News @ M-Media

လူ ၂ သန်းခွဲ ပါ၀င်ခဲ့ကြတဲ့ မက္ကာက ကုရ်အာန်ခသမ်သိမ်း ၀တ်ပြုဆုတောင်းပွဲ

ဧပြီ ၂၀၊ ၂၀၂၃

M-Media 

-ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့က မြင့်မြတ်ရာ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီ၀တ်ကျောင်းတော်မှာ မနေ့က သာရာ၀ီ၀တ်ပြုဆုတောင်းမှုအတွင်း ကမ္ဘာတစ်၀ှမ်းက လူပေါင်း ၂ သန်းခွဲ ပါ၀င်ခဲ့ကြပါတယ်။ 

ရမ်ဇာန်ဥပုသ်လ ၂၉ ရက်နေ့ ပြည့်မြောက်တဲ့ ဗုဒ္ဓဟူးနေ့ညက ညဉ့်ဦးပိုင်း သာရာ၀ီ၀တ်ပြုမှုမှာ ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ နောက်ဆုံး စာမျက်နှာတွေကို ရွတ်ဖတ်ခဲ့ကြတာ ဖြစ်ပါတယ်။ 

အစ္စလာမ်ဘာသာ၀င်တွေဟာ ရမ်ဇာန်ဥပုသ်လ အထူး၀တ်ပြုဆုတောင်းမှုဖြစ်တဲ့ သာရာ၀ီ၀တ်ပြုမှုမှာ တစ်လအတွင်း ကုရ်အာန်ကျန်းတော်မြတ်ကို အစအဆုံး ရွတ်ဖတ်ကြပြီး၊ ဥပုသ်လ ၂၇ ရက်၊ ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ ကျမ်းစာတစ်အုပ်လုံးကို အဆုံးသတ်ကြပါတယ်။ 

မနေ့က ၀တ်ပြုဆုတောင်းမှုကို ထိပ်တန်း အစ္စလာမ့်ပညာရှင် ကာရီ ဆူဒိုက်က ဦးဆောင်ခဲ့ပါတယ်။ 

Ref: Arab News