6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၂၄၊ ၂၀၁၂
M-Media

unislamicကိုင်ရို။ ။အစ္စလာမ်၏ ငြိမ်းချမ်းသော သင်ကြားမှုများနှင့် ဆန့်ကျင်သည့် အသေခံဗုံးခွဲမှုများကို ရှုတ်ချရန်အတွက် ကမ္ဘာတစ်ဝှမ်းရှိ ထင်ရှားသော အစ္စလာမ့်ဓမ္မ ပညာရှင်များသည် လာမည့်လတွင် အာဖဂန်နစ္စတန်သို့ သွားရောက်မည်ဖြစ်သည်။

“ပါကစ္စတန်နဲ့၊ အာဖဂန်က အစ္စလာမ့်ဓမ္မ ပညာရှင်တွေ ကြေညာချက် ထုတ်ခဲ့တာများပါပြီ။ ဒါပေမယ့် မထိရောက်ပါဘူး။ ဒီတစ်ခါတော့ ဒီလို အသေခံ တိုက်ခိုက်တာတွေကို (အစ္စလာမ်က) တားမြစ်ထားတယ်ဆိုတာ လူထုကို ပြောပြသွားမှာပါ။ အဲဒါဟာ ပိုပြီး ထိရောက်ပါလိမ့်မယ်။” ဟု ကဘူးလ်မြို့ရှိ အစ္စလာမ့် ဓမ္မပညာရှင် တစ်ဦးဖြစ်သူ မွဖ်သီ Shamsur Rahman Firotan က The Christian Science Monitor သို့ ဒီဇင်ဘာ ၂၄ ရက် တနင်္လာနေ့က ပြောကြားခဲ့သည်။

အာရှရှိ မွတ်စလင်နိုင်ငံများတွင် တာလီဘန်တို့ ပြုလုပ်သော အသေခံ ဗုံးခွဲမှုများအား ရှုတ်ချဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာမ့်ဓမ္မ ပညာရှင်များ စုပေါင်း၍ လာမည့် ဇန်န၀ါရီ လကုန်ပိုင်းတွင် ကဘူးလ်မြို့၌ အစည်းအဝေးတစ်ခု ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။

“ဒါဟာ အီရတ်၊ ပါကစ္စတန် စတဲ့နိုင်ငံတွေမှာရှိတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေအတွက်ပါ။” ဟု Firotan က ဆိုသည်။

အမေရိကန် ဦးဆောင်သည့် နိုင်ငံခြားတပ်များကို ပစ်မှတ်ထားသည့် တာလီဘန်များ၏ ဗုံးခွဲတိုက်ခိုက်မှုများကြောင့် အရပ်သားများ သေကြေပျက်စီးမှု တိုးလာချိန်တွင် အဆိုပါ အစည်းအဝေး ပေါ်ပေါက်လာခြင်းဖြစ်သည်။

ယခုလအတွင်း အရပ်သားများသကြေပျက်စီးမှုသည် လွန်ခဲ့သော လေးလကထက် ၂၈ ရာခိုင်နှုန်း မြင့်တက်လာပြီး ယခုနှစ် နောက်ဆုံးလေးလအတွင်း တိုက်ခိုက်မှုများကြောင့် အရပ်သား ၉၆၇ ဦးသေဆုံးခဲ့ကာ ၁၅၉၀ ဒဏ်ရာရရှိခဲ့သည်ဟု ကုလသမ္မဂ္ဂ အစီရင်ခံစာတွင် ဖော်ပြထားသည်။

“လက်တွေ့ကျကျပြောရရင် မိသားစုတိုင်းဟာ အသေခံဗုံးခွဲမှုတွေ၊ IED (လက်လုပ်ဗုံး) တွေနဲ့ တိုက်ခိုက်မှုတွေကို ခံစားဖူးပါတယ်။ ဒါမျိုးတွေကို သူတို့မကြိုက်ပါဘူး။” ဟု ကဘူးလ်မြို့ရှိ United Nations Assitance Mission in Afghanistan (UNAMA) ၏ ဆက်သွယ်ရေးမဟာဗျူဟာ ဒါရိုက်တာဖြစ်သူ Massoumeh Torfeh က ဆိုသည်။

“အသက်ရှင်ဖို့ အခြားရွေးချယ်စရာလမ်းမရှိလို့ မိမိကိုယ်ကို ကာကွယ်တာကို ကုရ်အာန်က လက်ခံတယ်ဆိုတာ ရှင်းပါတယ်။ ဒါပေမယ့် ဒါဟာ အခုအခြေနေမျိုးတော့မဟုတ်ပါဘူး။” ဟု Firotan က ပြောသည်။

