သန်း(၃၀)ထိ ဖြစ်ဖွယ်ရာရှိကြောင်း ဖေါ်ပြသည်။

မြန်မာနိုင်ငံမှ ဆင်းရဲမှု၏ အခြေခံဖြစ်သော အလုပ်အကိုင် ရှားပါးမှုကြောင့် အားနွဲ့သော အမျိုးသမီးများနှင့် မိန်းကလေးများမှာ လူကုန်ကူးသူများ၏ ဓါးစာခံများ ဖြစ်လာကြသည်။ တရုတ် အမျိုးသားများအတွက် သတို့သမီးများအဖြစ် ကုန်ကူးခံရသောမြန်မာအမျိုးသမီး အများစုသည် မမှန်မကန် သွေးဆောင် ဖျားယောင်းကာ တရုတ်ပြည်သို့  အခေါ်ခံခဲ့ကြရခြင်း ဖြစ်သည်။

မြန်မာအစိုးရက လွန်ခဲ့သည့် ၃ နှစ်အတွင်း စုစုပေါင်း ၃၁၅ ယောက် အတင်းအဓမ္မ လက်ထပ်ခဲ့ရကြောင်း၊ အများစုမှာ တရုတ်ပြည်တွင်ဖြစ်ပွားသည်ဟု ယုံကြည်ကြောင်း မှတ်တမ်းတင်ခဲ့သည်။ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီး၏ အဆိုအရ အဓိက ဦးတည်သည့် နေရာများမှာ ယူနန်ပြည်နယ် တောင်ပိုင်း ဒေသများ ဖြစ်သည့် ဖူဂျီယန်၊ ဟိုင်နန်၊ စီချွမ်နှင့် အန်းဟူတို့ဖြစ်သည်။

ကုလသမဂ္ဂ လူကုန်ကူးမှုဆန့်ကျင်ရေး ဌာန UNIAP မှ ၂၀၁၂ ခုနှစ် ပထမ(၈) လအတွင်း အမျိုးသမီး ၁၀၃ ယောက် တရုတ်ပြည်သို့ လူကုန်ကူးမှု ခံခဲ့ရကြောင်း၊ အချို့ ထွက်မပြေးနိုင်သော၊ ထုတ်ဖေါ်ပြောရန် ၀န်လေးသော၊ အကူအညီ ရရှိနိုင်မှန်း သတိမပြုမိသော ဒုက္ခသည်များ ရှိသဖြင့် အမှန်တကယ် အရေအတွက်မှာ ထို့ထက် မြင့်မားဖွယ်ရာရှိသည် ဟု ဖေါ်ပြသည်။

“တခါတရံမှာ ဒုက္ခသည်တွေက သူတို့တွေ အသုံးချခံခဲ့ရမှုအတွက် အမှုဖွင့်နိုင် ခွင့်ရှိကြောင်း မသိကြဘူး” ဟု သဇင့်အား ကူညီခဲ့သည့် လူကုန်ကူးမှု ဆန့်ကျင်ရေး အစီအစဉ်၏ ကမ္ဘာ့လုံးဆိုင်ရာ အထောက်အကူပြု အဖွဲ့အစည်းမှ မန်နေဂျာ ဒေါ်ခင်မျိုးသန့်က ပြောပါသည်။ “သူတို့က ဒါကို သူတို့ အတိတ်ဘ၀က ကံကြမ္မာလို့ ထင်ကြတယ်။”

“မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီ အောင်မြင်စွာ ပြုပြင်နိုင်ရေးအတွက် ချီးမွမ်းခံထိုက်ပေမဲ့ လူမှုရေး ကာကွယ် စောင့်ရှောက်မှု၊ လူမှုဘ၀ အခြေခံ လိုအပ်ချက်တွေ အတွက်တော့  ထုတ်ဖေါ်ချီးမွမ်း လို့ မရလောက်သေးဘူး” ဟု အာရှဆိုင်ရာ ကလေးသူငယ်များ ကယ်တင်စောင့်ရှောက်ရေး အရာရှိ ဒေးဗစ် ဘာကလေ ဘလူးမား က ပြောပါသည်။ ခက်ခဲသော အချိန်များတွင် မိန်းကလေးများသည် မိသားစု စီးပွားရေး အတွက် တာဝန် ရှိသည် ဆိုသော အသိအမြင်သည် ၄င်းတို့အား အခြားနိုင်ငံများသို့ သွားရောက်ခြင်းကို အားပေး ဦးတည်သည်။

“ဆက်လက်၍ မိသားတစုမှာ ယောကျာင်္းလေးနဲ့ မိန်းကလေးရွေးရလျှင် ဘယ်သူ့ကို အရင် သွားဖို့ အားပေးမလဲ။ အမြဲတမ်းလိုလို မိန်းကလေးဘဲ။ ကျောင်းထွက်စရာရှိရင်လဲ မိန်းကလေးက ယောကျာင်္းလေးထက် အရင်ထွက်ရတာဘဲ။ ဒါကမြန်မာနိုင်ငံ တခုတည်းမဟုတ်ဘူး။ အရှေ့တောင်အာရှ တခုလုံးလိုလိုမှာဘဲ။”ဟု ၄င်းကဆက်လက်ပြောသည်။

