6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၁၇၊ ၂၀၁၂
M-Media
နေသစ်ထွန်း

ဒုတိယအကြိမ် ရခိုင်-ရိုဟင်ဂျာ ပဋိပက္ခများဖြစ်ပွားခဲ့သော မင်းပြားမြို့နယ် ပိုက်သည်ကျေးရွာမှ မွတ်စလင် ကျောင်းသား များ ပညာသင်ကြားရေး အခက်အခဲများရှိနေကြောင်း ဒေသခံတစ်ဦးမှ ပြောပါသည်။

“ကျွန်တော်တို့ရွာမှာ ကျောင်းသား ၂၂၀ လောက်ရှိပါတယ်။ ဆယ်တန်း ၊ကိုးတန်း ကျောင်းသားတွေပါ။ အကြမ်းဖက် ခံရပြီးနောက် ကလေးတွေလည်း ကျောင်းမတက်နိုင်ကြတော့ပါဘူး” ဟုပိုက်သည် ကျေးရွာမှ အစ္စလာမ် ဘာသာဝင် ရိုဟင်ဂျာ လူမျိုးတစ်ဦးက ပြောပါသည်။

ပိုက်သည်ကျေးရွာရှိ ရိုဟင်ဂျာကျောင်းသားငယ်များသည် ရခိုင်လူမျိုးများရှိသော မင်းပြားမြို့ရှိ အထက ကျောင်းသို့ ပဋိပက္ခဖြစ်ပြီးနောက်ပိုင်း သွားတက်ရောက် ခွင့်မရှိတော့ချေ။

“စားနပ်ရိက္ခာကတော့ WFP ၊ Unicef ၊ နောက် မွတ်စလင်ဘာသာရေး အဖွဲ့တွေကနေ အခုတလော ရပါတယ်။ ဒါပေမယ့် ဒီမှာက နေအိမ်ဖျက်စီးမခံခဲ့ရတဲ့ မွတ်စလင်တွေအတွက် စားနပ်ရိက္ခာ အခက်အခဲရှိနေပါတယ်။ ခါတိုင်းဆို ရွာသားတွေက ငါးဖမ်း၊ တောင်ယာ လုပ် ၊ ဈေးရောင်း စတာတွေ လုပ်နိုင်ကြပါတယ်။ အခုတော့ လုံခြုံရေးအရ ဆိုပြီး ဘယ်ကိုမှ သွားလာခွင့်မပေးတော့ စားဝတ်နေရေး တော်တော် အခက်တွေ့ရပါတယ်” ဟု ပိုက်သည်ရွာသားတစ်ဦးက ပြောပါသည်။

ပိုက်သည်ကျေးရွာသည် မင်းပြားမြို့နှင့် ၃ဖာလုံ အကွာတွင်တည်ရှိပြီး အိမ်ခြေ ၂၅၃ အိမ် နှင့် လူဦးရေ ၁၃၅၁ ဦးရှိသော ရိုဟင်ဂျာရွာ တစ်ရွာဖြစ်သည်။ ပိုက်သည်ကျေးရွာအား  အောက်တိုဘာလ အတွင်းဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု့များတွင် ရခိုင်အကြမ်းဖက်သမား တစုက မီးရှို့ ဖျက်ဆီးခဲ့သည်။

Leave a Reply