ယမန်နှစ်ကလည်း ဗြိတိန်အခြေစိုက် အစ္စလာမ့်ဓမ္မပညာရှင် Sheikh Tahir ul-Qadri က အဆိုပါလုပ်ရပ်များမှာ အစ္စလာမ်၏ ငြိမ်းချမ်းသော သင်ကြားမှုများကို မျက်နှာပြောင်တိုက် စော်ကားမှုအဖြစ် သူ၏ ဓမ္မသတ်တွင် ဖော်ပြခဲ့သည်။

ဓမ္မပညာရှင်များ၏ လွှမ်းမိုးမှု

အသေခံဗုံးခွဲမှုများနှင့်ပက်သက်သည့် အစ္စလာမ့်ဓမ္မပညာရှင်များ၏ ထုန်ပြန်ချက်များက မွတ်စလင်နိုင်ငံများတွင် အကြမ်းဖက်မှုများ လျှော့ချရေးကို ကူညီလိမ့်မည်ဟု အစည်းအဝေး ကျင်းပသူများက မျှော်လင့်ကြသည်။

“အာဖဂန်ဟာ ဘာသာရေးကို အခြေပြုတဲ့နိုင်ငံပါ။ ဒါကြောင့် လူများစုဟာ ဓမ္မပညာရှင်တွေပြောတာကို နားထောင်မယ်ဆိုတာ သေချာပါတယ်။ သူတို့တွေဟာ လူသားတွေဖြစ်ကြတယ်။ ပြီးတော့ သူတို့မှာ ဓမ္မပညာရှင်တွေလည်း ရှိနေပါတယ်။” ဟု Abdul Hakim Mujahid က ဆိုသည်။ သူသည် ယခင်က ကုလသမ္မဂ္ဂနှင့် ညှိနှိုင်းခဲ့သည့် တာလီဘန် သံတမန်ဟောင်းဖြစ်ပြီး၊ ယခုအခါ တာလီဘန်တို့နှင့် ဆွေးနွေးရန် အာဖဂန်စိုးရက ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးကောင်စီတွင် အဖွဲ့ဝင်တစ်ဦးဖြစ်သည်။

ဟဂ်ျကာလဖြစ်သည့် အောက်တိုဘာလတွင် ဆော်ဒီရှိ မွဖ်သီ Sheikh Abdul Aziz bin Sheikh က အသေခံဗုံးခွဲမှုများမှာ အစ္စလာမ့်သွန်သင်ချက်မဟုတ်ဟု ရှုတ်ချပြောဆိုခဲ့သည်။

“တိုက်ခိုက်မှုတွေ၊ အသေခံတိုက်ခိုက်မှုတွေ၊ အပြစ်မဲ့တွေကို သတ်ဖြတ်မှုတွေအတွက် အစ္စလာမ်မှာ နေရာမရှိပါဘူး။ ဒါတွေကို ဦးဆောင်ကျူးလွန်တဲ့ဘယ်သူမဆို ဂျဟန္နမ်(ငရဲဘုံ) ကိုသာ သွားရပါလိမ့်မယ်။” ဟု သူက ဆိုသည်။

ဆော်ဒီမွဖ်သီ၏ ဓမ္မသတ်ကို တာလီဘန်များမှ ကောင်းမွန်စွာ လက်ခံလိမ့်မည်ဟု အာဖဂန်ရှိ အစ္စလာမ့် ဓမ္မပညာရှင်များက မျှော်လင့်ကြသည်။

“တာလီဘန်တွေက ကျနော်တို့ကို ရန်သူလို့ သဘောထားကြတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ ထုတ်ပြန်ချက်တွေကို သူတို့ အလေးမထားကြဘူး။ ဒါပေမယ့် မွဖ်သီ Abdul Aziz ကိုတော့ သူတို့အပါအ၀င် တစ်ကမ္ဘာလုံးက လေးစားပါတယ်။ အဲဒါ(သူရဲ့ထုတ်ပြန်ချက်) ဟာ လွှမ်းမိုးမှုရှိပါတယ်။” ဟု Firotan က ပြောသည်။။

တာလီဘန်များကမူ ဆော်ဒီရှိ မွဖ်သီမှ ထုန်ပြန်သော ဓမ္မသတ်ကို တရားဝင်လက်ခံရရှိခြင်းမရှိသေးဟု ဆိုသည်။

ကိုးကား။ ။ http://www.onislam.net/

Leave a Reply