6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၂၅ ၊ ၂၀၁၂
M-Media
မောင်လျှောက် (မြန်မာမြေ)

1

ဓါတ်ပုံ Bonny Bravo

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟဂ်ျခရီးစဉ် ကူညီရေးအဖွဲ့ချုပ်မှ ကြီးမှုးကျင်းပသော ၂၀၁၂ခုနှစ် ဟာဂျီများဂုဏ်ပြုပွဲနှင့် ဟဂ်ျအတွေ့အကြုံရှင်းလင်းပွဲတစ်ရပ်ကို ရန်ကုန်မြို့၊ အထက်ပန်းဆိုးတန်းလမ်းရှိ အစ္စလာမ့်ခန်းမ၌ ဒီဇင်ဘာ ၂၅ရက်(ခရစ္စမတ်နေ့) တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်း၊ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးဦးစီးမှူး၊ အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းများမှ ဖိတ်ကြားထားသောသူများ၊ ၂၀၁၂ခုနှစ် ဟဂ်ျခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသော ဟာဂျီ၊ ဟာဂျီမများ၊ ပြည်တွင်းသတင်းမီဒီယာများနှင့် ဟဂ်ျခရီးစဉ်ကူညီရေးအဖွဲ့ချုပ်မှအဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ကြသည်။

Dr.myint thein1

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်း၊

အခမ်းအနားတွင် လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် “ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်ရာတွင် နိုင်ငံတော်အစိုးရ သာမက ပြည်သူအားလုံးတွင်ပါ တာဝန်ရှိကြောင်း၊ တိုင်းရင်းသား၊ နိုင်ငံသားလူမျိုးပေါင်းစုံ၊ ဘာသာအသီးသီးမှ မိမိတို့၏ကိုးကွယ်ယုံကြည်မှုများနှင် အညီ နိုင်ငံတော်အေးချမ်း သာယာရေးအတွက် ဆောင်ရွက်မှုများသည် ဂုဏ်ယူစရာဖြစ်ကြောင်း။ ဗုဒ္ဓတရားသည် မေတ္တာတရားကိုအခြေခံပြီး ဗုဒ္ဓကဟောကြားသွန်သင်ဆုံးမခဲ့သလို၊ ခရစ်ယာန်ဘာသာမှာလည်း ယေရှုခရစ်တော်က သည်းခံခြင်းတရား၊ ခွင့်လွှတ်ခြင်းတရားတွေကို ဟောပြောဆုံးမခဲ့ကြောင်း၊ အလားတူ အစ္စလာမ်ဘာသာတွင် တမန်တော်မြတ် မိုဟမ္မဒ်ကလည်း ငြိမ်းချမ်းရေးမုဒိတာ တရားများကို ဟောကြားသွန်သင်မိန့်မှာခဲ့တာကို တွေ့ရပါကြောင်း၊ ဟိန္ဒူဘာသာမှာလည်း မေတ္တာတရားကို လမ်းညွှန်ထားခြင်းဖြစ်ကြောင်း” ပြောကြားပါတယ်။

ဆက်လက်၍ ၀န်ကြီးကပြောကြားရာတွင် “အစ္စလာမ်သာသနာဟာ ငြိမ်းချမ်းရေးသာသနာဖြစ်လို့ အစ္စလာမ်ဘာသာဝင်များသည်လည်း ငြိမ်းချမ်းရေးကို လိုလားသူများဖြစ်တယ်လို့ မြင်နိုင်ပါကြောင်း၊ အစ္စလာမ့်မဏ္ဍိုင်ကြီး ငါးရပ်အနက် ဟဂ်ျပြုလုပ်ခြင်းသည် တတ်စွမ်းနိုင်သူတွေအတွက် မပြုမနေရတာဝန်အနေဖြင့် ပြဋ္ဌာန်းထားကြောင်း၊ ဟဂ်ျပြုလုပ်ခြင်းသည် မိမိမှာရှိတဲ့ လောဘ၊ ဒေါသ၊ မောဟများကို ခ၀ါချပြီး စစ်မှန်သော ၀န်ချတောင်းပန်မှုကိုပြုလုပ်တဲ့ ဘ၀ကို အပြစ်ကင်းစွာဖြင့်လျှောက်လှမ်းရန် အဓိကလုပ်ကြသူများဟု မိမိ နားလည်ကြောင်း၊ ဒီလိုမွန်မြတ်တဲ့ဟဂ်ျပြုလုပ်မှုကို မြန်မာနိုင်ငံသားအစ္စလာမ်ဘာသာဝင်များက မြန်မာဘုရင်များလက်ထက်ကတည်းက ဟဂ်ျသွားရောက်ပြုကြကြောင်း သမိုင်းအထောက်အထားများအရ တွေ့ရကြောင်း၊ ဟဂ်ျပြုလုပ်ပြီး ဘေးမသီရန်မခဘဲအေးချမ်းစွာပြန်လည်ရောက်ရှိလာကြတဲ့ ဟာဂျီများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စားဂုဏ်ပြုပါကြောင်းနှင့် အစိုးရအဖွဲ့ကိုယ်စား ဂုဏ်ယူဝမ်းမြောက်ပါကြောင်း”ဖြင့် ပြောကြားပါတယ်။

