News @ M-Media

ကိုယ်တွေ့ပင်လုံ EBook (By ဦးဖေခင် )

ဒီဇင်ဘာ ၃၀၊ ၂၀၁၂

M-Media

ပင်လုံမျိုးစေ့ချခဲ့သူ [ဗမာမွတ်စလင်မ် အစည်းအရုံး (ဗ.မ.က)]

ကျွန်တော်သည် ၁၉၄၅-ခုနှစ်၊ ဒီဇင်ဘာလတွင် ပျဉ်းမနားမြို့၌ ကျင်းပခဲ့သော ဗမာ-မွတ်ဆလင်ကွန်ဂရက်(ဗ-မ-က)မှ ရွှေတိဂုံညီလာခံကြီးသို့ တက်ရောက်ရန် အာဇာနည်ဆရာကြီးဦးရာဇတ်၊ ဝန်ကြီးဟောင်း ဦးခင်မောင်လတ်တို့နှင့်အတူ ကိုယ်စားလှယ်အဖြစ် စေလွှတ်ခြင်းခံရသူဖြစ်ပါသည်။ ဗ-မ-ကမှာ ဖဆပလအဖွဲ့ချုပ်ကြီး ၏အလံတော်အောက်ရှိ အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

ကျွန်တော်ရောက်ရောက်ချင်းဆိုသလို ဖဆပလအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးသခင်သန်းထွန်းရှိရာ စမ်းချောင်းနေ အိမ်သို့ သွားခဲ့သည်။ ကိုသန်းထွန်းမှာ ၁၉၂၈-ခုနှစ်က တောင်ကြီးတွင် ကျွန်တော်နှင့်ကျောင်းနေဘက် သူငယ်ချင်း ဖြစ်သည်။ ကျွန်တော်ရောက်သွားသော အခါ ကိုသန်းထွန်းမှာ (မကြာမီ ၄င်းအထွေထွေအတွင်းမှူးဖြစ်မည့် ကွန်မြူနစ်ပါတီ အစည်းအဝေး ထိုင်နေဆဲဖြစ်သည်ကို တွေ့ရပါသည်။)

အစည်းအဝေးကြီးပြီး၍ ၄င်းတို့ထွက်လာကြသောအခါ သခင်သန်းထွန်းက သူ့လူတွေနှင့်ကျွန်တော့်အား မိတ်ဆက်ပေးပါသည်။ ၄င်းတို့အနက် သခင်ချစ်တစ်ဦးကိုသာ ကျွန်တော် မှတ်မိပါတော့သည်။ ကျွန်တော့်သူငယ်ချင်း သခင်သိန်းဖေ(မြင့်)မှာ ထိုအချိန်က ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးဖြစ်၍ ၄င်းကိုလည်း တွေ့ရပါသည်။

ကိုသန်းထွန်းနှင့်ကျွန်တော် အာလာပသလ္လာပစကားများပြောကြပြီးနောက် ၄င်းထံ ကျွန်တော်ရောက်လာရခြင်းမှာ “တောင်တန်းဒေသနှင့်မြန်မာပြည်မပူးပေါင်းရေးအဆို” တစ်ရပ်ကို ညီလာခံတွင် တင်သွင်းလိုသည့်ကိစ္စအတွက် ဖြစ်ကြောင်း ကျွန်တော်က ပြောပြသည်။ ကျွန်တော်က “စက္ကူဖြူစာတမ်းဟာ ကျွန်တော်တို့ပြည်မကို လွတ်လပ်ရေး မပေးမဖြစ်လို့ ပေးလိုက်ရရင်တောင်မှတောင်တန်းဒေသတွေကို ဆက်လက်စိုးမိုးခြယ်လှယ်ဖို့ အင်္ဂလိပ်နယ်ချဲ့တို့ရဲ့ခြေလှမ်းပဲဟု ပြောသည်ကို ကိုသန်းထွန်းက သူလည်း ဒီလိုပဲ ယူဆသည်ဟု ပြန်ပြောပါသည်။

ဤသို့ဖြင့် ကျွန်တော်သည် ညီလာခံကြီးတွင် တောင်တန်းဒေသများ မြန်မာပြည်မနှင့်ပူးပေါင်းရေးဟူသော ခေါင်းစဉ်ဖြင့် တစ်ရပ်ကို ညီလာခံအစီအစဉ်တွင် ထည့်သွင်းပေးရန်ပေးအပ်ခဲ့ပါသည်၊ ကျွန်တော်မှတ်မိသရွေ့ အဆိုအမှတ်စဉ်(၇)ဖြစ်ပါသည်။

Pin Lone By U Phay Kin

 

PDF Download Link

E-book is created by shanyoma

Comments

Leave a Reply