ဆက်စပ်နေသော တောင်းဆိုမှု

မြန်မာပြည်မှပြဿနာများဖြစ်သော မြေသိမ်းမှု၊ အတင်းအကြပ် ခိုင်းစေမှု၊ ဘာသာရေးဖိနှိပ်မှုများနှင့် နယ်စပ်ဒေသစစ်ပွဲများသည်လည်း “အမျိုးသမီးများကို အေးချမ်းသော နယ်မြေသစ် ရှာဖွေစေသည်” ဟု တိုင်းပြည်ကိုစွန့်ခွာပြေးရသော လူမျိုးစု အဖွဲ့များက ဆိုသည်။

ကချင် အမျိုးသမီး အဖွဲ့အစည်း ထိုင်းနိုင်ငံ (KWAT) မှ တာဝန်ယူဆောင်ရွက်နေသော တရုတ်-မြန်မာ နယ်စပ် ဒေသတွင်လည်း တနှစ်အတွင်း လူကုန်ကူး ခံရသည့် ဒုက္ခသည်  ၆၀ မှ ၈၀ ကိုကယ်တင်ခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ် ဇွန်မှစတင်ဖြစ်ပွားနေသော ကချင်ပြည်နယ်တွင်း ဖြစ်ပွားသည့် စစ်ပွဲများမှ ဒုက္ခသည် အမျိုးသမီးများအား လိုအပ်သလို ကာကွယ် နေရာချထား ပေးခဲ့ပြီးဖြစ်ကြောင်း KWAT လူကုန်ကူးမှုဆန့်ကျင်ရေး အဖွဲ့မှ ပူးပေါင်းပါဝင်ဆောင်ရွက်သူ ဂျူလီယာ မာရစ်က ပြောသည်။

“နေရာချထားမှုတွေများလာပြီး ထောက်ပံ့မှုတွေ နည်းလာတဲ့အခါ သူတို့ဘ၀ ရပ်တည်ရေးအတွက် ၀င်ငွေရှာဖို့ မလွဲမသွေ လုပ်ရတော့တယ်။” ဟု သူမက ထရပ်လောသို့ပြောသည်။

“အဓမ္မ လက်ထပ်ခြင်းများကို ရပ်တန့်စေရန် ကုန်ကူးမှုကွင်းဆက်ရဲ့ အစ၂ဘက်စလုံးကိုအာရုံစိုက်ရမယ်” ဟု အထောက်အကူပြု လုပ်သားများက ပြောသည်။ “ကျမတို့ ဒီကိစ္စကို ကိုင်တွယ်ချင်ရင် ဒီ ကိစ္စဖြစ်အောင် စေ့ဆော်တဲ့ အကြောင်းအရာတွေကို လည်း ကိုင်တွယ်ဖို့လိုပါတယ်။” ဟု ဒေါ်ခင်မျိုးသန့်က ဆိုသည်။

“ဒါပေမဲ့ တရုတ်ပြည်မှာက အဓမ္မ လက်ထပ်ခြင်းလို့ မတွေးဘူး။ သူတို့အတွက် က သတို့သမီးရှာတာဟာ ကြီးမားတဲ့ ပြသနာ မဟုတ်ဘူး။ ဒါပေမဲ့ မြန်မာ့ယဉ်ကျေးမှု အမြင်နဲ့ အမျိုးသမီးတွေ အတွက်ကတော့ မဖြစ်သင့်ဘူး။”ဟု သူမကဆက်လက်ပြောပါသည်။

စိန်ခေါ်မှုများ

မြန်မာပြည်တွင် ၂၀၀၅ ခုနှစ် လူကုန်ကူးမှု တိုက်ဖျက်ရေးဥပဒေ ပြဌာန်းခြင်း၊ အကျိုးသက်ရောက်စေခြင်းဖြင့် လူကုန်ကူးမှုကို ချေမှုန်းရန် စတင်ခဲ့သည်။

ဇွန်လအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သူ၏ လူကုန်ကူးမှုဆိုင်ရာ နောက်ဆုံးအစီရင်ခံစာတွင်  မြန်မာနိုင်ငံကို ၂၀၀၀ ခုနှစ်ကတည်းက ချိုးနှိမ်စွာ သတ်မှတ်ထားခဲ့သည့် အနိမ့်ဆုံး အဆင့် ၃မှ အဆင့် ၂သို့ အဆင့်မြှင့်ပေးခဲ့သည်။