အမှာစကားနိဂုံးချုပ်အစပိုင်းတွင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော အစ္စလာမ်ဘာသာဝင်အားလုံးတို့သည် နိုင်ငံတော်အေးချမ်းသာရေးအတွက် ၀ိုင်းဝန်းလက်တွဲပူးပေါင်းဆောင်ရွက်ကြရန်၊ နိုင်ငံတော်အကျိုး၊ အမျိုး၊ ဘာသာ၊ သာသနာအကျိုးကို မှန်ကန်စွာကျင့်သုံးကြရန်ဖြင့် တိုက်တွန်းပြောကြားခဲ့ပါတယ်။

U Own Mg

ဟာဂျီ ဦးအုံးမောင်

အဆိုပါအခမ်းအနားတွင် ဟဂ်ျခရီးစဉ် ကူညီရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဟာဂျီဦးဇော်မင်းနှင့် နာယကကြီးတစ်ဦးတို့က ဂုဏ်ပြုအမှာစကားများပြောကြားခဲ့ကြပြီး အဖွဲ့ချုပ်၏နှစ်ချုပ်အစီရင်ခံစာကို အတွင်းရေးမှူး ဟာဂျီးဦးအုန်းမောင်က ဖတ်ကြားတင်ပြခဲ့သည်။ အဲ့ဒီနောက် ၂၀၁၂ခုနှစ် ဟဂ်ျခရီးစဉ်မှ ပြန်လာသောဟာဂျီနှစ်ဦးက ၄င်းတို့၏အတွေ့အကြုံများကို ရှင်းလင်းတင်ပြကြပြီး နေ့လည် ၁၂ နာရီတွင် ဆုမွန်တောင်းကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ယခုကျင်းပသည့် ဟာဂျီများဂုဏ်ပြုပွဲသို့ ပြည်တွင်းသတင်းမီဒီယာဂျာနယ်များမှ တက်ရောက်သတင်းယူကြပြီး မြန်မာဟာဂျီ ၂၀၀ နီးပါးတက်ရောက်ခဲ့ကြသည်။

ဟဂ်ျခရီးစဉ်ကူညီရေးအဖွဲ့ချုပ်သည် ၂၀၁၁ ခုနှစ် ဟဂ်ျခရီးစဉ်တွင် မြန်မာနိုင်ငံသားဟာဂျီများ အခက်အခဲကြုံတွေ့ရမှုကို အကြောင်းခံ၍ နစ်နာသော မြန်မာဟာဂျီများ၊ အစ္စလာမ်ဘာသာဝင်များရဲ့ အခက်အခဲများကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထားသော အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

ဟဂ်ျခရီးစဉ်ကူညီရေးအဖွဲ့ချုပ်သည် ၂၀၁၂ ခုနှစ် ဟဂ်ျခရီးစဉ်မှ ပြန်လာသော မြန်မာဟာဂျီများ၏ အကြံပြုစစ်တမ်းကို ကောက်ခံခဲ့ရာ မြန်မာဟာဂျီများအနေဖြင့် ဟဂ်ျခရီးစဉ်သွားရာတွင် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့လိုအပ်ကြောင်း၊ အစိုးရမဲဟာဂျီနှင့် ပြင်ပကုမ္ပဏီမှသွားသည် ဟာဂျီဟူ၍ခွဲခြားမှု့ “မူ” မရှိသင့်ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဟဂ်ျမစ်ရှင် တစ်ရပ်ပေါ်ပေါက်ရေးကိုထောက်ခံကြောင်း၊ ဟဂ်ျဝန်ဆောင်မှုကုမ္ပဏီများက ၀န်ဆောင်မှုနှင့်ထိုက်တန်သော ၀န်ဆောင်မှုမပေးခြင်း၊ ဟဂ်ျခရီးသွားလုပ်ငန်းနှင့် ဗီဇာခွဲတမ်းများ လက်ဝါးကြီးအုပ်ရောင်းစားသည့်စနစ် ပပျောက်ရန်လိုကြောင်း သိရသည်။

ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ မက္ကာဟ်မြို့ရှိ မြန်မာဘုရင်မင်းတုန်းမင်းတရားကြီး လှုဒါန်းခဲ့သော ဒေါင်းဇရပ်ကြီးတွင် ဟဂ်ျမစ်ရှင်အဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံသားဟာဂျီများအားလုံးမျှတစွာ အခမဲ့တည်းခို နေထိုင်ခွင့်ရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အနာဂတ်ကာလတွင် မြန်မာနိုင်ငံဟဂ်ျခရီးသွားဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများ ပေါ်ပေါက်လာစေရေး ဆန္ဒရှိကြောင်း သိရပါသည်။

Tags: ,

Leave a Reply