News @ M-Media

ကြိုးဆွဲချသည့်ပုံစံ သရုပ်ဆောင်ရင်း အမျိုးသမီးတစ်ဦး သေဆုံး

မတ် ၇၊ ၂၀၂၃ 

M-Media 


-အင်ဒိုနီးရှားနိုင်ငံမှာ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ ကြိုးဆွဲချသေတဲ့ပုံစံ သရုပ်ဆောင်ရင်း မတော်တဆ ကြိုးဆွဲချမိပြီး သေဆုံးသွားပါတယ်။ 

မတ်လအစောပိုင်းက အနောက်ဂျာဗားကျွန်းရဲ့ ရွာငယ်လေးတစ်ရွာမှာ ဖြစ်ပွားခဲ့တာပါ။ 

အဲဒီအမျိုးသမီးဟာ သူငယ်ချင်းတစ်ယောက်ကို ဗီဒီယိုကောခေါ်ရင်း သူဟာ ကြိုးဆွဲချဖို့ ကြိုးစားတဲ့ပုံစံ ဗီဒီယိုတစ်ခု ဖန်တီးဖို့ ရှိတယ်လို့ ပြောကြားကာ လုပ်လည်း လုပ်ပြခဲ့ပါတယ်။ 

အ၀တ်စကို တံခါးမှာချည်ပြီး ကြိုးဆွဲချတဲ့ပုံစံ လုပ်နေတဲ့အချိန် သူရပ်နေတဲ့ထိုင်ခုံ လဲသွားပြီးလည်ပင်းကို ကြိုးနဲ့ချည်မိကာ သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒီမတော်တဆမှုကို မြင်တွေ့လိုက်ရတဲ့ သူမရဲ့သူငယ်ချင်းဟာ အိမ်ကို အပြေးအလွှား သွားရောက်ခဲ့ပေမယ့် အချိန်မမီတော့ပါဘူး။ 

အလောင်းကို ခွဲစိပ်စစ်ဆေးရာမှာလည်း လည်ပင်းအစ် သေဆုံးတဲ့ အခြေအနအပြင် အခြား ထိခိုက်ဒဏ်ရာမျိုး မတွေ့ရဘူးလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ 

Ref: New Straits Times