ပြောင်းလဲမှု အရှိန်အဟုန် ဆိုသည်မှာ အာဏာပိုင် အဖွဲ့အစည်းများမှ ၄င်းတို့ချမှတ်ထားသည့် အစီအစဉ် များကို ထိထိရောက်ရောက် အကျိုးသက်ရောက်မှု ရှိရန် ကျိန်းသေ ရုန်းကန် လှုပ်ရှားနေသည် ဆိုသည်နှင့် ဆက်နွယ်လျှက်ရှိနေသည်။ ဝေဖန်သူများက အစိုးရအနေဖြင့် လမ်းဘေး ကြော်ငြာ စိုက်ထူခြင်း၊ ပိုစတာများ ချိတ်ဆွဲခြင်းတို့ဖြင့် ဂရုစိုက်မှုမြင့်တင်သည်မှာ ကောင်းသော်လည်း စီမံကိန်းများ၌ အကျိုးသက်ရောက်မှု အတိုင်းအတာ နည်းပါးကြောင်း၊ အဓိက ကိုယ်စားလှယ်အဖွဲ့များနှင့် ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့  ပူးပေါင်းပါဝင် ဆောင်ရွက်မှု အားနည်းကြောင်း ဝေဖန်ပြောဆိုသည်။

လာဘ်ပေး လာဘ်ယူမှုသည်လည်း အာဏာပိုင်များအနေဖြင့် လူကုန်ကူးသူများကို အထူးသဖြင့် နယ်စပ်ဒေသများတွင် လစ်လျူရှုရန် အဓိကအချက် တခု ဖြစ်သည်။ ထိုအချက်က ဒုက္ခသည်များကို ရှေ့ဆက် လုပ်ဆောင်ရန် တွန့်ဆုတ်စေပြီး၊ စွဲချက်တင် ဆောင်ရွက်စေရန် နှောင့်နှေးစေသည်။

“တခါတလေ ကျမတို့ ဒုက္ခသည်တွေဆီက ဖုန်းရလို့ သူတို့ကို ကူညီနိုင်မဲ့ လူကုန်ကူးမှုဆန့်ကျင်ရေး ရဲဆီ သွားဖို့ပြောပေမဲ့ သူတို့မသွားရဲဘူး။” ဟု UNIAP ၏ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားစီမံကိန်း မှ ဥမ္မာအိအိချောက ပြောသည်။ ဆက်လက်၍ “အာဏာပိုင်တွေကို ကြောက်ရွံ့မှုနဲ့ မယုံကြည်မှုက ခုထိရှိနေတုန်းဘဲ။ ဒီတော့ သူတို့ အမှုဖွင့်ဖို့ကော အကူအညီတောင်းဖို့ကော ကြောက်ကြတယ်” ဟု ပြောသည်။

ဒုက္ခသည်များမှာ လွတ်မြောက်အောင် ကြံဆောင်နိုင်သည့်တိုင် ၄င်းတို့၏ ခက်ခဲသည့်စမ်းသပ်ပွဲမှာ မပြီးဆုံးနိုင်သေးပေ။ ပြန်လည် ထူထောင်ရေးနှင့် မိသားစုများနှင့် ပြန်လည်ပေါင်းစပ်ပေးရန် ကူညီမှုတို့မှာ ကြီးမားသော စိန်ခေါ်မှုများ ဖြစ်ပြီးပြန်လာသူ အများစုမှာ ကောင်းမွန်သော ၀င်ငွေဖြင့် အခြေတကျ အလုပ်ရှာဖွေရန် အခက်အခဲများရှိကြသည်။

“နည်းလမ်းနဲ့ မူဝါဒတွေအရတော့ အားလုံးက နေရာတကျဘဲ။ ဒါပေမဲ့ တကယ်ကူညီဖို့ လိုအပ်တဲ့  ပြန်လည်ကောင်းမွန်လာရေးနဲ့ ပြန်လည်ပေါင်းစည်းရေး အတွက်ကျတော့ ကျမတို့ လူသားအရင်းအမြစ်တွေ၊ ကျွမ်းကျင်မှုတွေ၊ ငွေကြေးထောက်ပံ့မှုတွေ နဲ့ မတူကွဲပြားတဲ့ အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်မှုတွေ လိုအပ်ပါသေးတယ်။ ဒါတွေအားလုံး အားနည်းနေသေးတယ်။” ဟု ဥမ္မာကဆိုသည်။

အိမ်ပြန်ရန် ခရီးဝေးကြီးကို လျှောက်လှမ်းလာသည့် သဇင်မှာတော့ သူမ၏ မုဆိုးဖို အဖေမှာဆုံးပါးခဲ့ပြီး မောင်လေးများ တကွဲတပြား ဖြစ်နေတာကိုသာ တွေ့ရပါသည်။ သူမအနေဖြင့် လူကုန်ကူးသူများကိုရှာဖွေတွေ့လျှင် ဖမ်းဆီးစေချင်ပါသည်။

“ကျမဖြစ်ခဲ့သလို ဘယ်သူ့ကိုမှ မဖြစ်စေချင်ပါဘူး” ဟု သဇင်ကပြော၏။

*  ဒုက္ခသည်ကို ကာကွယ်ရန်အတွက် အမည်ပြောင်းလဲထားပါသည်။

http://www.trust.org/trustlaw/ မှ Myanmar’s trafficked brides fill China’s shortage of women ဆောင်းပါးကို M-Media မှ ဆီလျောက်အောင် ဘာသာပြန်ဆိုပါသည်။

Leave a Reply